ၾကားသိရသမွ်

ကောင်းရာဘုံဘဝကို ရောက်ပါစေ ကောင်မလေးရေ…..

What is True Love(အချစ်စစ်ဆိုတာဘာလဲ)

ကောင်းရာဘုံဘဝကို ရောက်ပါစေ ကောင်မလေးရေ

နောက်ဆုံးအချိန်ထိ ထားမသွားဘဲ အနားမှာ အေးအတူပူအမျှ ရှိပေးခဲ့တဲ့ အကို့ကိုလဲ လေးစားပါတယ် ❣

မင်းတို့ကိုမြင်ရတော့…ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ take me away ဆိုတဲ့ ဂျပန်ရုပ်ရှင်ကားလေးကို မဆီမဆိုင် ပြန်မြင်ယောင်မိတယ်… ဆုတောင်းပေးနေမယ်နော်… ငါတို့တွေက လောကဧည့်သည်တွေပါ… ချစ်ခွင့်ရလိုက်တာက…

ဘဝရဲ့ခရီးသည်

Story.

သူကနယ်ကနေ ရန်ကုနှ်မှာ ရုံးအိပ်ရုံးစား အလုပ်သင် လာလုပ်နေတာ။

ကိုဗစ်ကာလဖြစ်နေတော့ သူ့ရုံးက အပြင်သိပ်မလွှတ်ဘူး ဒါပေမယ့် ခိုးခိုးသွားတွေ့တာပေါ့။ ကျွန်တော်အလုပ်ပြီးတာနဲ့ သူသတင်းယူနေတဲ့နေရာ ဘေးကနေလိုက်တယ်။

storyပုံစံဆိုတော့ ငါးဈေးထဲမှာ တစ်ပတ်လောက်ရိုက်ရတယ်။ အလုပ်အားတာနဲ့သူ့ဆီပြေးတာပဲဆိုတော့ ငါးဈေးမှာပဲတနေကုန် ချိန်းတွေ့ဖြစ်နေသလိုမျိုး။ နောက်ပိုင်းသူ့ကို ကျွန်တော်စတယ် မင်္ဂလာဆောင်ရင် ငါးဈေးမှာပဲဆောင်မှာနော်လို့။

အလုပ်ကိစ္စအပြင်အလည်အပတ်ပုံစံ သူ့ရွာကိုလိုက်သွားတယ်။

ဓာတ်ပုံသတင်းထောက်လုပ်ရတာ လစာကောအခွင့်ရေးတွေကောနည်းလို့ ကျွန်တော်ဌာနတခုပြောင်းခဲ့တယ်။ အလုပ်သင်ဆင်းခဲ့တဲ့ဌာန တခုမှာ ရုပ်သံသတင်းထောက်ဝင်လုပ်တယ်။

ကျွန်တော်ဓာတ်ပုံရိုက်ရတာ ဝါသနာပါမှန်းသိတော့ ရုပ်သံသတင်းကော သတင်းဓာတ်ပုံပါ လုပ်ခွင့်ရတယ်။ လစာအပြင် စာမူခလေးတွေခံစားခွင့်လည်းရှိတော့ တော်တော်အဆင်ပြေတဲ့ကာလ လို့ပြောရမယ်။

အရင်နေခဲ့တဲ့မြို့နယ်ကနေ ကျွန်တော့်အမေ အလုပ်လုပ်တဲ့ ရုံးဝင်းထဲပြောင်းနေကြတယ်။ ကိုဗစ်ကာလ သတင်းထောက်တစ်ယောက် အပြင်ထွက်သတင်းယူတာ မဆန်းပေမယ့် ဝင်းထဲလူများတဲ့အတွက် အသံတွေထွက်လာတယ်။ ဒီလောကမှာ ကိုယ်မှန်ရင် အချက်လက်နဲ့ အထက်လူကြီးကိုတောင် ပြန်ပြောလို့ရတယ် respectရှိရှိပေါ့။

