ၾကားသိရသမွ်

ကွယ်လွန်သွားသူ ထိုင်းမင်းသမီး တန်မိုရဲ့ အမှုကို ပြန်လည် စုံစမ်း စစ်ဆေးသွားမည် ဟုဆို

ကွယ်လွန်သွားသူ ထိုင်းမင်းသမီး တန်မိုရဲ့ အမှုကို ပြန်လည် စုံစမ်း စစ်ဆေးသွားမည် ဟုဆို

စက်လှေပေါ်ကနေ ပြုတ်ကျသေဆုံးသွားရတဲ့ ထိုင်းမင်းသမီး တန်မို ရဲ့ မိခင်မှ အသနားခံစာတင်ခဲ့တာကြောင့် ဘဲ ထိုင်းနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထက်လွှတ်တော် ဥက္ကဌ မစ္စတာဆမ်ချိုင်းမှ တန်မိုသေဆုံးမှုအား အနီးကပ်စောင့်ကြည့်ကာ ရဲတပ်ဖွဲ့ကိုမှာကြားထားတဲ့ အကြောင်း ကို တနင်္လာနေ့တုန်းက ပြောကြားခဲ့ပါတယ် နော် ။ပြန်လည်စုံစမ်းစစ်ဆေးမှုမှာ ကဏ္ဍများစွာကို ပြန်လည် ဆန်းစစ် စစ်ဆေးသွားမယ်လို့ သိရပြီး

တော့ ပြန်လည်စစ်ဆေးမယ့် အထဲမှာ တန်မိုရဲ့ ဝင်စားဆင်ယင်မှုပုံစံနဲ့ သွေးနမူနာပုံစံများပါ ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ် နော် ။ သက်သေအထောက်အထားများကို စုံစမ်းစစ်ဆေးရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့ပါ ရဲတပ်ဖွဲ့ကိုတောင်းဆိုထားတယ်လို့ သိရပါတယ် နော် ။ပြန်လည်စုံစမ်းစစ်ဆေးဖို့အတွက် အချက်အလတ်အသစ်များ ထပ်ထည့်သွားမှာ မဟုတ်ပေမယ့် ရှိပြီးသား အစည်းအဝေး အကျဉ်းချုပ်များ ၊ အလောင်းစစ်ဆေးခြင်းရ

လဒ်များနဲ့ စီစီတီဗီမှတ်တမ်းများကို ထည့်သွင်းစဉ်းစားသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ စုံစမ်းရေးမှူးများက မတော်တဆ ဖြစ်ချိန်မှာ လှေပေါ်မှာ ရှိနေတဲ့ လူ ၅ ဦးရဲ့ ထွက်ဆိုချက်တွေကို ရယူခဲ့ပေမယ့် ထွက်ဆိုချက်များက တစ်ခုနဲ့ တစ်ခု ကွဲလွဲနေတယ်လို့ ပြောပါတယ်။ ဒါကြောင့် လှေပေါ်ပါ လူ ၅ ယောက်ရဲ့ ပြောကြားချက်တွေက လုပ်ကြံ ဖန်တီးထားခြင်းဖြစ်တယ်လို့ ယုံကြည်ကြောင်း မစ္စတာဆမ်ချိုင်းက ပြောကြားခဲ့ပါတယ်။သီးခြားအနေဖြင့်

အမှုမှန်ပေါ်ပေါက်ရေးအတွက် မင်းသမီးအလောင်းကို ပြန်လည်စစ်ဆေးဖို့ မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို မတ်လ ၁၆ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပါတယ်။ ရှေ့နေ Kritsana Sriboonpimsuay ကTangmo ရဲ့ မိခင်ကိုယ်စား ဗဟိုမှုခင်းဆေးပညာကို ပြန်လည်စစ်ဆေးရန်အတွက် တောင်းဆိုခဲ့ပြီးနောက်မှာ အခုလိုမျိုး အသေးစိတ် ပြန်လည် စစ်ဆေးမှုတွေ စတင်လာတာဖြစ်ပါတယ်။တန်မိုရဲ့

ရင်ဘတ်မှာတွေ့ရတဲ့ မီးလောင်ဒဏ်ရာ၊ သွား နှင့် ဦးခေါင်း အခြေအနေနှင့် ပေါင်တွင် ရရှိထားတဲ့ ဒဏ်ရာနက်များနှင့် ပတ်သက်၍ မေးခွန်းများ ရှင်းရန် လိုအပ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ အထက်လွှတ်တော် ဥက္ကဌ မစ္စတာဆမ်ချိုင်း က ပြောပါတယ်။ အမှုမှန်က ဘယ်လိုမျိုး ဖြစ်လာမလဲဆိုတာ သိရဖို့ ဆက်လက်ပြီးစောင့်ကြည့်သွားရမှာဖြစ်ပါတယ် နော် credit

ကြယ္လြန္သြားသူ ထိုင္းမင္းသမီး တန္မိုရဲ႕ အမႈကို ျပန္လည္ စုံစမ္း စစ္ေဆးသြားမည္ ဟုဆို

