“ႏွစ္တိုင္း အဂၤလိပ္လို ( ၁၃ ) ရက္က်မွ သၾကၤန္ဘာလို႔က်တာလဲ?”
( ၁၂ )ရာသီပြဲေတာ္တို႔သည္ ႏွစ္တစ္ႏွစ္၏ လျပည့္ေန႔တြင္သာ က်င္းပၾကသည္။ ထိုပြဲေတာ္မ်ားအနက္ တစ္ခုျဖစ္ေသာ ၾသကၤန္ ပြဲေတာ္သည္ တန္ခူးလတြင္က်င္းပေသာ္လည္း လျပည့္ေန႔တြင္ က်င္းပေလ့မရွိဘဲ ဧၿပီ ( ၁၃ ) ရက္တြင္သာ က်င္းပကာ ႏွစ္ဆန္း တစ္ရက္ ကိုဧၿပီ( ၁၇ ) ဟု သတ္မွတ္ရျခင္းသည္ ႏိုင္ငံတကာ ျပကၡဒိန္ကို ယူထားသလား ဆိုသည္မွာ ေတြးစရာျဖစ္လာေလသည္။
အမွန္တကယ္အားျဖင့္ ကြၽႏ္ုပ္တို႔နီးနီးေလးႏွင့္ ေဝးေနေသာ ကိစၥ ျဖစ္ပါသည္။ ႏွစ္သစ္ကူးရက္သည္ ရက္ေပါင္း (၃၆၅) ရက္ႏွင့္( ၆ ) နာရီၾကာမွ တစ္ႏွစ္အတိျဖစ္ေသာေၾကာင့္ ဧၿပီ (၁၇) သည္ ႏွစ္ဆန္း တစ္ရက္ျဖစ္ေနျခင္းဟု လြယ္ကူစြာ ေျဖဆိုလိုပါသည္။
ႏွစ္ဆန္း တစ္ရက္ႏွင့္တြဲကာ ျဖစ္ေပၚလာေသာၾသကၤန္သည္လည္း လအလိုက္ ပြဲေတာ္မဟုတ္ေတာ့ဘဲ ႏွစ္သစ္ကူးအတြက္ က်င္းပေသာ တစ္ႏွစ္ ျပည့္ႏွစ္ပြဲေတာ္ေၾကာင့္ ျဖစ္ပါသည္။
လပြဲေတာ္က်င္းပရျခင္းမွာ ကြၽႏ္ုပ္တို႔ႏိုင္ငံတြင္ အသုံးျပဳေနသာ ျပကၡဒိန္(Lunar Calendar) သည္ လ၏ေျပာင္းလဲမႈ Moon’s Phase ျဖစ္သည္။
လသည္ ကမာၻကို တစ္ပတ္ပတ္ႏိုင္ရန္ အခ်ိန္ (၂၉) ရက္ ၊ ( ၁၂)နာရီ ၊ (၄၄)မိနစ္ ၊ (၃) စကၠန႔္ၾကာသည္။ တစ္ႏွစ္လွ်င္ (၃၅၄) ရက္ ၊ (၈) နာရီ ၊(၄၈) မိနစ္ ၊ (၃၄) စကၠန႔္ ၾကာသျဖင့္ အေနာက္တိုင္း ျပကဒိန္ႏွင့္စာလွ်င္ (၁၁) ရက္ ေရာ့နည္းေနသည္။
အၾကမ္းအားျဖင့္ေျပာရလွ်င္ (၃) ႏွစ္ၾကာေသာ္ တစ္လစာ ေရာ့ေန သျဖင့္ တစ္ႀကိမ္ဝါထပ္ေပးကာ တစ္ႏွစ္လွ်င္( ၁၃ )လၾကာ ျဖစ္ၿပီး ၾသကၤန္ကိုလည္း ( ၄ ) ရက္က်င္းပျခင္းျဖင့္ ရက္ထပ္ႏွစ္တစ္ရက္တိုး ေဖေဖာ္ဝါရီ (၂၉) ဆိုေသာ Leaping Year အေနာက္တိုင္း ျပကၡဒိန္ႏွင့္ သေဘာတရား သြားတူေနသည္။
