Unicode
အားသွင်းမီးတွေ ပျက်ရင် လွှင့်မပစ်ဘဲ ဒီအတိုင်းပြင်ပြီး သုံးပါ
အိမ်တိုင်းမှာ ရှိနေတဲ့ အားသွင်း မီးသီးအကြာင်း ရှင်းပြရင်း ဘယ်နေရာတွေ ပျက်တာလဲ ။ ဘယ်လိုအစားထိုးပြီး ပြန်လည် အသုံးချရမလဲ ဆိုတာ ညီအစ်ကိုများ သိဖို့ စာလေးတော့ အနည်းငယ် တင်ပေးပါမယ်နော်…။
ကျနော် ပုံရော၊ စာရော ၊ video ရော အကုန်တွဲပီး တင်ပေး ထားပါတယ်။ ညီအကို တို့ကို အလုပ်လုပ်ပုံကို ရှင်းပြပေးထားတယ်။ ကျန်တာတော့ ကိုယ်ပိုင် ညဏ်လေးတွေ ထုတ်ပီး သုံးကျပါလို့ အကြံပြု့ချင်ပါတယ် ခင်ဗျာ။
ကျနော်ပြပေးတာ တွေက အိမ်မှာ ပျက်နေတာလေးတွေ ပြင်လိုက် အစားထိုး လိုက်ရင် ကောင်းတာလေးတွေ ပြန်ရစေချင်တဲ့ သဘောနဲ့ ပြန်လည် ဝေမျှခြင်းပါ ။
တရုတ်က အားသွင်း မီးသီးကို ဓာတ်ခဲ အကြီးကြီးထဲ့ပီး ရောင်းစားသွားတာလေ။ အထဲမှာ ဘာမှ မပါဘူးလေ။ ကိုတွေ ပညာ မတတ်တော့ သူများ လုပ်စားတာ ခံနေ ရတယ်။ အဲတော့ မတတ်နိုင်တဲ့ ကြားထဲက အသစ်အသစ် မဖြစ်ရအောင် ပြင်လို့ ရတာလေးတွေ ပြင်သုံးကျ ပါ ကျနော်။
ပြန်လည် ပြင်နည်း ဝေမျှခြင်းကြောင့် တနိုင်ငံလုံး ပြင်ရတာလေးတွေ များရင် ငွေအထွက် သက်သာတာပေါ့ဗျာ။ အဲဒီ မီးသီးက ခလုပ်ရယ်၊ ဘက်ထရီ ရယ်ဘဲ ပျက်တာ များတယ်။ အားသွင်းတုံးလဲ ပျက်တတ်ပါတယ်။ နောက်တော့ အားသွင်းတုံး ပြင်နည်းပါ တင်ပေးမယ်။
ကျနော်ပြပေးတာ အရမ်းလွယ်အောင် ပြောပြပေးထားတယ်။ နားလည်မယ် ထင်ပါတယ်။ နောက်ထပ် မီးအိမ်များ ဘာညာတွေ ကျနော်ဆီ ရောက်ရင် တင်ပေးပါမယ်။ အဆင်ပြေကြပါစေ။
ဆက်လက် ကြိုးစားပါအုံးမယ် # ကိုသီဟဆွေ(သုံးရောင်ခြယ်)ဇလွန်
လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ် ပါ သည်။