လွတ်လပ်တာကိုကြိုက်လို့ ရွေးချယ်ထားတဲ့အလုပ်ကို ချုပ်ချယ်သလိုခံစားလာရတော့ ကောင်မလေးနဲ့တိုင်ပင်ခဲ့တယ်။ သူလည်းသူ့ကိစ္စအချို့ ရှိတော့ ကျွန်တော်တို့စပ်တူ တိုက်ခန်းငှားနေကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အကုန်ကျသက်သာတာလေးတွေရှာရင်း လင်မယား၂ယောက်ငှားနေတဲ့ တိုက်ခန်းမှာစပ်တူနေဖို့ဖြစ်လာတယ်။

ဘီယာဆိုင်ထိုင် ကျွန်တော်က ဘီယာသောက် သူကအမြည်းစားပေါ့။ သူနဲ့ထိုင်ရင် ၂ခွက် ၃ခွက်‌ဆိုတော်တော်များနေပြီဆိုပြီး အဲ့လောက်ပဲသောက်ရတယ်။ တခါတလေတော့ဘူတာပေါ့။

မနက်ဆို သူကရုံးသွား ကျွန်တော်က WFH အိမ်မှာလုပ်။ ကျွန်တော်အပြင်သတင်းထွက်လိုက်တဲ့အချိန်ဆို သူက ထမင်းစားစောင့်နေ မုန့်လေးဘာလေးဝယ်ပြီး အောက်ထပ်က ထမင်းဆိုင်မှာ အတူတူစားကြ။ စပ်နေနေရမယ့် တိုက်ခန်းက ဈေးလဲသင့်တယ် သူ့ရုံးနဲ့လဲနီးတယ်ဆိုတော့ ငှားဖြစ်ခဲ့ကြတယ်။

အိမ်ရှင်တိုက်ရိုက် အခန်းဖွဲ့ပေးပါမယ်ဆိုပြီးဂျင်းမိခဲ့တာပေါ့ဗျာ။ တလ၈သောင်းတစ်ယောက်တစ်ဝက်နဲ့ စားဖို့သောက်ဖို့တစ်ယောက်တစ်ဝက်‌ဆို ၂ဖက်လုံးအိမ်ကို ထောက်ဖို့အဆင်ပြေတယ်ပေါ့။

၂လ သာ နေခဲ့ရတယ် ငှားငှားချင်း တစ်ပတ်ပြည့်ရင်အခန်းဖွဲ့ပေးမယ်ဆိုတဲ့စကားက အတည်ဖြစ်မလာခဲ့ဘူး။ တဆင့်ခံတစ်သိန်းနဲ့ငှားနေပြီး ကိုယ်တွေကို ဂျင်းပြန်ထည့်ခဲ့တာ။

လမ်းက မသန့် ကလေးကအစ လမ်းဘေးမှာ ဆေးရောင်းနေတဲ့ ၅ထပ်တိုက် အပေါ်ဆုံးမှာပေါ့။

လင်မယား၂ယောက်ကလည်း တစ်ပတ်မှာ ၇ရက်ရှိရင် ၈ရက်လောက်ရန်ဖြစ်နေကော။သတင်းအတွက် အသံသွင်းလို့်မရ အလုပ် လုပ်လို့မရနဲ့။

စစချင်းကောင်မလေးပိုက်ဆံပျောက်တယ် မှားသုံးမိတာလား အတွက်မှားတာလားဇဝေဇဝါပေါ့။ အိမ်ရှင်အစ်မကြီးကလဲဗိုက်ကြီးနဲ့ဆိုတော့ မလုပ်လောက်ပါဘူးပေါ့ ကောင်မလေးကို ကျွန်တော်ရှင်းပြတယ်။

နည်းနည်းကြာပြီးတော့ ကျွန်တော်သတိလွတ်သွားတယ် ကောင်မလေးနဲ့အောက်ထပ်ကို ထမင်းဆင်းစားတာ ခနလေးပဲပေါ့ ပြန်တတ်လာတော့ ပိုက်‌ဆံအကုန်မပျောက်ဘဲ တချို့တဝက်ပျောက်နေကော။

