သတိထားမစစ်ဆေးပါက အသက်အန္တရာယ်ပါဖြစ်လာနိုင်တဲ့ ကားဒူးဆစ်
မော်တော်ကားတစ်စီးကိုအောက်ပိုင်းစစ်ဆေးပေးတဲ့အခါမှာမေ့နေတတ်တဲ့အရာတစ်ခုက CV Joint လို့ခေါ်တဲ့ဒူးဆစ်ကိုစစ်ဆေးပေးဖို့ပါပဲ။
ဘာဖြစ်လို့သတိထားစစ်ဆေးရမလဲဆိုတော့CV Joint ဆိုတာဘာလဲ….? ဘာလုပ်ပေးတာလဲ?
ရှေ့ယက်ကားတွေ (Front Wheel Drived car)နဲ့ ဖိုးဝီးကား Four Wheel car)တွေမှာမဖြစ်မနေသုံးရတဲ့ပစ္စည်းပါ။အချို့သောနောက်ယက်ကားဖြစ်တဲ့Crown၊Mark II စတဲ့(Rear Wheel Drived car)တွေမှာလဲသုံးတတ်ပါတယ်။
CV ဆိုတာ Constant Velocity ရဲ့အတိုကောက်လေးပါ။ကားတစ်စီးရွေ့လျားဖို့ဆိုရင်အင်ဂျင်လည်ရပါမယ်။နောက်ဂီယာတစ်ခုခုရှိရပါမယ်။အဲဒီဂီယာနဲ့ချိတ်ဆက်ပြီးကားဘီးတွေကိုလည်ပေးလိုက်မှ ကားကသွားလာလို့ရပါမယ်။
Transaxle လို့ခေါ်တဲ့ဂီယာဘောက်ကနေလည်ပေးလိုက်တဲ့အတိုင်း ကားရဲ့ ဘီးတွေကလိုက်ပြီးလည်ပတ်ရပါတယ်။ဘီးဟာအတည့်ဖြစ်ဖြစ်၊ကွေ့နေလို့ပဲဖြစ်ဖြစ်၊ဘီးကချိုင့်ထဲကျသွားလို့ပဲဖြစ်ဖြစ်၊ဘီးကကမူပေါ်မှာရောက်နေလို့ပဲဖြစ်ဖြစ်Transaxle ရဲ့လည်နှုန်းအတိုင်းလိုက်ပြီးလည်ပေးရပါမယ်။
(ဒါကြောင့်Constant Velocityလို့ခေါ်တာပါ။)ဒါတွေရဲ့ အလုပ်ကို CV axle လို့ခေါ်တဲ့ဒူးဆစ်ရှပ်တန်းကြီးကလုပ်ဆောင်ပေးပါတယ်။ဒူးဆစ်ရှပ်တန်းမှာ အတွင်းဒူးဆစ် (Inner CV Joint) နဲ့ အပြင်ဒူးဆစ် (Outer CV Joint) ဆိုပြီးဒူးဆစ်(၂)ခုရှိပါတယ်။(ပုံမှာကြည့်ပါ)
ဒူးဆစ်တွေမှာ အမဲဆီအပြည့်နဲ့ဘောလေးတွေပါပါတယ်။အဲဒီဘောလေးတွေကမြောင်းတွေထဲမှာအထိုင်ကျနေပြီးလိုသလိုအထက်အောက်ဘေးဘယ်ညာကစားလို့ရပါတယ်။ အဲဒီဘောလေးတွေက CV Joint ရဲ့အရေးပါဆုံးပါပဲဗျာ။
CV Joint မကောင်းရင် ဘာတွေဖြစ်နိုင်သလဲ… ?
ကားက ဂီယာထိုးပေမဲ့ မရွေ့တော့ပါဘူး။ကားရမ်းခါနေတာတွေ ဖြစ်နိုင်ပါတယ်။ ဒီထက်ပိုဆိုးတာက ဒူးဆစ်ပြုတ်ထွက်သွားပြီး ကားဘီး အပြင်ကိုကားထွက်သွားတာ၊အတွင်းကိုဝင်သွားတာတွေဖြစ်နိုင်ပါတယ်။အရှိန်နဲ့သွားလာနေတဲ့အခါမှာတကယ်ကိုအန္တရာယ်များပါတယ်။
ဒီလိုတွေဖြစ်နေရင်တော့ CV Joint (ဒူးဆစ်)ကို စစ်ဆေးပြီးလဲလှယ်ဖို့လိုအပ်ရင်လဲရပါမယ်။ဒူးဆစ်သဲကာတွေပေါက်ပြဲနေရင်(သို့)ဒူးဆစ်အမဲဆီတွေအပြင်ကိုထွက်နေရင်(ဒူးဆစ်ကို ပျက်ဆီးစေတဲ့ အဓိကအကြောင်းရင်းပါ)
စီယာရင်အဆုံးထိကွေ့ပြီး လီဗာနင်းလိုက်ရင်တောက်တောက် ဆိုပြီး အသံထွက်နေရင်(ဒါက first step ပါ)စီယာရင်ကို အတည့်တိုင်းထားပြီး သွားရင်လည်း ရမ်းခါပြီး တောက်တောက်ဆိုပြီး အသံထွက်ပါမယ်။ဒီအဆင့်ဆိုရင်တော့ တအားကိုအန္တရာယ်များသွားပါပြီ..