အေနာက္တိုင္းသားတို႔သည္လည္း ျပကၡဒိန္တြက္ခ်က္ခဲ့ရာတြင္ အခက္အခဲမ်ားစြာကို ရင္ဆိုင္ခဲ့ရသည္။ ေနာက္ဆုံး လျပကၡဒိန္ Synodic Months မွ ဆင့္ကဲရင္း ေနသြားကို အေျချပဳ၍ လထပ္မရွိ ရက္ငင္သာရွိေသာ တြက္နည္း (Gregorian) ရရွိခဲ့မွသာ အဆင္ေျပသြားခဲ့သည္။
ဤ ျပကၡဒိန္သည္ လအယူအဆကို လုံးဝပယ္ခဲ့သည္ မဟုတ္ဘဲ တစ္လလွ်င္ (၂၈ ၊ ၂၉ ၊ ၃၀ ၊ ၃၁) စသည့္ ရက္ကြာျခားမႈမ်ားျဖင့္ ေတြ႕ရသည္။ တူရကီ ၊ ႐ုရွတို႔က (1917) ေရာက္မွ လက္ခံသည္ အထိ အခ်ိန္ ေနာက္က်ခဲ့သည္။
ႏွစ္သစ္ကူးရက္ကို သိႏိုင္ရန္ လူတိုင္းနားလည္လြယ္ေသာ (Gregorian) ျပကၡဒိန္ရွိေနလ်က္ အဘယ္ေၾကာင့္ ျမန္မာျပကၡဒိန္ကို ဦးေႏွာက္စားခံ တြက္ေနရသနည္းဆိုလွ်င္ ဝါႀကီးထပ္ ၊ ဝါငယ္ထပ္ ၊ ရက္ငင္ အစရွိေသာ လူတိုင္းနားမလည္ႏိုင္ေသာ ရက္စြဲကိုေျဖရွင္းရန္ ျမန္မာ့႐ိုးရာ ျပကၡဒိန္အခါေတာ္ေန႔ ၊ ေရွးျမန္မာ ဘုရင္အဆက္ ဆက္တို႔ အသုံးျပဳခဲ့သည့္ ေဝါဟာရျပကၡဒိန္ႏွင့္
အခါႀကီးရက္ႀကီး မ်ားကို ျပန္လည္တိုက္ယူႏိုင္ရန္ ၊ နည္းစနစ္ပိုက်ေသာ ရက္မ်ားႏွင့္ ပြဲေတာ္ ရက္မ်ား ကို တိက်စြာရရွိႏိူင္ရန္ ႏွင့္ အျခားအေၾကာင္းတရား မ်ားစြာ တို႔ေၾကာင့္ ေဗဒင္ပညာရွင္ ျပကၡဒိန္ေတာ္ဆက္အဖြဲ႕ကို အစိုးရက ခန႔္ထားတြက္ခ်က္ေစျခင္း ျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ တစ္ႏွစ္စာအတြက္ သူရိယသိဒၶႏၲက်မ္းကို အသုံးျပဳ သည္။ဤက်မ္းသည္ ကိန္းဂဏန္းတို႔ကိုသာ သီးသန႔္အေျခခံ တြက္ထားသျဖင့္ စက္ကိရိယာ နည္းပညာတို႔ျဖင့္ တြက္ခ်က္ေသာ အေနာက္တိုင္း ျပကၡဒိန္ေလာက္ တိတိက်က် မထြက္သည္ကို ဝန္ခံလိုပါသည္။
သူရိယသိဒၶႏၲတြက္ပုံမွာ
၁။ သူရိယမာသႏွစ္ (၁)ႏွစ္လွ်င္ (365) ရက္ (06:12:37) နာရီ
၂။ စႏၵရမာသ လ (၁)လလွ်င္ (29) ရက္ (12:44:03) နာရီ
၃။ စႏၵရမာသႏွစ္ (၁)ႏွစ္လွ်င္ (354)ရက္ (08:48:34) နာရီ
၄။ ေဝါဟာရႏွစ္ (၁)ႏွစ္လွ်င္ (354)ရက္ (00:00:00) နာရီ
