ၾကားသိရသမွ်

ေက်ာက္စိမ္းတစ္တုံး ကို သိန္း (၄၀၀)ေပးဝယ္ၿပီး ပုတီး လုပ္လိုက္တဲ့အခါ

ေက်ာက္စိမ္းအရိုင္းတုံး တစ္ခုကို သိန္း(၄၀၀)ေပး ဝယ္ၿပီး ပုတီး လုပ္လိုက္တဲ့ အခါ တန္ဖိုးက အဆမတန္ တက္လာပါတယ္။

ေက်ာက္စိမ္းပုတီးျပဳလုပ္ပုံ အဆင့္ဆင့္ကို ေဖာ္ျပေပးလိုက္ပါတယ္။ ျမန္မာနိုင္ငံမွာ ေက်ာက္စီမ္းေတြ အကန္ကအသတ္မရွိအထိန္းအကြပ္မဲ့ တူးေဖာ္ၿပီး

တ႐ုတ္ကို အတုံးလိုက္ တန္နဲ႔ခ်ီၿပီး ေရာင္းေနၾကတာ တကယ္ေတာ့ ႏွေျမာစရာ ေကာင္းလွပါတယ္။

ျမန္မာျပည္က ေရာက္သြားတဲ့ ေက်ာက္စိမ္းအရိုက္တစ္တုံးဟာ တ႐ုတ္ျပည္ေရာက္သြားရင္ နည္းပညာႏွင့္ အေခ်ာထည္လုပ္လိုက္တဲ့အခါ ေဒၚလာသန္းခ်ီ တန္တဲ့ပစၥည္း ျဖစ္သြား ပါတယ္။

ခုေတာ့ ေက်ာက္စီမ္းေဈးကြက္က တ႐ုတ္ျပည္ကိုေရာက္သြားပါၿပီ…မသိတဲ့နိုင္ငံေတြကေတာ့ ေက်ာက္စိမ္းက တ႐ုတ္ျပည္ကထြက္တယ္လို႔ေတာင္ ထင္ေနၾကပါၿပီ။

ေက်ာက္စိမ္းကိုတ႐ုတ္ျပည္ သြားေရာင္းေနၾကတဲ့ အျဖစ္မ်ိဳးကေန ေက်ာက္စိမ္းကို နိုင္ငံတကာက လူေတြ ကျမန္မာျပည္လာဝယ္ရေအာင္ လုပ္သင့္ေန ပါၿပီ။

ဒီသိန္းေလးရာတန္ေက်ာက္စိမ္းတုံးေလးကို ေက်ာက္စိမ္းပုတီးလုပ္လိုက္တဲ့အခါ တန္ဖိုးက သုံးဆေက်ာ္ေလာက္ တက္သြားပါတယ္။

ဒီပုတီးတစ္ကုံးရဲ့ တန္ဖိုး ဟာ SGG အေခၚ ၁၀ ဆိုဒ္ပိုင္ရွင္ကေတာ့ တစ္ကုံး သိန္း ၅၀၀ ေလာက္မွန္းမယ္ထင္တယ္။

ေက်ာက္စိမ္းလုပ္ကြက္ေတြကို အကန႔္အသတ္မရွိတူးေဖာ္ဖို႔ ေရာင္းစားေနမယ့္အစားျပည္တြင္းလုပ္ငန္းရွင္ေတြနဲ႔ ျပည္သူေတြ တစ္ပိုင္တစ္နိုင္ တူးေဖာ္ခြင့္ျပဳၿပီး

ကုန္ေခ်ာပစၥည္းေလးေတြ နိုင္သေလာက္ထုတ္ၿပီး တျဖည္းျဖည္း ေဈးကြက္ထူေထာင္မယ္ဆိုရင္ ျမန္မာ့ေက်ာက္စိမ္းဟာ ႏွစ္ေပါင္းမ်ားစြာ ရွာစားလို႔မကုန္နိုင္ပါဘူး။

နည္းပညာအသုံးျပဳ ဖန္ဆီပစၥည္းနဲ႔လူသုံးကုန္ ပစၥည္းမ်ိဳးမ်ိဳး ထုတ္လုပ္ ကာ ေရာင္းခ်မယ္ဆိုလၽွင္ ျပည္တြင္းလုပ္ငန္းရွင္ေတြလည္း ဦးေမာ့လာနိုင္ပါတယ္။

ေက်ာက္မ်က္တူးေဖာ္မႈနဲ႔အရိုင္းတင္ပို႔ျခင္းကိုကန႔္သတ္ခြင့္ျပဳသင့္ပါတယ္။ ျမန္မာ့နိုင္ငံေရးနဲ႔ေျပာင္းလဲလာမည့္ ေက်ာက္စိမ္းဥပေဒေတြကလည္း နိုင္ငံသူ/သားေတြအတြက္အက်ိဳးရွိၿပီး