အချိန်မဆိုင်းဘဲ ဒူးဆစ်ကို လဲရပါမယ်။အကယ်၍သာ သဲကာပေါက်ပြဲနေတာတို့ အမဲဆီတွေ အပြင်ကို ထွက်နေတာတို့ပဲ ဖြစ်နေသေးရင်တော့ သဲကာလဲပြီး ဒူးဆစ် အမဲဆီကို အသစ်ထည့်ပေးရပါမယ်။
ဒီနေရာမှာဒူးဆစ်(CV Joint)အတွက်အမဲဆီက Extreme Pressure Moly ပါတဲ့အမဲဆီကိုသုံးစွဲရမှာဖြစ်ပါတယ်။ ဘောတွေမကောင်းတော့ဘူးဆိုရင်တော့ ယာဉ်အန္တရာယ်ကင်းစေဖို့ ဒူးဆစ်ကိုလဲလှယ်ရမှာဖြစ်ပါတယ်။
ဒါကြောင့် အောက်ပိုင်းစစ်ဆေးရင် CV Joint လို့ခေါ်တဲ့ ဒူးဆစ်ကိုလည်း သတိထားစစ်ဆေးဖို့ ဆန္ဒပြုတိုက်တွန်းရင်း…
Credit
zawgyi
သတိထားမစစ္ေဆးပါက အသက္အႏၲရာယ္ပါျဖစ္လာႏိုင္တဲ့ ကားဒူးဆစ္
ေမာ္ေတာ္ကားတစ္စီးကိုေအာက္ပိုင္းစစ္ေဆးေပးတဲ့အခါမွာေမ့ေနတတ္တဲ့အရာတစ္ခုက CV Joint လို႔ေခၚတဲ့ဒူးဆစ္ကိုစစ္ေဆးေပးဖို႔ပါပဲ။
ဘာျဖစ္လို႔သတိထားစစ္ေဆးရမလဲဆိုေတာ့CV Joint ဆိုတာဘာလဲ….? ဘာလုပ္ေပးတာလဲ?
ေရွ႕ယက္ကားေတြ (Front Wheel Drived car)နဲ႔ ဖိုးဝီးကား Four Wheel car)ေတြမွာမျဖစ္မေနသုံးရတဲ့ပစၥည္းပါ။အခ်ိဳ႕ေသာေနာက္ယက္ကားျဖစ္တဲ့Crown၊Mark II စတဲ့(Rear Wheel Drived car)ေတြမွာလဲသုံးတတ္ပါတယ္။
CV ဆိုတာ Constant Velocity ရဲ႕အတိုေကာက္ေလးပါ။ကားတစ္စီးေ႐ြ႕လ်ားဖို႔ဆိုရင္အင္ဂ်င္လည္ရပါမယ္။ေနာက္ဂီယာတစ္ခုခုရွိရပါမယ္။အဲဒီဂီယာနဲ႔ခ်ိတ္ဆက္ၿပီးကားဘီးေတြကိုလည္ေပးလိုက္မွ ကားကသြားလာလို႔ရပါမယ္။
Transaxle လို႔ေခၚတဲ့ဂီယာေဘာက္ကေနလည္ေပးလိုက္တဲ့အတိုင္း ကားရဲ႕ ဘီးေတြကလိုက္ၿပီးလည္ပတ္ရပါတယ္။ဘီးဟာအတည့္ျဖစ္ျဖစ္၊ေကြ႕ေနလို႔ပဲျဖစ္ျဖစ္၊ဘီးကခ်ိဳင့္ထဲက်သြားလို႔ပဲျဖစ္ျဖစ္၊ဘီးကကမူေပၚမွာေရာက္ေနလို႔ပဲျဖစ္ျဖစ္Transaxle ရဲ႕လည္ႏႈန္းအတိုင္းလိုက္ၿပီးလည္ေပးရပါမယ္။
(ဒါေၾကာင့္Constant Velocityလို႔ေခၚတာပါ။)ဒါေတြရဲ႕ အလုပ္ကို CV axle လို႔ေခၚတဲ့ဒူးဆစ္ရွပ္တန္းႀကီးကလုပ္ေဆာင္ေပးပါတယ္။ဒူးဆစ္ရွပ္တန္းမွာ အတြင္းဒူးဆစ္ (Inner CV Joint) နဲ႔ အျပင္ဒူးဆစ္ (Outer CV Joint) ဆိုၿပီးဒူးဆစ္(၂)ခုရွိပါတယ္။(ပုံမွာၾကည့္ပါ)
ဒူးဆစ္ေတြမွာ အမဲဆီအျပည့္နဲ႔ေဘာေလးေတြပါပါတယ္။အဲဒီေဘာေလးေတြကေျမာင္းေတြထဲမွာအထိုင္က်ေနၿပီးလိုသလိုအထက္ေအာက္ေဘးဘယ္ညာကစားလို႔ရပါတယ္။ အဲဒီေဘာေလးေတြက CV Joint ရဲ႕အေရးပါဆုံးပါပဲဗ်ာ။
CV Joint မေကာင္းရင္ ဘာေတြျဖစ္ႏိုင္သလဲ… ?
