ၾကားသိရသမွ်

ကိုဗစ် ကန့်သတ်ချက်တချို့ဖြေလျှော့ပေးလိုက်ပြီ

မန္တလေးမှာ ကိုဗစ်-၁၉ ကြောင့် ကန့်သတ်ချက်တချို့ဖြေလျှော့မှုရှိလာ

မန္တလေး ဩဂုတ် ၂၂-၂၀၂၁

မန္တလေးတိုင်း တစက ကောင်စီက ဇူလိုင် ၄ ရက်နဲ့ ဩဂုတ် ၁၃ ရက်က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉နဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ ဒေသန္တရအမိန့်ကို ပယ်ဖျက်ပြီး ဒီနေ့ဩဂုတ် ၂၂ ရက်စွဲနဲ့ နောက်ထပ် အမိန့်ထုတ်ခဲ့ပါတယ်။

ဒီထဲမှာ အရင်က အချိန်အကန့်သတ်နဲ့ ထွက်ရမယ်ဆိုတဲ့အချက် မပါတော့တာအပြင် နယ်ကျော်ကဒ်၊ ဈေးဝယ်ကဒ် ကိစ္စတွေလည်း ထည့်သွင်းထားတာမတွေ့ရတော့ပါဘူး။

စားသောက်ဆိုင်တွေ အရင်ကပါဆယ်စနစ်နဲ့သာရောင်းဖို့ ထုတ်ပြန်ပေမယ့် ခုအမိန့်စာမှာ မပါတော့တဲ့အတွက် ပုံမှန်ရောင်းချခွင့်ရသွားတဲ့ သဘောတွေ့ရပါတယ်။

Stay at home ကိစ္စနဲ့ အပြင်ကိုထွက်တဲ့ကိစ္စကတော့ အရင်လို ဈေးဝယ်ရင် တယောက်တည်း၊ ဆေးရုံဆေးခန်းသွားရင် တယောက် အဖေါ်ခေါ်ခွင့်ရှိကြောင်း အရင်အမိန့်တွေအတိုင်း ဖြစ်ပါတယ်။

အပြည့်အစုံကို အမိန့်စာမှာ ဖတ်ကြည့်နိုင်ပါတယ်။

Voice Of Myanmar

———————–

မႏၲေလးမွာ ကိုဗစ္-၁၉ ေၾကာင့္ ကန႔္သတ္ခ်က္တခ်ိဳ့ေျဖေလၽွာ့မွုရွိလာ

မႏၲေလး ဩဂုတ္ ၂၂-၂၀၂၁

မႏၲေလးတိုင္း တစက ေကာင္စီက ဇူလိုင္ ၄ ရက္နဲ႔ ဩဂုတ္ ၁၃ ရက္က ထုတ္ျပန္တဲ့ ကိုဗစ္-၁၉နဲ႔ပတ္သက္ၿပီး ထုတ္ျပန္ခဲ့တဲ့ ေဒသႏၲရအမိန႔္ကို ပယ္ဖ်က္ၿပီး ဒီေန႔ဩဂုတ္ ၂၂ ရက္စြဲနဲ႔ ေနာက္ထပ္ အမိန႔္ထုတ္ခဲ့ပါတယ္။

ဒီထဲမွာ အရင္က အခ်ိန္အကန႔္သတ္နဲ႔ ထြက္ရမယ္ဆိုတဲ့အခ်က္ မပါေတာ့တာအျပင္ နယ္ေက်ာ္ကဒ္၊ ေဈးဝယ္ကဒ္ ကိစၥေတြလည္း ထည့္သြင္းထားတာမေတြ႕ရေတာ့ပါဘူး။

စားေသာက္ဆိုင္ေတြ အရင္ကပါဆယ္စနစ္နဲ႔သာေရာင္းဖို့ ထုတ္ျပန္ေပမယ့္ ခုအမိန႔္စာမွာ မပါေတာ့တဲ့အတြက္ ပုံမွန္ေရာင္းခ်ခြင့္ရသြားတဲ့ သေဘာေတြ႕ရပါတယ္။

Stay at home ကိစၥနဲ႔ အျပင္ကိုထြက္တဲ့ကိစၥကေတာ့ အရင္လို ေဈးဝယ္ရင္ တေယာက္တည္း၊ ေဆး႐ုံေဆးခန္းသြားရင္ တေယာက္ အေဖၚေခၚခြင့္ရွိေၾကာင္း အရင္အမိန႔္ေတြအတိုင္း ျဖစ္ပါတယ္။

အျပည့္အစုံကို အမိန႔္စာမွာ ဖတ္ၾကည့္နိုင္ပါတယ္။

Voice Of Myanmar