အဲ့ည သူပွားတာပေါ့ ဘေးချင်းကပ်‌ဆိုတော့ သူတို့ကိုပြောနေတာ သူတို့ကြားပေမယ့် တခွန်းမှအသံထွက်မလာဘူး။ ကျွန်တော်တို့နှစ်ယောက် ထမင်းဆင်းစားကြတော့ ဖုန်းကိုအားသွင်းသလိုနဲ့ အသံဖမ်းခဲ့တယ် သက်သေရရင်ကိုင်မယ်ပေါ့။

အခန်းကလိပ်ကာ ပဲကာထားတော့ ခြေရာလက်ရာတွေပျက်နေပေမယ့် ဘာအသံမှမကြားခဲ့ဘူး။ နေရတာလုံခြုံမှုမရှိတော့ မဖြစ်တော့ဘူးဆိုပြီး ချက်ချင်းအခန်းသီးသန့်ရှာပြီးပြောင်းခဲ့တယ်။

နောက်ရှာတဲ့နေရာက ဈေးတဝက်လောက်ကွာပေမယ့် လချင်းပေးဆိုတော့ အဆင်ပြေသွားတယ်။ ထမင်းဆိုင်နဲ့နည်းနည်းလှမ်းတော့ ပါဆယ်ထုတ် တိုက်ခန်းမှာစားပေါ့။

အပြင်မှာဝယ်စားရတော့ အပိုငွေကုန်တာများလာတယ်။

ဒါနဲ့မဖြစ်ဘူးဆိုပြီးတိုင်ပင်ကြတာပေါ့။ သူဟင်းချက်မယ်ဆိုတာနဲ့ သူ့လက်ကိုဆွဲပြီး အိုးခွက်ရောင်းတဲ့ဆိုင်ကိုခေါ်သွားတယ် အကုန်‌ဝယ်ပေးလိုက်တယ်။ တစ်နပ်တော့ကောင်းကောင်းစားလိုက်ရတယ် ကြက်သားပြုတ်ပြီး သုပ်ကျွေးတယ် ဘီယာလေးနဲ့လဲမြည်းပေါ့။ နောက်ပိုင်းသိပ်မချက်ဖြစ်ဘူး။

တိုက်ခန်းက ကျွန်တော့်အမေတို့နေရာနဲ့နီးတော့ အမေ့ဆီမှာ ၂ယောက်စာပေးပြီးသွားစားကြမယ်ဆိုပြီးဖြစ်လာတယ်။ နီးတယ်ဆိုပေမယ့် ၄/၅မှတ်တိုင်တော့ရှိတယ်။ နှစ်ယောက်အတူတူလမ်းလျှောက်သွားကြတာပါပဲ။

ကျွန်တော်ကဆိုင်ကယ်စီးရတာကြိုက်တော့ ဂျင်းဆိုင်ကယ်လေး တစ်စိးဝယ်စီးဖြစ်ခဲ့တယ် msxလေးပေါ့ အသိပါဆိုတဲ့ဘဲက ထည့်သွားတာပဲ။

ဆိုင်ကယ်လေးနဲ့ထမင်းစားပြန်ပေါ့။ ခေတ်ကောင်းခဲ့တုန်းကဆိုတော့ မေ့ပြီး သော့တန်းလန်းနဲ့ တိုက်အောက် ၃/၄ည ထားလဲမပျောက်ဘူး။ လူစည်တဲ့နေရာဖြစ်နေတာလည်းပါမယ်။

ထမင်းစားသွားပြန် လောက်ပဲစီးဖြစ်တာဆိုတော့ fbမှာ biker gpတွေလိုက်ရှာပြီး short tripလေး‌တစ်ခါလိုက်မိတယ်။ ဘီးကြီးတွေကြား အမှီလိုက်ရတာဆိုတော့ နာရီဝက်လောက်ပြန်ကျန်လိုက်နဲ့ ဖွတ်ချက်ဖွတ်ချက်ပါပဲ။

