ၾကားသိရသမွ်

ယူကရိန်းရဲ့ အတုယူသင့်သော စစ်အရာရှိတွေကို အမဲလိုက်သုတ်သင်တဲ့ …

ယူကရိန်းရဲ့ အတုယူသင့်သော စစ်အရာရှိတွေကို အမဲလိုက်သုတ်သင်တဲ့ mission

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်မှာ ရုရှားထိပ်တန်းးစစ်ဗိုလ်ချုပ် ၄ဦး သေဆုံးပြီးလို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတယ်…

၎ယောက်မြောက် ရုရှားစစ်ဗိုလ်ချုပ်အိုလက်မစ်ယိဗ်ဖြစ်ပြီး ယူကရိန်းအရှေ့တောင်ပိုင်း မာရီယူပိုလ်းမြို့နားမှာ သေဆုံးသွားခဲ့တယ်…

ယူကရိန်းစစ်ဆင်ရေးကို ဦးဆောင်နေတဲ့စစ်ဗိုလ်ချုပ်အယောက်၂၀ရှိပြီး သတင်းမှန်ကန်တယ်ဆိုရင် ၅ပုံ ၁ပုံ ကျဆုံးသွားတယ်လို့ ယူဆရမယ်…

မတော်တဆ ကျဆုံးတယ်ဆိုတာထက် အင်အားနည်းတဲ့ ယူကရိန်းစစ်တပ်က စစ်အရာရှိတွေကို ပစ်မှတ်ထားတာမျိုးက

သတင်းအချက်အလက်စစ်ပွဲမှာ အရေးပါတဲ့ Missonတစ်ရပ်ပဲ…

ရှေ့တန်းးစစ်မြေပြင်နဲ့ နီးနီးကပ်ကပ်အန္တရာယ်များတဲ့နေရာာမှာ စစ်တပ်ထိပ်တန်း ခေါင်းဆောင်တွေ နေရာာယူရတာ ပုံမှန်မဟုတ်ပါဘူး…

ဆိုးဆိုးဝါးဝါးတန့်ေ့်နေတဲ့ စစ်ဆင်ရေးနေရာာမျိုးတွေသာ ထိပ်တန်းးစစ်ခေါင်းဆောင်တွေကို

နေရာာချပြီး အခြေအနေထိန်းချုပ်ဖို့ လုပ်ကြတာလို့ အနောက်တိုင်းကာကွယ်ရေးသတင်းရင်းမြစ်ေ်တွေက ဆိုတယ်…

ခုချိန်ထိ ကိဗက်ကို မသိမ်းနိုင်သေးပဲ တပ်တွေအီနေတာ အိုင်နေတာ ထောက်ပို့တပ်တွေ အရှေ့အနောက်ချိတ်ဆက်မှုပြတ်နေတာကြောင့် ရုရှားက

သည်စ်စ်ရေးအကြပ်အတည်းကြား ညှပ်မိနေပြီး စစ်ဗိုလ်ချုပ်တွေပါတဖြုတ်ဖြုတ်သေဆုံးနေတယ်….

ယူကရိန်းငါးစာအပေါ် KBSရဲ့ ထောက်လှမ်းရေးအမှာှးားကို ယုံကြည်မိတဲ့ Putin ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းတုတ်ဖြစ်ပြီးတရုတ်နိုင်ငံကို

စစ်ရေးအကူအညီနဲ့ စားနပ်ရိက္ခာ ထောက်ပံ့ပေးဖို့ အကူအညီတောင်းနေတယ်…USက ရုရှားကို ကူညီတဲ့နိုင်ငံမှန်သမျှကို Sanctions လုပ်မယ်လို့ ဗြောင်ဖွင့်ပြောထားတယ်….

US သမ္မ္မတ Joe Bidenကတော့ ရုရှားသမ္မ္မတPutinကို စစ်ရာဇဝတ်ခေါင်းဆောင်လို့ပြင်းပြင်းထန်ထန် သုံးနှုန်းထားတယ်…

အနိုင်ဖဲကဒ်ကို ကိုင်ထားတဲ့ Bidenကတော့ Putinကို ဆိုက်ဘေးရီးယားမှာ အကျဉ်းစံခိုင်းမယ့်ပုံပဲ…

ဇယ်လင်စကီးးရဲ့နောက်မှာ လုံခြုံရေး၊ ထောက်လှမ်းရေး နည်းပညာ စစ်ရေးအကူအညီ သွယ်ဝိုက်ကူညီပေးနေတဲ့ USကြောင့် Putin

အခြေအနေဟာ တဖြည်းဖြည်းဆိုးဝါးလာပြီးပြန်လမ်းမဲ့မြစ်(River of no return) ဖြစ်တော့မှာ ကျိန်းသေနေတယ်…

Putin အားထားရတဲ့ စစ်ဗိုလ်ချုပ်တွေ တဖြုတ်ဖြုတ် ကြွေနေပြီး တဇောက်ကန်းသမား Putinဟာ

စစ်ဗိုလ်ချုပ်၈ဦးကို အနားပေးခဲ့ပြီး သည်စစ်ကနေ ရုန်းထွက်ဖို့ မလွယ်တော့ဘူး…

ယူကရိန်းနဲ့ စစ်ပြေငြိမ်းဖို့ ဂျာမနီ ပြင်သစ်ခေါင်းဆောင်တွေ Putinနဲ့ဆွေးနွေးပေမယ့်ယူကရိန်းဘက်က စစ်လျော်ကြေးတနင့်တပိုးနဲ့

