(Zawgyiျဖင့္ ဖတ္ရန္)
ႏွစ္သက္သူ ရႈံ႔ခ်သူေတြ မ်ားစြာနဲ႔ အြန္လိုင္းမွာ နာမည္ႀကီးေနတဲ့ My Possessive Step-Bro ဝတၴုစာအုပ္ ထုတ္ေဝသူကို စစ္ေကာင္စီက ဖမ္းဆီးလိုက္တယ္လို႔ သိရပါတယ္။
လိင္တူအဓမၼျပဳက်င့္မႈကို အေျခခံထားၿပီး ေယာက္်ားခ်င္း ခ်စ္ႀကိဳက္သြားတဲ့ My Possessive Step Bro ဝတၴုစာအုပ္ဟာ ထုတ္ေဝၿပီးၿပီးခ်င္းမွာပဲ နာမည္ႀကီးခဲ့ၿပီး
ဧၿပီလ ၃ ရက္ေန့က ရန္ကုန္နဲ႔ မႏၲေလးမွာ စတင္ ေရာင္းခ်ခဲ့ရာကေန တန္းစီ ၿပီး ဝယ္ယူခဲ့တဲ့ အထိ ေရာင္းေကာင္းခဲ့ေၾကာင္း သိရပါတယ္။ ဆယ္ေက်ာ္သက္ အရြယ္အမ်ိဳးသမီးေတြရဲ့
ပိုမိုစိတ္ဝင္စားျခင္း ခံရတဲ့ My Possessive Step Bro ဝတၴုစာအုပ္ဟာ လိင္ပညာေပးစာအုပ္လို႔ဆိုေပမယ့္ အရြယ္ေရာက္ၿပီးသူ (ဆယ့္ရွစ္ႏွစ္ ျပည့္ၿပီးသူ)ေတြသာ
ဖတ္ရမယ့္ လိင္အသားေပးစာအုပ္မ်ိဳး ျဖစ္ေနတယ္လို႔ ေဝဖန္သူအခ်ိဳ႕လည္း ရိွေနတာေၾကာင့္ ထုတ္ေဝသူကို စစ္ေကာင္စီက ဖမ္းဆီးၿပီးေတာ့ တရားစြဲဖို႔ ေဆာင္ရြက္ရျခင္း ျဖစ္တယ္လို႔ ဆိုလာပါတယ္။
ဒါ့အျပင္ ညစ္ညမ္းစာေပ ေလာင္းကစား နဲ႔ မူးယစ္ေဆးဝါး အေၾကာင္း အပါအဝင္ ႏိုင္ငံေတာ္လံုၿခံဳေရး တရားဥပေဒစိုးမိုးေရး ထိခိုက္ေစတဲ့ စာအုပ္ေတြ
ထုတ္ေဝခြင့္ မရိွဘူးလို႔လည္း စစ္ေကာင္စီက ထုတ္ျပန္ လာတာကို ေတြ့ရပါတယ္။ ပရိသတ္ႀကီးအေနနဲ႔လည္း ဒီစာအုပ္ပါ အေၾကာင္းအရာနဲ႔ ပတ္သက္တာေတြ
စစ္ေကာင္စီမွ ဤစာအုပ္ထုတ္ေဝသူကို ယခုလို ဖမ္းဆီးတာေတြႏွင့္ ပတ္သက္ၿပီး မိမိတို႔ရဲ့ ထင္ျမင္ ယူဆခ်က္ေလးေတြကို မွတ္ခ်က္ျပဳ ေရးသား ေပးခဲ့ၾကပါအံုးေနာ္။
(Unicodeဖြင့် ဖတ်ရန်)
နှစ်သက်သူ ရှုံ့ချသူတွေ များစွာနဲ့ အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ My Possessive Step-Bro ဝတ္ထုစာအုပ် ထုတ်ဝေသူကို စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
လိင်တူအဓမ္မပြုကျင့်မှုကို အခြေခံထားပြီး ယောက်ျားချင်း ချစ်ကြိုက်သွားတဲ့ My Possessive Step Bro ဝတ္ထုစာအုပ်ဟာ ထုတ်ဝေပြီးပြီးချင်းမှာပဲ နာမည်ကြီးခဲ့ပြီး
ဧပြီလ ၃ ရက်နေ့က ရန်ကုန်နဲ့ မန္တလေးမှာ စတင် ရောင်းချခဲ့ရာကနေ တန်းစီ ပြီး ဝယ်ယူခဲ့တဲ့ အထိ ရောင်းကောင်းခဲ့ကြောင်း သိရပါတယ်။ ဆယ်ကျော်သက် အရွယ်အမျိုးသမီးတွေရဲ့
ပိုမိုစိတ်ဝင်စားခြင်း ခံရတဲ့ My Possessive Step Bro ဝတ္ထုစာအုပ်ဟာ လိင်ပညာပေးစာအုပ်လို့ဆိုပေမယ့် အရွယ်ရောက်ပြီးသူ (ဆယ့်ရှစ်နှစ် ပြည့်ပြီးသူ)တွေသာ
ဖတ်ရမယ့် လိင်အသားပေးစာအုပ်မျိုး ဖြစ်နေတယ်လို့ ဝေဖန်သူအချို့လည်း ရှိနေတာကြောင့် ထုတ်ဝေသူကို စစ်ကောင်စီက ဖမ်းဆီးပြီးတော့ တရားစွဲဖို့ ဆောင်ရွက်ရခြင်း ဖြစ်တယ်လို့ ဆိုလာပါတယ်။
ဒါ့အပြင် ညစ်ညမ်းစာပေ လောင်းကစား နဲ့ မူးယစ်ဆေးဝါး အကြောင်း အပါအဝင် နိုင်ငံတော်လုံခြုံရေး တရားဥပဒေစိုးမိုးရေး ထိခိုက်စေတဲ့ စာအုပ်တွေ
ထုတ်ဝေခွင့် မရှိဘူးလို့လည်း စစ်ကောင်စီက ထုတ်ပြန် လာတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအနေနဲ့လည်း ဒီစာအုပ်ပါ အကြောင်းအရာနဲ့ ပတ်သက်တာတွေ
စစ်ကောင်စီမှ ဤစာအုပ်ထုတ်ဝေသူကို ယခုလို ဖမ်းဆီးတာတွေနှင့် ပတ်သက်ပြီး မိမိတို့ရဲ့ ထင်မြင် ယူဆချက်လေးတွေကို မှတ်ချက်ပြု ရေးသား ပေးခဲ့ကြပါအုံးနော်။