တိုက်ခန်းမှာ တာဝန်တွေခွဲယူတယ် သူအဝတ်လျှော်ရင် ကျွန်တော်က ရေညှစ်ပေးတယ် ပြီးရင်တူတူလှန်းကြတယ်။ စစခြင်းချိန်းတွေ့တုန်းကလို လှတပတ တွေမဟုတ်တော့တဲ့အချိန်တွေလဲများတယ်။

it’s ok အဆင်ပြေတာပဲ မိုးလင်းမိုးချုပ် တူတူရှိနေတဲ့အချိန်တွေများတော့ တစ်ယောက်နဲ့တစ်ယောက်ပိုသိသွားကြတယ်။

သူ့မှာသူငယ်ချင်းနည်းသလို ကျွန်တော့်မှာလည်း သူငယ်ချင်းနည်းတော့ နှစ်ယောက်လုံးက သူငယ်ချင်းလို ချစ်သူလိုဖြစ်လာကြတယ်။

နှစ်ယောက်လုံးဘိုင်ပြတ်နေတဲ့အချိန် ybsခ ၃ရာထည့်ပြီး ကျန်တဲ့ အကြွေလေးကို ရေဆာလို့ ကြံရည်ဝယ်သောက်ခဲ့ဖူးတယ်။စိတ်သန့်ပါတယ် ကြုံရင် ၅ရာလည်းထည့်ခဲ့ဖူးတာ နည်းမှမနည်းတာ။ ၂ယောက်စကားများရန်ဖြစ်တဲ့အချိန်တော့နည်းပါတယ်။

ကျွန်တော်က ဒေါသထွက်ခဲတာနဲ့ သူကပြောပြီးရင်မေ့တတ်တဲ့သူမျိုးဆိုတော့အဆင်ပြေတယ်။ ကျွန်တော်ကလစာ ပိုရတဲ့သူဆိုတော့ အိမ်စရိတ်တွေကျွန်တော်ကပိုစိုက်တာများတယ် စိုက်ရလို့ဆိုပြီးငြိုငြင်တာမရှိခဲ့ဘူး။

သူကသူ့အိမ်ကိုပြန်ကြည့်ရတာများတယ်။နောက်သူ သတင်းလောက ကထွက်ပြီး သူအရင်လုပ်ခဲ့တဲ့နေရာကိုပြန်ဝင်တယ် လစာ ထက်ဝက်ကျော်ပိုရတယ်။

ကျွန်တော့်ဆိုင်ကယ်ရောင်းပြီး ဘီးချိန်းမလို့ငွေစုထားတာ လိုချင်တဲ့ဘီးက နည်းနည်းလိုနေတော့ သူ့ဆီချေးတယ်။ကျွန်တော်ကအားနာတတ်တော့စကားပြောမပွင့်လင်းဖြစ်သွားတယ်။

တလလောက်လှည့်ထားပါ မင့်အရင်ကဒီလောက်ရတယ် ခုဒီလောက်ရပြီ ဒီလတော့ အရင်တိုင်းပဲလွှဲလိုက်ပါပေါ့ သူ့အိမ်ကို အကုန်လွှဲမယ်ဖုန်းဆက်တော့ အကြီးကျယ်စကားများရကော။

အဲ့ဒီမှာ ကျွန်တော်ပြန်မြင်တာပေါ့ ကျွန်တော်တောင် လစာတွေပိုရခဲ့ပေမယ့် အိမ်ကို ဓာတ်ပုံရိုက်တုန်းကနှုန်းထားပဲ ပြန်ထောက်နိုင်တာကိုး။ သူငိုသွားတယ် ပြန်ချော့တယ် စကားအေးဆေးလေးဆက်ပြောဖြစ်ခဲ့တယ် သူ့အိမ်ကိုအရင် ပမာနပဲအဲ့လ လွှဲဖြစ်ခဲ့ပါတယ်။ အကြီးကျယ် စကားများခဲ့ကြတာအဲ့ဒီတစ်ခေါက်ပါပဲ လက်တွေမပါခဲ့ပါဘူး။

