unicode
ကျောင်းသူလေး မဇာခြည်လှိုင်၏အလောင်း ရှာဖွေတွေ့ရှိမှု နောက်ဆုံးရသတင်း
ဇွဲကပင်တောင် ရှာဖွေကယ်ဆယ်ရေးနောက်ဆုံးရသတင်း
ဇွဲကပင်တောင် ရှာဖွေကယ်ဆယ်ရေး ဒုတိယနေ့အဖြစ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(ဘားအံခရိုင်)
ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကရင်ပြည်နယ်အသင်းခွဲများ)
ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ ရှာ/ကယ် အဖွဲ့အား နံနက် ၇:၃၀ မိနစ်တွင် စတင်လုပ်ဆောင်ခဲ့ရာ
နံနက် ၈:၃၀ မိနစ်အချိန်တွင်ပျောက်ဆုံးသူအမျိုးသမီးအား အထက်ရေတံခွန်ဘုရားလေးအနီး မရမ်းပင်အောက်တွင် ရှာဖွေတွေ့ရှိခဲ့ပါသည်။
ရှာဖွေတွေ့ရှိချိန်တွင် သစ်ရွက်သစ်ခက်များဖြင့် ဖုံးအုပ်ထားကြောင်းနှင့် ပျောက်ဆုံးသူအမျိုးသမီးမှာ
ဦးခေါင်းထိခိုက်ဒဏ်ရာများ ရရှိထားကြောင်း သိရှိရပြီး သေဆုံးပြီး-Dead Body အဖြစ် အတည်ပြုခဲ့ပါသည်။
သတင်းနှင့်ပြန်ကြားရေး
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)