၅။ အဓိမာသၿပိဳ (၁)ႀကိမ္လွ်င္(990)ရက္ (07:45:37) နာရီ
၆။ ရက္ငင္ၿပိဳ (၁)ႀကိမ္လွ်င္(1883)ရက္ (12:33:28) နာရီ
၇။ စႏၵရသံဝစၦရ (၁)ႏွစ္လွ်င္ (354) ရက္ (04:39:15) နာရီ
ဤနည္းမ်ားအနက္မွ နံပါတ္ -( ၁ )သူရိယမာသႏွစ္ (ကမာၻမွေနကို ပတ္ေသာ တြက္နည္း)
နံပါတ္ -( ၃ ) စႏၵရမာသႏွစ္ ( လဆန္းေန႔မွ ေနာက္ဆန္းအထိ ( ၁၂ ) ႀကိမ္ျပည့္ခ်ိန္ ကိုတြက္ ေသာ လျပကၡဒိန္ )
နံပါတ္ -( ၄ ) ေဝါဟာရႏွစ္ (သာမာန္ႏွစ္ ဝါႀကီးထပ္ (၃၈၅) ဝါငယ္ထပ္ (၃၈၄) စသည္တို႔ပါဝင္ေသာ တြက္နည္း ) ဤတြက္နည္းသုံးမ်ိဳးကို အခ်ိဳးခ်အသုံးျပဳတြက္ခ်က္ျခင္းျဖစ္သည္။
ထို႔ေၾကာင့္ ဝါထပ္ရက္ငင္ (ရက္တိုး)သည္ အေရးႀကီးေနျပန္သျဖင့္ သကၠရဇ္ကို (၁၉) ျဖင့္စားရင္း အႂကြင္းကိုမူတည္၍ ဝါထပ္ႏွစ္တို႔ကို သတ္မွတ္သည္။ ဆရာအမ်ိဳးမ်ိဳး ၊ တြက္နည္းအမ်ိဳးမ်ိဳး ၊ အႂကြင္း အမ်ိဳးမ်ိဳး တို႔ျဖင့္ ဆုံးျဖတ္ေသာ္လည္း ေညာင္ကန္ဆရာေတာ္၏ ဆုံးျဖတ္ခ်က္ျဖင့္ (၁ ၊၄ ၊၇ ၊၁၀ ၊၁၂ ၊၁၅ ၊၁၈ ) ႂကြင္းကို ဝါထပ္ႏွစ္ အျဖစ္ သတ္မွတ္ခဲ့သည္။
(၁၃၁၂) တြင္( ၁ ၊၄ ၊၆ ၊၉ ၊၁၂ ၊၁၅ ၊၁၇ ) ျပဳလုပ္ႏိုင္ခဲ့သျဖင့္ ျမန္မာ ျပကၡဒိန္ႏွစ္ဆန္း( ၁ ) ရက္သည္ အေနာက္တိုင္းႏွင့္ သြားတူသည္။
ဤ နည္းသည္ ႏွစ္ေပါင္း( ၆၀ ) ႏွင့္ (၁၄၄ )ရက္အၾကာမွ အေနာက္တိုင္းႏွင့္ ျမန္မာ ျပကၡဒိန္( ၁ ) ရက္သာကြာေတာ့သည္။ ထို႔ေၾကာင့္ BC – 3000 ၌ ေဖေဖာ္ဝါရီ ( ၁၈ ) ရက္ေန႔တြင္ ၾသကၤန္တက္ခဲ့သည္။ ထို႔ေၾကာင့္ ဘႀကီးေတာ္လက္ထက္က ဧၿပီ ( ၁၃ ) တြင္ၾသကၤန္တက္ခဲ့သည္။
ျမန္မာသကၠရဇ္ ( ၁၂၈၁ )ခု (1919 ) တြင္ ဧၿပီ (၁၆) တြင္ ၾသကၤန္ တက္သည္ဟု ေၾကညာကာ ယေန႔အထိပင္ သုံးစြဲအသုံးျပဳ ေနပါေၾကာင္း ေရးသားတင္ဆက္လိုက္ပါသည္။
သုခုမအလင္းတန္းမ်ား
ျပကၡဒိန္
“နှစ်တိုင်း အင်္ဂလိပ်လို ( ၁၃ ) ရက်ကျမှ သင်္ကြန်ဘာလို့ကျတာလဲ?”