ကားက ဂီယာထိုးေပမဲ့ မေ႐ြ႕ေတာ့ပါဘူး။ကားရမ္းခါေနတာေတြ ျဖစ္ႏိုင္ပါတယ္။ ဒီထက္ပိုဆိုးတာက ဒူးဆစ္ျပဳတ္ထြက္သြားၿပီး ကားဘီး အျပင္ကိုကားထြက္သြားတာ၊အတြင္းကိုဝင္သြားတာေတြျဖစ္ႏိုင္ပါတယ္။အရွိန္နဲ႔သြားလာေနတဲ့အခါမွာတကယ္ကိုအႏၲရာယ္မ်ားပါတယ္။
ဒီလိုေတြျဖစ္ေနရင္ေတာ့ CV Joint (ဒူးဆစ္)ကို စစ္ေဆးၿပီးလဲလွယ္ဖို႔လိုအပ္ရင္လဲရပါမယ္။ဒူးဆစ္သဲကာေတြေပါက္ၿပဲေနရင္(သို႔)ဒူးဆစ္အမဲဆီေတြအျပင္ကိုထြက္ေနရင္(ဒူးဆစ္ကို ပ်က္ဆီးေစတဲ့ အဓိကအေၾကာင္းရင္းပါ)
စီယာရင္အဆုံးထိေကြ႕ၿပီး လီဗာနင္းလိုက္ရင္ေတာက္ေတာက္ ဆိုၿပီး အသံထြက္ေနရင္(ဒါက first step ပါ)စီယာရင္ကို အတည့္တိုင္းထားၿပီး သြားရင္လည္း ရမ္းခါၿပီး ေတာက္ေတာက္ဆိုၿပီး အသံထြက္ပါမယ္။ဒီအဆင့္ဆိုရင္ေတာ့ တအားကိုအႏၲရာယ္မ်ားသြားပါၿပီ..
အခ်ိန္မဆိုင္းဘဲ ဒူးဆစ္ကို လဲရပါမယ္။အကယ္၍သာ သဲကာေပါက္ၿပဲေနတာတို႔ အမဲဆီေတြ အျပင္ကို ထြက္ေနတာတို႔ပဲ ျဖစ္ေနေသးရင္ေတာ့ သဲကာလဲၿပီး ဒူးဆစ္ အမဲဆီကို အသစ္ထည့္ေပးရပါမယ္။
ဒီေနရာမွာဒူးဆစ္(CV Joint)အတြက္အမဲဆီက Extreme Pressure Moly ပါတဲ့အမဲဆီကိုသုံးစြဲရမွာျဖစ္ပါတယ္။ ေဘာေတြမေကာင္းေတာ့ဘူးဆိုရင္ေတာ့ ယာဥ္အႏၲရာယ္ကင္းေစဖို႔ ဒူးဆစ္ကိုလဲလွယ္ရမွာျဖစ္ပါတယ္။
ဒါေၾကာင့္ ေအာက္ပိုင္းစစ္ေဆးရင္ CV Joint လို႔ေခၚတဲ့ ဒူးဆစ္ကိုလည္း သတိထားစစ္ေဆးဖို႔ ဆႏၵျပဳတိုက္တြန္းရင္း…
Credit