စက္ေလွေပၚကေန ျပဳတ္က်ေသဆုံးသြားရတဲ့ ထိုင္းမင္းသမီး တန္မို ရဲ႕ မိခင္မွ အသနားခံစာတင္ခဲ့တာေၾကာင့္ ဘဲ ထိုင္းႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ အထက္လႊတ္ေတာ္ ဥကၠဌ မစၥတာဆမ္ခ်ိဳင္းမွ တန္မိုေသဆုံးမႈအား အနီးကပ္ေစာင့္ၾကည့္ကာ ရဲတပ္ဖြဲ႕ကိုမွာၾကားထားတဲ့ အေၾကာင္း ကို တနလၤာေန႔တုန္းက ေျပာၾကားခဲ့ပါတယ္ ေနာ္ ။ျပန္လည္စုံစမ္းစစ္ေဆးမႈမွာ က႑မ်ားစြာကို ျပန္လည္ ဆန္းစစ္ စစ္ေဆးသြားမယ္လို႔ သိရၿပီး

ေတာ့ ျပန္လည္စစ္ေဆးမယ့္ အထဲမွာ တန္မိုရဲ႕ ဝင္စားဆင္ယင္မႈပုံစံနဲ႔ ေသြးနမူနာပုံစံမ်ားပါ ပါဝင္သြားမွာျဖစ္တယ္လို႔ သိရပါတယ္ ေနာ္ ။ သက္ေသအေထာက္အထားမ်ားကို စုံစမ္းစစ္ေဆးရာမွာ ပြင့္လင္းျမင္သာမႈရွိဖို႔ပါ ရဲတပ္ဖြဲ႕ကိုေတာင္းဆိုထားတယ္လို႔ သိရပါတယ္ ေနာ္ ။ျပန္လည္စုံစမ္းစစ္ေဆးဖို႔အတြက္ အခ်က္အလတ္အသစ္မ်ား ထပ္ထည့္သြားမွာ မဟုတ္ေပမယ့္ ရွိၿပီးသား အစည္းအေဝး အက်ဥ္းခ်ဳပ္မ်ား ၊ အေလာင္းစစ္ေဆးျခင္းရ

လဒ္မ်ားနဲ႔ စီစီတီဗီမွတ္တမ္းမ်ားကို ထည့္သြင္းစဥ္းစားသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။ စုံစမ္းေရးမႉးမ်ားက မေတာ္တဆ ျဖစ္ခ်ိန္မွာ ေလွေပၚမွာ ရွိေနတဲ့ လူ ၅ ဦးရဲ႕ ထြက္ဆိုခ်က္ေတြကို ရယူခဲ့ေပမယ့္ ထြက္ဆိုခ်က္မ်ားက တစ္ခုနဲ႔ တစ္ခု ကြဲလြဲေနတယ္လို႔ ေျပာပါတယ္။ ဒါေၾကာင့္ ေလွေပၚပါ လူ ၅ ေယာက္ရဲ႕ ေျပာၾကားခ်က္ေတြက လုပ္ႀကံ ဖန္တီးထားျခင္းျဖစ္တယ္လို႔ ယုံၾကည္ေၾကာင္း မစၥတာဆမ္ခ်ိဳင္းက ေျပာၾကားခဲ့ပါတယ္။သီးျခားအေနျဖင့္

အမႈမွန္ေပၚေပါက္ေရးအတြက္ မင္းသမီးအေလာင္းကို ျပန္လည္စစ္ေဆးဖို႔ မႈခင္းေဆးပညာဆိုင္ရာ ကြၽမ္းက်င္သူအဖြဲ႕တစ္ဖြဲ႕ကို မတ္လ ၁၆ ရက္ေန႔က စတင္ဖြဲ႕စည္းခဲ့ပါတယ္။ ေရွ႕ေန Kritsana Sriboonpimsuay ကTangmo ရဲ႕ မိခင္ကိုယ္စား ဗဟိုမႈခင္းေဆးပညာကို ျပန္လည္စစ္ေဆးရန္အတြက္ ေတာင္းဆိုခဲ့ၿပီးေနာက္မွာ အခုလိုမ်ိဳး အေသးစိတ္ ျပန္လည္ စစ္ေဆးမႈေတြ စတင္လာတာျဖစ္ပါတယ္။တန္မိုရဲ႕

ရင္ဘတ္မွာေတြ႕ရတဲ့ မီးေလာင္ဒဏ္ရာ၊ သြား ႏွင့္ ဦးေခါင္း အေျခအေနႏွင့္ ေပါင္တြင္ ရရွိထားတဲ့ ဒဏ္ရာနက္မ်ားႏွင့္ ပတ္သက္၍ ေမးခြန္းမ်ား ရွင္းရန္ လိုအပ္ေၾကာင္း လူ႔အခြင့္အေရးဆိုင္ရာ အထက္လႊတ္ေတာ္ ဥကၠဌ မစၥတာဆမ္ခ်ိဳင္း က ေျပာပါတယ္။ အမႈမွန္က ဘယ္လိုမ်ိဳး ျဖစ္လာမလဲဆိုတာ သိရဖို႔ ဆက္လက္ၿပီးေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္ ေနာ္ credit