( ၁၂ )ရာသီပွဲတော်တို့သည် နှစ်တစ်နှစ်၏ လပြည့်နေ့တွင်သာ ကျင်းပကြသည်။ ထိုပွဲတော်များအနက် တစ်ခုဖြစ်သော သြင်္ကန် ပွဲတော်သည် တန်ခူးလတွင်ကျင်းပသော်လည်း လပြည့်နေ့တွင် ကျင်းပလေ့မရှိဘဲ ဧပြီ ( ၁၃ ) ရက်တွင်သာ ကျင်းပကာ နှစ်ဆန်း တစ်ရက် ကိုဧပြီ( ၁၇ ) ဟု သတ်မှတ်ရခြင်းသည် နိုင်ငံတကာ ပြက္ခဒိန်ကို ယူထားသလား ဆိုသည်မှာ တွေးစရာဖြစ်လာလေသည်။
အမှန်တကယ်အားဖြင့် ကျွန်ုပ်တို့နီးနီးလေးနှင့် ဝေးနေသော ကိစ္စ ဖြစ်ပါသည်။ နှစ်သစ်ကူးရက်သည် ရက်ပေါင်း (၃၆၅) ရက်နှင့်( ၆ ) နာရီကြာမှ တစ်နှစ်အတိဖြစ်သောကြောင့် ဧပြီ (၁၇) သည် နှစ်ဆန်း တစ်ရက်ဖြစ်နေခြင်းဟု လွယ်ကူစွာ ဖြေဆိုလိုပါသည်။
နှစ်ဆန်း တစ်ရက်နှင့်တွဲကာ ဖြစ်ပေါ်လာသောသြင်္ကန်သည်လည်း လအလိုက် ပွဲတော်မဟုတ်တော့ဘဲ နှစ်သစ်ကူးအတွက် ကျင်းပသော တစ်နှစ် ပြည့်နှစ်ပွဲတော်ကြောင့် ဖြစ်ပါသည်။
လပွဲတော်ကျင်းပရခြင်းမှာ ကျွန်ုပ်တို့နိုင်ငံတွင် အသုံးပြုနေသာ ပြက္ခဒိန်(Lunar Calendar) သည် လ၏ပြောင်းလဲမှု Moon’s Phase ဖြစ်သည်။
လသည် ကမ္ဘာကို တစ်ပတ်ပတ်နိုင်ရန် အချိန် (၂၉) ရက် ၊ ( ၁၂)နာရီ ၊ (၄၄)မိနစ် ၊ (၃) စက္ကန့်ကြာသည်။ တစ်နှစ်လျှင် (၃၅၄) ရက် ၊ (၈) နာရီ ၊(၄၈) မိနစ် ၊ (၃၄) စက္ကန့် ကြာသဖြင့် အနောက်တိုင်း ပြကဒိန်နှင့်စာလျှင် (၁၁) ရက် ရော့နည်းနေသည်။
အကြမ်းအားဖြင့်ပြောရလျှင် (၃) နှစ်ကြာသော် တစ်လစာ ရော့နေ သဖြင့် တစ်ကြိမ်ဝါထပ်ပေးကာ တစ်နှစ်လျှင်( ၁၃ )လကြာ ဖြစ်ပြီး သြင်္ကန်ကိုလည်း ( ၄ ) ရက်ကျင်းပခြင်းဖြင့် ရက်ထပ်နှစ်တစ်ရက်တိုး ဖေဖော်ဝါရီ (၂၉) ဆိုသော Leaping Year အနောက်တိုင်း ပြက္ခဒိန်နှင့် သဘောတရား သွားတူနေသည်။