သယံဇာတ ျပဳန္းတီးျခင္းမွလည္းကာကြယ္နိုင္မယ္၊နိုင္ငံအတြက္လည္းအက်ိဳးမယ္ ေဈးကြက္လည္းဖြံ့ၿဖိဳးတည္ၿငိမ္လာမယ္ဆိုရင္အေကာင္းဆုံးပါ။

Credit

Unicode Version

ကျောက်စိမ်းအရိုင်းတုံး တစ်ခုကို သိန်း(၄၀၀)ပေး ဝယ်ပြီး ပုတီး လုပ်လိုက်တဲ့ အခါ တန်ဖိုးက အဆမတန် တက်လာပါတယ်။

ကျောက်စိမ်းပုတီးပြုလုပ်ပုံ အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ကျောက်စီမ်းတွေ အကန်ကအသတ်မရှိအထိန်းအကွပ်မဲ့ တူးဖော်ပြီး

တရုတ်ကို အတုံးလိုက် တန်နဲ့ချီပြီး ရောင်းနေကြတာ တကယ်တော့ နှမြောစရာ ကောင်းလှပါတယ်။

မြန်မာပြည်က ရောက်သွားတဲ့ ကျောက်စိမ်းအရိုက်တစ်တုံးဟာ တရုတ်ပြည်ရောက်သွားရင် နည်းပညာနှင့် အချောထည်လုပ်လိုက်တဲ့အခါ ဒေါ်လာသန်းချီ တန်တဲ့ပစ္စည်း ဖြစ်သွား ပါတယ်။

ခုတော့ ကျောက်စီမ်းဈေးကွက်က တရုတ်ပြည်ကိုရောက်သွားပါပြီ…မသိတဲ့နိုင်ငံတွေကတော့ ကျောက်စိမ်းက တရုတ်ပြည်ကထွက်တယ်လို့တောင် ထင်နေကြပါပြီ။

ကျောက်စိမ်းကိုတရုတ်ပြည် သွားရောင်းနေကြတဲ့ အဖြစ်မျိုးကနေ ကျောက်စိမ်းကို နိုင်ငံတကာက လူတွေ ကမြန်မာပြည်လာဝယ်ရအောင် လုပ်သင့်နေ ပါပြီ။

ဒီသိန်းလေးရာတန်ကျောက်စိမ်းတုံးလေးကို ကျောက်စိမ်းပုတီးလုပ်လိုက်တဲ့အခါ တန်ဖိုးက သုံးဆကျော်လောက် တက်သွားပါတယ်။

ဒီပုတီးတစ်ကုံးရဲ့ တန်ဖိုး ဟာ SGG အခေါ် ၁၀ ဆိုဒ်ပိုင်ရှင်ကတော့ တစ်ကုံး သိန်း ၅၀၀ လောက်မှန်းမယ်ထင်တယ်။

ကျောက်စိမ်းလုပ်ကွက်တွေကို အကန့်အသတ်မရှိတူးဖော်ဖို့ ရောင်းစားနေမယ့်အစားပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေ တစ်ပိုင်တစ်နိုင် တူးဖော်ခွင့်ပြုပြီး

ကုန်ချောပစ္စည်းလေးတွေ နိုင်သလောက်ထုတ်ပြီး တဖြည်းဖြည်း ဈေးကွက်ထူထောင်မယ်ဆိုရင် မြန်မာ့ကျောက်စိမ်းဟာ နှစ်ပေါင်းများစွာ ရှာစားလို့မကုန်နိုင်ပါဘူး။

နည်းပညာအသုံးပြု ဖန်ဆီပစ္စည်းနဲ့လူသုံးကုန် ပစ္စည်းမျိုးမျိုး ထုတ်လုပ် ကာ ရောင်းချမယ်ဆိုလျှင် ပြည်တွင်းလုပ်ငန်းရှင်တွေလည်း ဦးမော့လာနိုင်ပါတယ်။

ကျောက်မျက်တူးဖော်မှုနဲ့အရိုင်းတင်ပို့ခြင်းကိုကန့်သတ်ခွင့်ပြုသင့်ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ပြောင်းလဲလာမည့် ကျောက်စိမ်းဥပဒေတွေကလည်း နိုင်ငံသူ/သားတွေအတွက်အကျိုးရှိပြီး

သယံဇာတ ပြုန်းတီးခြင်းမှလည်းကာကွယ်နိုင်မယ်၊နိုင်ငံအတွက်လည်းအကျိုးမယ် ဈေးကွက်လည်းဖွံ့ဖြိုးတည်ငြိမ်လာမယ်ဆိုရင်အကောင်းဆုံးပါ။

Credit