အနုပညာရှင်အချို့ စီးနင်းလာသည့်ရထား နောင်ချိုမှာ မိုင်းခွဲတိုက်ခိုက်ခံရ (ဘယ်အနုပညာရှင်တွေပါလဲဆိုတာ ဝင်သာဖတ်ကြည့်လိုက်တော့)
ဒီနေ့(မတ် ၂၉) ညနေ ၃ နာရီ ၄၅ မိနစ်မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်ဇာတ်ကားကို ဂုတ်ထိပ်တံတားမှာ ရိုက်ကူးပြီးနောင်ချိုဘက်ကိုပြန်လာတဲ့ အောင်ခိုင်၊ တက္ကသိုလ်လဲ့လဲ့အပါအဝင် အနုပညာသမားတွေ စီးလာတဲ့ ရထားကို ဒေသခံ PDF တစ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ PDF အဖွဲ့ဝင်တစ်ဦးက” MRTV နဲ့ မြဝတီမှာပြဖို့ ဝါဒဖြန့်ကားရိုက်ပြီး ပြန်လာတဲ့ ရုပ်ရှင်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ကြားရတာက အောင်ခိုင်၊ တက္ကသိုလ်လဲ့လဲ့၊ ရွှေရူပါဦးတို့လည်းပါတယ်လို့ကြားထားတယ်။
ရထားတွဲကို လုံခြုံရေးယူထားတဲ့ စစ်သားတွေရှိတဲ့ အပေါက်တည့်တည့်ကို ထိတာ၊ ရထားကြမ်းခင်းနဲ့ ခေါင်မိုးပွင့်သွားတယ်။ ထိခိုက်ဒဏ်ရာ ကတော့ရမှာပါ။ အခြေအနေကိုတော့ သေချာမသိဘူး” လို့ပြောပါတယ်။
ဂုတ်ထိပ်ကနေပြန်လာပြီး နောင်ချိုမြို့နယ်၊ ညောင်ဘောဘက်နားအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာ ပါ။ မတ်လ ၂၇ ရက်က စစ်ကောင်စီကိုထောက်ခံတဲ့ အနုပညာရှင်အများစုနဲ့ သေဆုံးသွားတဲ့ အနုပညာရှင်တစ်ချို့ကို လူမှုထူးချွန်ဆုပေးခဲ့ပြီး ဧပြီလကုန်ပိုင်းမှာ
ရုပ်ရှင်ရုံတွေပြန်ဖွင့်ဖို့စီစဉ်နေစဉ် မှာပဲ ဝါဒဖြန့်ဇာတ်ကားရိုက်ကူးပြီး ပြန်လာတဲ့အနုပညာရှင်တွေစီးလာတဲ့ ရထားကို အခုလိုမိုင်းဆွဲ တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။Crd

အႏုပညာရွင္အခ်ိဳ႕ စီးနင္းလာသည့္ရထား ေနာင္ခ်ိဳမွာ မိုင္းခြဲတိုက္ခိုက္ခံရ (ဘယ္အႏုပညာရွင္ေတြပါလဲဆိုတာ ဝင္သာဖတ္ၾကည့္လိုက္ေတာ့)
ဒီေန႔(မတ္ ၂၉) ညေန ၃ နာရီ ၄၅ မိနစ္မွာ စစ္ေကာင္စီရဲ႕ ဝါဒျဖန႔္ဇာတ္ကားကို ဂုတ္ထိပ္တံတားမွာ ႐ိုက္ကူးၿပီးေနာင္ခ်ိဳဘက္ကိုျပန္လာတဲ့ ေအာင္ခိုင္၊ တကၠသိုလ္လဲ့လဲ့အပါအဝင္ အႏုပညာသမားေတြ စီးလာတဲ့ ရထားကို ေဒသခံ PDF တစ္ဖြဲ႕က မိုင္းဆြဲတိုက္ခိုက္ခဲ့တယ္လို႔သိရပါတယ္။
မိုင္းဆြဲတိုက္ခိုက္ရာမွာပါဝင္ခဲ့တဲ့ PDF အဖြဲ႕ဝင္တစ္ဦးက” MRTV နဲ႔ ျမဝတီမွာျပဖို႔ ဝါဒျဖန႔္ကား႐ိုက္ၿပီး ျပန္လာတဲ့ ႐ုပ္ရွင္အုပ္စုကို မိုင္းဆြဲတိုက္ခိုက္ခဲ့တာပါ။ ၾကားရတာက ေအာင္ခိုင္၊ တကၠသိုလ္လဲ့လဲ့၊ ေ႐ႊ႐ူပါဦးတို႔လည္းပါတယ္လို႔ၾကားထားတယ္။
ရထားတြဲကို လုံၿခဳံေရးယူထားတဲ့ စစ္သားေတြရွိတဲ့ အေပါက္တည့္တည့္ကို ထိတာ၊ ရထားၾကမ္းခင္းနဲ႔ ေခါင္မိုးပြင့္သြားတယ္။ ထိခိုက္ဒဏ္ရာ ကေတာ့ရမွာပါ။ အေျခအေနကိုေတာ့ ေသခ်ာမသိဘူး” လို႔ေျပာပါတယ္။
ဂုတ္ထိပ္ကေနျပန္လာၿပီး ေနာင္ခ်ိဳၿမိဳ႕နယ္၊ ေညာင္ေဘာဘက္နားအေရာက္မွာ မိုင္းဆြဲတိုက္ခိုက္ခံရတာ ပါ။ မတ္လ ၂၇ ရက္က စစ္ေကာင္စီကိုေထာက္ခံတဲ့ အႏုပညာရွင္အမ်ားစုနဲ႔ ေသဆုံးသြားတဲ့ အႏုပညာရွင္တစ္ခ်ိဳ႕ကို လူမႈထူးခြၽန္ဆုေပးခဲ့ၿပီး ဧၿပီလကုန္ပိုင္းမွာ
႐ုပ္ရွင္႐ုံေတြျပန္ဖြင့္ဖို႔စီစဥ္ေနစဥ္ မွာပဲ ဝါဒျဖန႔္ဇာတ္ကား႐ိုက္ကူးၿပီး ျပန္လာတဲ့အႏုပညာရွင္ေတြစီးလာတဲ့ ရထားကို အခုလိုမိုင္းဆြဲ တိုက္ခိုက္ခဲ့တာလည္းျဖစ္ပါတယ္။Crd