အဲ့ဒါနဲ့ ဒုတိယံမိ ဂျင်းထပ်မိခဲ့ပါပြန်ကော။ ခနလောက်စီး ဆင်ဖိုးထက် ချွန်းဖိုးက ကြီးနေတော့ ပြန်ထုတ်လိုက်ရပါကော။ နောက်ဆုံး ဂျင်းမမိအောင်သေချာရှာဝယ်မယ် သစ်တာဝယ်တော့မယ်ပေါ့။

အရစ်ကျနဲ့ဝယ်ထားတဲ့သူဆီက ပြန်ဝယ်တော့မှအဆင်ပြေတော့တယ်။ အသစ်စီးချင်ပေမယ့် အသစ်ဈေးကမတတ်နိုင်တော့ ဂျင်းခံရတာများတာပေါ့။

ကလပ်ဘီးတွေမစီးတတ်ဘဲ လက်ထဲရောက်မှ လေ့ကျင့်စီးခဲ့တာတွေ။ တစ်မှတ်တိုင်လောက်ကို ၁၅ခါလောက်စက်သေသေသွားတယ်။

တိုက်ခန်းကို အဖေနဲ့ညီမ လာလာလည်တယ်။တခါတလေ သူငယ်ချင်းတွေ မိတ်ဆွေတွေလာလည်ပြီး သောက်ကြတယ် အေးဆေးပါပဲ။ ၂လပိုင်းတစ်ရက်နေ့ အာဏာသိမ်းတော့ ညီမက တံခါးခေါက်ပြီးလာနိုးတယ်။

အဲ့ဒီနေ့က အလုပ်နားရက်ဆိုတော့ ရှယ် အိပ်တာပေါ့။ မနက် ၉နာရီထိုးလောက်ကြီးဆိုတော့ ကျွန်တော်အိပ်ကောင်းတုန်း ဘာလို့ဖုန်းမဆက်တာလဲပေါ့။

ကိုကြီးဖုန်းတွေခေါ်မရတော့ဘူး အာဏာသိမ်းလိုက်ပြီပြောနေကြတယ်ဆိုတော့ မျက်လုံးပြူးပြီး ကောင်မလေးနဲ့ ၂ယောက် အမေ့ဆီလိုက်သွားကြတယ်။ နားတွေစွင့်ပေါ့။

၂လပိုင်းက စပြီး မြေမြင်မှာ သတင်းလိုက်ယူတဲ့အခါ ကောင်မလေးကဘေးနားမှာ ပါတယ် ကျွန်တော့်ကိုစိတ်မချလို့တဲ့။ ပြေးရလွှားကလည်းတူတူပဲ။ အန္တရာယ်များတယ်လို့ယူဆရတဲ့နေရာဆို သူ့ကိုလုံခြုံတဲ့နေရာထားပြီး ကျွန်တော်ထွက်ရိုက်တယ်။

နောက် အမေတို့ကစိတ်မချတော့လို့ တိုက်ခန်းပြန်အပ်ပြီး အမေတို့နဲ့သွားနေကြတယ် ၂ယောက်လုံး။ တစ်လကျော်လောက် အလုပ် လုပ်ခဲ့ပြီးတဲ့နောက်မှာ ကျွန်တော်တို့ဌာန ပိတ်သိမ်းခံလိုက်ရတယ်။

ကောင်မလေးကတော့ WFHနဲ့သူ့အလုပ်သူဆက်လုပ်နေရတယ်။ လေးလပိုင်းလောက်မှာ ကျွန်တော့်ရွာကို မိသားစုတွေနဲ့ ခရီးသွားဖြစ်တယ်။ အိမ်ကလူတွေက ကားနဲ့သွားတယ် ကျွန်တော်ရယ် ကောင်မလေးရယ်က ဆိုင်ကယ်တစ်စီး ဦးလေးကတစ်စီးနဲ့ ကျွန်တော်တို့တွေက ဆိုင်ကယ်နဲ့သွားကြတယ်။