အနောက်တိုင်းသားတို့သည်လည်း ပြက္ခဒိန်တွက်ချက်ခဲ့ရာတွင် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသည်။ နောက်ဆုံး လပြက္ခဒိန် Synodic Months မှ ဆင့်ကဲရင်း နေသွားကို အခြေပြု၍ လထပ်မရှိ ရက်ငင်သာရှိသော တွက်နည်း (Gregorian) ရရှိခဲ့မှသာ အဆင်ပြေသွားခဲ့သည်။
ဤ ပြက္ခဒိန်သည် လအယူအဆကို လုံးဝပယ်ခဲ့သည် မဟုတ်ဘဲ တစ်လလျှင် (၂၈ ၊ ၂၉ ၊ ၃၀ ၊ ၃၁) စသည့် ရက်ကွာခြားမှုများဖြင့် တွေ့ရသည်။ တူရကီ ၊ ရုရှတို့က (1917) ရောက်မှ လက်ခံသည် အထိ အချိန် နောက်ကျခဲ့သည်။
နှစ်သစ်ကူးရက်ကို သိနိုင်ရန် လူတိုင်းနားလည်လွယ်သော (Gregorian) ပြက္ခဒိန်ရှိနေလျက် အဘယ်ကြောင့် မြန်မာပြက္ခဒိန်ကို ဦးနှောက်စားခံ တွက်နေရသနည်းဆိုလျှင် ဝါကြီးထပ် ၊ ဝါငယ်ထပ် ၊ ရက်ငင် အစရှိသော လူတိုင်းနားမလည်နိုင်သော ရက်စွဲကိုဖြေရှင်းရန် မြန်မာ့ရိုးရာ ပြက္ခဒိန်အခါတော်နေ့ ၊ ရှေးမြန်မာ ဘုရင်အဆက် ဆက်တို့ အသုံးပြုခဲ့သည့် ဝေါဟာရပြက္ခဒိန်နှင့်
အခါကြီးရက်ကြီး များကို ပြန်လည်တိုက်ယူနိုင်ရန် ၊ နည်းစနစ်ပိုကျသော ရက်များနှင့် ပွဲတော် ရက်များ ကို တိကျစွာရရှိနိူင်ရန် နှင့် အခြားအကြောင်းတရား များစွာ တို့ကြောင့် ဗေဒင်ပညာရှင် ပြက္ခဒိန်တော်ဆက်အဖွဲ့ကို အစိုးရက ခန့်ထားတွက်ချက်စေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် တစ်နှစ်စာအတွက် သူရိယသိဒ္ဓန္တကျမ်းကို အသုံးပြု သည်။ဤကျမ်းသည် ကိန်းဂဏန်းတို့ကိုသာ သီးသန့်အခြေခံ တွက်ထားသဖြင့် စက်ကိရိယာ နည်းပညာတို့ဖြင့် တွက်ချက်သော အနောက်တိုင်း ပြက္ခဒိန်လောက် တိတိကျကျ မထွက်သည်ကို ဝန်ခံလိုပါသည်။
သူရိယသိဒ္ဓန္တတွက်ပုံမှာ
၁။ သူရိယမာသနှစ် (၁)နှစ်လျှင် (365) ရက် (06:12:37) နာရီ
၂။ စန္ဒရမာသ လ (၁)လလျှင် (29) ရက် (12:44:03) နာရီ
၃။ စန္ဒရမာသနှစ် (၁)နှစ်လျှင် (354)ရက် (08:48:34) နာရီ
