တို့ဆေးတွေ ခေါင်းထောင်လာပြန်ပြီဖြစ်တဲ့ မန္တလေးမှာ ၊တို့ဆေးနဲ့ ဖုန်းတွေ ဆိုင်ကယ်တွေ လုနေကြပါပြီ
မန္တလေးမြို့တွင် ကလေးများနှင့် အမျိုးသမီးများကို အဓိကပစ်မှတ်ထားကာ တို့ဆေးပုံစံမျိုး အသုံးပြု၍ ငွေကြေးနှင့်တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်ထွက် ပြေးမှုများ မကြာခဏ ဖြစ်ပွားလာလျက်ရှိပါတယ်။
ဧပြီ ၂ ရက် ညနေပိုင်းက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၉၀ ယာဉ်ထိန်းရုံးအနီးရှိ ရပ်ကွက်တခုတွင် ကလေးများထံမှ ဖုန်းဟန်းဆက်နှစ်လုံးကို ထိုသို့ပင် တို့ဆေးဆန်ဆန်အသုံးပြုကာ အမျိုးသမီးတဦးက ယူဆောင်ထွက်ပြေးမှု ဖြစ်ပွားခဲ့ပါတယ်။
“ကလေးနှစ်ယောက်က ရပ်ကွက်လမ်းကြားထဲမှာပဲ ထိုင်ပြီး အွန်လိုင်းဂိမ်းဆော့နေကြတယ်။ အဲဒီအချိန် ဆိုင်ကယ်စီးအမျိုးသမီးတဦးက အနားရောက်လာပြီး သူတို့ရဲ့ လက်ကိုပုတ်ပြီး လူရှင်းတဲ့ လမ်းကြားတခုထဲခေါ်သွားတယ်။အဲဒီရောက်တော့ နင်တို့ဖုန်းတွေ ငါ့ကိုပေးလိုက်၊ ယ တြာချေရမှာလို့ တောင်းတယ်။
ကလေးနှစ်ဦးကလည်း တို့ဆေးအရှိန်ကြောင့်မို့ထင်တာပဲ၊ ဖုန်းတွေကို အသာ တကြည်ပဲပေးလိုက်တယ်။အချိန်ခဏလေးအတွင်းမှာ သတိပြန်ဝင်လာတော့ အဲဒီအမျိုးသမီးက ဆိုင်ကယ်နဲ့မောင်းပြေးသွားပြီ”ဟု ဒေသခံတဦးက ဆိုပါတယ်။
အလားတူ ၇တန်းအရွယ်ကျောင်းသားတဦး၏ မိခင်ဖြစ်သူကလည်း “အိမ်ကသားက ဆိုင်ကယ်စီးတတ်ခါစဆိုတော့ ရပ်ကွက်တဝိုက်ကို ပတ်စီးတတ်တယ်။တည နေကျတော့ သူ ကလစ်ဆိုင်ကယ်နဲ့စီးနေတုန်းက အမျိုး သမီးတဦးက တားပြီး ဒီနားက ဘုန်းကြီးကျောင်းတခုထဲ ကူညီပို့ပေးဖို့ပြောတယ်။
သူကလိုက်ပို့တော့ နောက်ကထိုင်လိုက်တဲ့ အမျိုးသမီးက သူ့လက်မောင်းကိုကိုင်လိုက်တဲ့နောက်ပိုင်း သူလည်း ဘာမှသတိမရတော့ဘူး။သတိပြန်လည်လာတော့ ဘုန်း ကြီးကျောင်းထဲမှာ တယောက်တည်းကျန်ခဲ့ပြီး ဆိုင်ကယ်ကို လိုက်ပို့ခိုင်းတဲ့အမျိုးသမီးက ယူပြေးသွားပြီ”ဟု ရှင်းပြပါတယ်။
ထို့ပြင် ဈေးအပြန်လမ်းလျှောက်လာသည့် အိမ်ရှင်မအမျိုးသမီးများကိုလည်း ခင်မင်သိကျွမ်းသယောင်နှုတ်ဆက်ကာ တို့ဆေးပုံစံအသုံးပြု၍ ပိုက်ဆံအိတ်ယူဆောင်သွားမှုဖြစ်စဉ်များလည်း မကြာခဏ ကြားနေရပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းကတို့ဆေးနဲ့ လုတဲ့ ဖြစ်ရပ် အများအပြား ဖြစ်ပွားခဲ့ပြီးတဲ့နောက် ယခုအချိန်မှာ တို့ဆေးတွေ ပြန်ခေါင်းထောင် လာပါတယ်။လုယက်ခံရလို့ ရဲစခန်းကို သွားတိုင်ရင်လည်း ရဲစခန်းတောင် အဝင်မခံတဲ့ အဖြစ်မျိုးနဲ့ ကြုံနေရပါတယ်။
အဲဒါကြောင့် ကလေးသူငယ်၊ အမျိုးသမီးများ တယောက်ထဲ အပြင်ထွက်မယ်ဆိုရင်အထူးဂရုစိုက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။မိမိအနားကို လူစိမ်းကပ်လာရင် အထူး သတိထားပါ။ လက်နဲ့ လက်မောင်းကို လာပုတ်ရင် သူ့ကို ပြန်ပုတ်လိုက်ပါ။ အိတ်ထဲမှာ သံပုရာသီးဆောင်ထားပါ။
တို့ဆေးနဲ့ လာတို့ရင်တောင် သတိမလွတ်စေဖို့ စိတ်ကို အမြဲ အဆင်သင့် လုပ်ထားကြပါ။ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရမယ့်သူတွေက ပြည်သူတွေကို ဒုက္ခပေးနေတဲ့ ဒီခေတ်မှာ မိမိရဲ့ လုံခြုံ ရေးကို မိမိဘာသာ ကာကွယ်ရမယ့် အခြေအနေ ရောက်ရှိနေပြီဖြစ်ကြောင်း အသိပေးလိုက်ရပါတယ် ခင်ဗျာ။
Credit