ကင်မရာတွေကိုကားနဲ့တင်ပေးလိုက်တယ် အဲ့ဒီကာလနယ်ရောက်တော့ နားစွင့်ရတာပဲ သတင်းတွေကသိတဲ့အတိုင်း ရန်ကုန်မှာကြမ်းနေပြီ ဘာညာတွေနဲ့။အသိတွေကိုလှမ်းလှမ်းမေးနေရတယ်။

ရွာမှာတစ်ရက် သူငယ်ချင်းတွေနဲ့သောက်ပြီးများသွားတော့ အပင်တွေလိမ်ပြီးမူးသွားတော့ ကောင်မလေးကဆိုင်ကယ်မောင်းကျွန်တော့်ကို တင်ပြီးအိမ်ပြန်ရတယ်။ တညလုံးအန်တော့ သူပဲ ဘေးမှာ ရပ်တောင်နဲ့ရပ်ခပ်ပေးနေရှာတယ်။

ရန်ကုန်သူတစ်ယောက်ထဲ ပြန်တော့မယ်လုပ်နေလို့ အရက်နာကျပြီး နောက်အရက်မသောက်တော့ပါဘူး ကတိပေးလိုက်မိတယ်။ တကယ်လည်းအရက်မသောက်ဖြစ်ခဲ့တော့ပါဘူး။

ချွင်းချက်အနေနဲ့ဘီယာတော့သောက်ပါတယ်။ ဘီယာသောက်ပေမယ့် အရက်နဲ့ဘီယာက အတူတူပဲဆိုပြီးခုထိ မျက်စောင်းတခဲခဲပါပဲ။

ရန်ကုန်ပြန်ရောက်တော့ ကျွန်တော့်ပုံတချို့ နိုင်ငံခြားသတင်းဌာနကိုရောင်းရတယ်။ ပိုက်ဆံက ၂သုတ်ခွဲရမှာဆိုတော့ ပထမရတဲ့ဟာရယ်သူ့ဆီကနည်းနည်းရယ်ပေါင်းပြီး ဆင်တူလက်စွပ်လေးနဲ့ သူ့အတွက် နားကပ်လေးလုပ်ပေးဖြစ်ခဲ့တယ်။ ဒုတိယရမယ့်အခေါက်မှာတော့အမေ့ကို ‌ဆွဲကြိုးကောင်းကောင်းလေးလုပ်ပေးမယ်ပေါ့။

အဲ့ဒီအချိန်မှာ သူအကြိတ်ထွက်လာခဲ့တယ် အရင်ထဲကပိန်လိုက်ပျောက်လိုက်အကြိတ်က မပျောက်တော့ဘဲပိုပိုကြီးလာခဲ့တယ်။ ဒုတိယတခေါက်ရတဲ့အချိန်မှာ အမေ့ကိုဆွဲကြိုးလုပ်ပေးပြီး ကျန်တာကို သူ့အကြိတ်ခွဲဖို့ပေးထားလိုက်တယ်။

ဆေးကုဖို့မလောက်မှာအတွက်ကော အဲ့ဒီကာလ ဆိုင်ကယ်တွေအိမ်ထဲဝင်ဖမ်းတယ်ဆိုလို့ကော အရှူံးခံထုတ်ရောင်းလိုက်ရတယ်။

အကြိတ်ခွဲဖို့အတွက် ရန်ကုန်ကနေ ပုသိမ်ကို ရောက်လာခဲ့တော့တယ်။ ဆေးရုံဆေးခန်းပိတ်တာတွေနဲ့ အသားစ စစ်ဆေးတာတွေနည်းနည်းကြာသွားတယ်။ ခွားသတောင်းစေးတွေကြောင့် မကြာသင့်တဲ့အချိန်တွေကြာသွားခဲ့တယ်။ မဖြစ်သင့်တာတွေဖြစ်သွားခဲ့တယ်။

Kyaw Swar Tun & Wai ThaZin Aung