၄။ ဝေါဟာရနှစ် (၁)နှစ်လျှင် (354)ရက် (00:00:00) နာရီ
၅။ အဓိမာသပြို (၁)ကြိမ်လျှင်(990)ရက် (07:45:37) နာရီ
၆။ ရက်ငင်ပြို (၁)ကြိမ်လျှင်(1883)ရက် (12:33:28) နာရီ
၇။ စန္ဒရသံဝစ္ဆရ (၁)နှစ်လျှင် (354) ရက် (04:39:15) နာရီ
ဤနည်းများအနက်မှ နံပါတ် -( ၁ )သူရိယမာသနှစ် (ကမ္ဘာမှနေကို ပတ်သော တွက်နည်း)
နံပါတ် -( ၃ ) စန္ဒရမာသနှစ် ( လဆန်းနေ့မှ နောက်ဆန်းအထိ ( ၁၂ ) ကြိမ်ပြည့်ချိန် ကိုတွက် သော လပြက္ခဒိန် )
နံပါတ် -( ၄ ) ဝေါဟာရနှစ် (သာမာန်နှစ် ဝါကြီးထပ် (၃၈၅) ဝါငယ်ထပ် (၃၈၄) စသည်တို့ပါဝင်သော တွက်နည်း ) ဤတွက်နည်းသုံးမျိုးကို အချိုးချအသုံးပြုတွက်ချက်ခြင်းဖြစ်သည်။
ထို့ကြောင့် ဝါထပ်ရက်ငင် (ရက်တိုး)သည် အရေးကြီးနေပြန်သဖြင့် သက္ကရဇ်ကို (၁၉) ဖြင့်စားရင်း အကြွင်းကိုမူတည်၍ ဝါထပ်နှစ်တို့ကို သတ်မှတ်သည်။ ဆရာအမျိုးမျိုး ၊ တွက်နည်းအမျိုးမျိုး ၊ အကြွင်း အမျိုးမျိုး တို့ဖြင့် ဆုံးဖြတ်သော်လည်း ညောင်ကန်ဆရာတော်၏ ဆုံးဖြတ်ချက်ဖြင့် (၁ ၊၄ ၊၇ ၊၁၀ ၊၁၂ ၊၁၅ ၊၁၈ ) ကြွင်းကို ဝါထပ်နှစ် အဖြစ် သတ်မှတ်ခဲ့သည်။
(၁၃၁၂) တွင်( ၁ ၊၄ ၊၆ ၊၉ ၊၁၂ ၊၁၅ ၊၁၇ ) ပြုလုပ်နိုင်ခဲ့သဖြင့် မြန်မာ ပြက္ခဒိန်နှစ်ဆန်း( ၁ ) ရက်သည် အနောက်တိုင်းနှင့် သွားတူသည်။
ဤ နည်းသည် နှစ်ပေါင်း( ၆၀ ) နှင့် (၁၄၄ )ရက်အကြာမှ အနောက်တိုင်းနှင့် မြန်မာ ပြက္ခဒိန်( ၁ ) ရက်သာကွာတော့သည်။ ထို့ကြောင့် BC – 3000 ၌ ဖေဖော်ဝါရီ ( ၁၈ ) ရက်နေ့တွင် သြင်္ကန်တက်ခဲ့သည်။ ထို့ကြောင့် ဘကြီးတော်လက်ထက်က ဧပြီ ( ၁၃ ) တွင်သြင်္ကန်တက်ခဲ့သည်။
မြန်မာသက္ကရဇ် ( ၁၂၈၁ )ခု (1919 ) တွင် ဧပြီ (၁၆) တွင် သြင်္ကန် တက်သည်ဟု ကြေညာကာ ယနေ့အထိပင် သုံးစွဲအသုံးပြု နေပါကြောင်း ရေးသားတင်ဆက်လိုက်ပါသည်။
သုခုမအလင်းတန်းများ
ပြက္ခဒိန်