ၾကားသိရသမွ်

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕တြင္ျဖစ္သြားတဲ့ အသက္၁၇ႏွစ္အရြယ္ ကေလးမေလးရဲ့ ရင္နာစရာအျဖစ္အပ်က္

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕တြင္ျဖစ္သြားတဲ့ အသက္၁၇ႏွစ္အရြယ္ ကေလးမေလးရဲ့ ရင္နာစရာအျဖစ္အပ်က္

ေႏြဦးေမ

နိရဥၥရာ၊ ဧၿပီ ၄/ ၂၀၂၂

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕တြင္ အသက္ ၁၇ ႏွစ္အရြယ္အမ်ိဳးသမီးငယ္တစ္ဦးသည္ အသစ္ေဆာက္လုပ္ထားသည့္ရာေမာင္တံ

တားေပၚမွ ခုန္ခ်မႈျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

အဆိုပါအမ်ိဳးသမီးငယ္သည္ ဧၿပီ ၃ ရက္ ေန႔လယ္ ၂ နာရီခန႔္တြင္ ဆိုင္ကယ္ႏွင့္လာၿပီး ဆိုင္ကယ္ကို တံတားေပၚ

ရပ္တန႔္ကာ ယခုကဲ့သို႔ခုန္ခ်သြားျခင္းျဖစ္သည္ဟု မင္းျပားၿမိဳ႕မိၿမိဳ႕ဖတစ္ဦးျဖစ္သူ ဦးစိုးမင္းက နိရဥၥရာကို ေျပာသည္။

“ေန႔လယ္ ႏွစ္နာရီေလာက္က ခုန္ခ်သြားတာ။ ဆိုင္ကယ္ရပ္ၿပီးေတာ့။ သူက ဘယ္ကလဲေတာ့ မသိေသးဘူးအတိအက်”ဟု ေျပာသည္။

မင္းျပားၿမိဳ႕မွ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတစ္ဦးကလည္း ခုန္ခ်သြားသည့္အမ်ိဳးသမီးငယ္မွာ မင္းျပားၿမိဳ႕နယ္

အဝရြာအုပ္စုရွိေက်းရြာတစ္ရြာမွျဖစ္ၿပီး အမည္၊ မိဘအမည္ႏွင့္ ေက်းရြာအမည္တို႔ကို စုံစမ္းေနၾကဆဲျဖစ္သည္ဟု ေျပာသည္။

“က်ေနာ္ တံတားနားက ေစ်းေရာင္းသူေတြကို ေမးၾကည့္ေတာ့ သူတို႔ျမင္လိုက္တယ္ေျပာတယ္။ ခုန္ခ်သြားတာပဲျမင္လိုက္တာ။

သူ႔အေမအရက္ေသာက္တာကို စိတ္နာလို႔ ခုန္ခ်သြားတာလို႔ သိရတယ္။ သူက ေက်ာင္းသူလို႔လည္း ေျပာၾကတယ္။ အေသးစိတ္ကို မသိရေသးဘူး”ဟု ေျပာသည္။

ခုန္ခ်သြားသူသည္ မင္းျပားၿမိဳ႕နယ္ သဂၤဇာေက်းရြာမွျဖစ္သည္ဟု သတင္းထြက္ေပၚေနေသာ္လည္း နိရ ဥၥရာက ဆက္သြ

ယ္စုံစမ္းရာ ယင္းရြာမွမဟုတ္ဟု သိရသည္။

လက္ရွိတြင္ အဆိုပါအမ်ိဳးသမီးငယ္အား မင္းျပားၿမိဳ႕မွ လူမႈေရးအဖြဲ႕မ်ားက ျမစ္အတြင္း ရွာေဖြေနၾကသည္ဟု သိရသည္။

credit#

unicode

ရခိုင်ပြည်နယ် မင်းပြားမြို့တွင်ဖြစ်သွားတဲ့ အသက်၁ရနှစ်အရွယ် ကလေးမလေးရဲ့ ရင်နာစရာအဖြစ်အပျက်

နွေဦးမေ

နိရဥ္စရာ၊ ဧပြီ ၄/ ၂၀၂၂

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် အသက် ၁၇ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးသည် အသစ်ဆောက်လုပ်ထားသည့်ရာမောင်

တံတားပေါ်မှ ခုန်ချမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါအမျိုးသမီးငယ်သည် ဧပြီ ၃ ရက် နေ့လယ် ၂ နာရီခန့်တွင် ဆိုင်ကယ်နှင့်လာပြီး ဆိုင်ကယ်ကို တံတားပေါ်

ရပ်တန့်ကာ ယခုကဲ့သို့ခုန်ချသွားခြင်းဖြစ်သည်ဟု မင်းပြားမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးစိုးမင်းက နိရဥ္စရာကို ပြောသည်။

“နေ့လယ် နှစ်နာရီလောက်က ခုန်ချသွားတာ။ ဆိုင်ကယ်ရပ်ပြီးတော့။ သူက ဘယ်ကလဲတော့ မသိသေးဘူးအတိအကျ”ဟု ပြောသည်။

မင်းပြားမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကလည်း ခုန်ချသွားသည့်အမျိုးသမီးငယ်မှာ မင်းပြားမြို့နယ်

အဝရွာအုပ်စုရှိကျေးရွာတစ်ရွာမှဖြစ်ပြီး အမည်၊ မိဘအမည်နှင့် ကျေးရွာအမည်တို့ကို စုံစမ်းနေကြဆဲဖြစ်သည်ဟု ပြောသည်။

“ကျနော် တံတားနားက စျေးရောင်းသူတွေကို မေးကြည့်တော့ သူတို့မြင်လိုက်တယ်ပြောတယ်။ ခုန်ချသွားတာပဲမြင်လိုက်တာ။

သူ့အမေအရက်သောက်တာကို စိတ်နာလို့ ခုန်ချသွားတာလို့ သိရတယ်။ သူက ကျောင်းသူလို့လည်း ပြောကြတယ်။

အသေးစိတ်ကို မသိရသေးဘူး”ဟု ပြောသည်။

ခုန်ချသွားသူသည် မင်းပြားမြို့နယ် သင်္ဂဇာကျေးရွာမှဖြစ်သည်ဟု သတင်းထွက်ပေါ်နေသော်လည်း နိရ ဥ္စရာက ဆက်သွယ်

စုံစမ်းရာ ယင်းရွာမှမဟုတ်ဟု သိရသည်။

လက်ရှိတွင် အဆိုပါအမျိုးသမီးငယ်အား မင်းပြားမြို့မှ လူမှုရေးအဖွဲ့များက မြစ်အတွင်း ရှာဖွေနေကြသည်ဟု သိရသည်။

credit#