ရုရှားစီးပွားရေးကပ်ဆိုက်တာကို ဘယ်လိုမှဖြေရှင်းနိုင်မယ့် နည်းလမ်းမရှိတော့ဘူး…

တာဝန်ခံရမှာက Putinနဲ့ လက်အောက်ခံတွေ…. အခုဆိုရင် ရုရှားOligarchsတွေဘဝပျက်နေပြီး…

ရုရှားထိပ်တန်းစစ်ဗိုလ်ချုပ်တွေလည်း သေသူသေ ပြေးမယ့်အပေါက် ချောင်းသူချောင်းနဲ့ တပ်ပျက်ဖို့တာဆူနေပြီး…

ယူကရိန်းမစ်ရှင်က ရုပ်လုံးပိုကြွလာတယ်…ရုရှားစစ်ဗိုလ်ချုပ်တွေလည်း စစ်မြေပြင်မှာကြီးကြပ်ကွပ်ကဲပေမယ့်

နောက်တန်းးအဆက်အဟလိုနေရာာမျိုး၊ ထောက်ပို့တပ်လိုနေရာာမျိုးမှာစစ်ဆေးရင်း ပစ်သတ်ခံနေရတယ်..

မတ်လ၃ရက်နေ့မှာ ဗိုလ်ချုပ်အင်ဒရေ ဆက်ကော့စကီးဟာ စနိုက်ပါလက်ဖြောင့်သမားလက်ချက်နဲ့ ပွဲဦးထွက်ကျဆုံးတယ်…တပ်ပေါင်းစု တပ်မ၄၁က တပ်မှူးဗိုလ်ချုပ်ဂရာဆီမော့ဗ်က

မတ်လ၇ရက်နေ့ နိုင်ငံအရှေ့ပိုင်းခါကိဗ်မြို့ပြင်ဘက်မှာ သေဆုံးတယ်… သည်အချက်နဲ့ ပတ်သတ်လို့ရုရှားက ငြင်းချက်ထုတ်ပေမယ့်

ရုရှားကအရာရှိကြီးတွေ ပြောတဲ့အသံဖိုင်ကို ယူကရိန်းဘက်က ဖောက်ချခဲ့လို့ ရုရှားအရှက်ကွဲရတယ်…

ဗိုလ်ချုပ်ဂရာဆီမော့ဗ်က ၁၉၉၉ ဒုတိယချေချင်းညာစစ်ပွဲ၊ ဆီးရီးယားက ရုရှားစစ်ဆင်ရေးနှင့် ၂၀၁၄ ခရိုင်းမီးယားကိုဝင်သိမ်းတဲ့ စစ်

ဆင်ရေးမှာ ပါဝင်ခဲ့သူဖြစ်သည်…တပ်ပေါင်းစု တပ်မ၂၉က ဗိုလ်ချုပ်အင်ဒရေကိုလီယက်စ်နီကော့ဗ်က မတ်လ၁၁ရက်နေ့မှာ သုတ်သင်ခံလိုက်ရတယ်…

ရုရှားစစ်ဆင်ရေးမှာ ယူကရိန်းတပ်ရဲ့စစ်အရာရှိတွေကို Missionထား သုတ်သင်မှုတွေက ယူကရိန်းပြည်သူလူထုကိုစိတ်ဓာတ်တက်ကြွစေသလို ရုရှားရဲ့ခေါင်းပိုင်းကို ထိုးနှက်တဲ့အတွက်

စိတ်ဓာတ်စစ်ဆင်ရေးတစ်ရပ်ဖြစ်လာခဲ့ပြီး ရုရှားထိုးစစ်ကိုရပ်တန့်ရုံမက ဝါဒဖြန့်ချီဖို့အတွက် အကောင်းဆုံးလက်နက်ဖြစ်ခဲ့တယ်…

စစ်ဗိုလ်ချုပ်တွေအနေနဲ့ ရှေ့တန်းစစ်မြေပြင်မှာ မဟုတ်ပဲ နောက်တန်း အဆက်အဟလိုနေရာာမျိုးမှာ၊ ထောက်ပို့တပ်လို စစ်ဆေးတဲ့

အချိန်မှာသာ ကြီးကြပ်ကွပ်ကဲနေရင်းသုတ်သင်ခံလိုက်ရတယ်….

အဓိက ယူကရိန်းရဲ့ စစ်အရာရှိတွေကိုMissionထားပြီး အမဲလိုက်သုတ်သင်တာကြောင့်

ရုရှားတပ်ဟာ အချိတ်အဆက်တွေပျက်ပြီး ကိဗ်မြို့တော် ထိုးစစ်ပါ ရပ်တန့်ေ့်နေတယ်…

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မိခြင်းသည်Putinအတွက် ကိုယ့်ထောင်ချောက်

ကိုယ်ပြန်ဝင်မိခြင်း သို့မဟုတ် နေဝင်ချိန်(Sunset)ဖြစ်သွားတယ်ဆိုတာ သုံးသပ်မိကြောင်းပါ…

crd