ၾကားသိရသမွ်

“တခါအားသွင်းထားရင် (၁၂၅) မိုင်သွားနိုင်တဲ့ မြန်မာငွေ (၂၃) သိန်းကျော်တန် လျှပ်စစ်ဆိုင်ကယ်..”

တစ်ခါအားသွင်းထားတာနဲ့ ကီလိုမီတာ ၂၀၀ (၁၂၅ မိုင်ခန့်) အထိ မောင်းနှင်နိုင်မယ့် လျှပ်စစ်ဆိုင်ကယ် ကို အိန္ဒိယနိုင်ငံမှာ ဖြန့်ချိလိုက်ပြီလို့ သိရပါတယ်။

အဆိုပါ ဆိုင်ကယ်ဟာ အိန္ဒိယ Startup တစ်ခုဖြစ်တဲ့ OBEN EV ကုမ္ပဏီရဲ့ ပထမဆုံးလျှပ်စစ်ဆိုင်ကယ်ဖြစ်ပြီး 4.4 kWh လစ်သီယံအိုင်ယွန်း ဘက်ထရီတပ်ဆင်ထားပြီး 10kW လျှပ်စစ်မော်တာ ပါဝင်ပါတယ်။

၃ စက္ကန့်အတွင်း 0-40km/h နှုန်း အရှိန်တင်နိုင်ပြီး အမြင့်ဆုံး တစ်နာရီ ကီလို ၁၀၀ နှုန်းအထိ မောင်းနှင်နိုင်မယ်လို့ ဆိုပါတယ်။ အားအပြည့် တစ်ခါသွင်းထားမယ်ဆိုရင် ခရီးကီလိုမီတာ ၂၀၀ (၁၂၅ မိုင်) အထိ မောင်းနှင်နိုင်မှာ ဖြစ်ပြီး အားအပြည့်သွင်းဖို့ ၂ နာရီခန့် ကြာမြင့်မယ်လို့လည်း သိရပါတယ်။

အကြမ်းခံပြီး ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့လာတဲ့ Oben Rorr ကို ရူပီး ၉၉၉၉၉ (မြန်မာငွေ ၂၃ သိန်းကျော်) ဈေးနဲ့ အိန္ဒိယနိုင်ငံ မဟာရာချ်တာပြည်နယ်မှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။

မြန်မာငွေ ၂၃ သိန်းကျော်ဆိုတဲ့ စျေးနှုန်းနဲ့ အားအပြည့်သွင်းဖို့ ၂ နာရီပဲ ကြာမှာဆိုတော့ မြန်မာပြည်နဲ့လည်း အထူးသင့်လျော်တဲ့ ဆိုင်တယ်တစီး ဖြစ်လာမှာ အသေအချာပါပဲ။

တစ္ခါအားသြင္းထားတာနဲ႔ ကီလိုမီတာ ၂၀၀ (၁၂၅ မိုင္ခန႔္) အထိ ေမာင္းႏွင္ႏိုင္မယ့္ လွ်ပ္စစ္ဆိုင္ကယ္ ကို အိႏၵိယႏိုင္ငံမွာ ျဖန႔္ခ်ိလိုက္ၿပီလို႔ သိရပါတယ္။

အဆိုပါ ဆိုင္ကယ္ဟာ အိႏၵိယ Startup တစ္ခုျဖစ္တဲ့ OBEN EV ကုမၸဏီရဲ႕ ပထမဆုံးလွ်ပ္စစ္ဆိုင္ကယ္ျဖစ္ၿပီး 4.4 kWh လစ္သီယံအိုင္ယြန္း ဘက္ထရီတပ္ဆင္ထားၿပီး 10kW လွ်ပ္စစ္ေမာ္တာ ပါဝင္ပါတယ္။

၃ စကၠန႔္အတြင္း 0-40km/h ႏႈန္း အရွိန္တင္ႏိုင္ၿပီး အျမင့္ဆုံး တစ္နာရီ ကီလို ၁၀၀ ႏႈန္းအထိ ေမာင္းႏွင္ႏိုင္မယ္လို႔ ဆိုပါတယ္။ အားအျပည့္ တစ္ခါသြင္းထားမယ္ဆိုရင္ ခရီးကီလိုမီတာ ၂၀၀ (၁၂၅ မိုင္) အထိ ေမာင္းႏွင္ႏိုင္မွာ ျဖစ္ၿပီး အားအျပည့္သြင္းဖို႔ ၂ နာရီခန႔္ ၾကာျမင့္မယ္လို႔လည္း သိရပါတယ္။

အၾကမ္းခံၿပီး ဆြဲေဆာင္မႈရွိတဲ့ ဒီဇိုင္းနဲ႔လာတဲ့ Oben Rorr ကို ႐ူပီး ၉၉၉၉၉ (ျမန္မာေငြ ၂၃ သိန္းေက်ာ္) ေဈးနဲ႔ အိႏၵိယႏိုင္ငံ မဟာရာခ်္တာျပည္နယ္မွာ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

ျမန္မာေငြ ၂၃ သိန္းေက်ာ္ဆိုတဲ့ ေစ်းႏႈန္းနဲ႔ အားအျပည့္သြင္းဖို႔ ၂ နာရီပဲ ၾကာမွာဆိုေတာ့ ျမန္မာျပည္နဲ႔လည္း အထူးသင့္ေလ်ာ္တဲ့ ဆိုင္တယ္တစီး ျဖစ္လာမွာ အေသအခ်ာပါပဲ။