ၾကားသိရသမွ်

ရှုတင်မှာထမင်းတွေကိုဗိုက်အရမ်းဆာနေလို့ လက်နဲ့အားရပါးရစားနေတဲ့မောင်ဖြစ်သူပိုင်တံခွန်ကိုဗီဒီယိုလေးခိုးရိုက်ပြီးဆေးထိုးလိုက်တဲ့ မေချစ်သွေး




Source – May Chit Thway
Credit – CeleGabar

ပရိသတ်ကြီးရေ ပိုင်တံခွန်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မော်ဒယ်လ် မင်းသားချောလေးပဲဖြစ်ပါတယ်။ ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတော်တော်များများအထိပါ ထိုးဖောက်နိုင်တဲ့အထိအောင်မြင်မှုတွေရရှိထား နိုင်ခဲ့တဲ့ ပြည်သူ့အချစ်တော် တစ်ယောက်ပါ။

လတ်တလောမှာတော့ ပိုင်တံခွန်က အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေခဲ့ပြီး အနုပညာအလုပ်တွေက စန်းပြည့်ဝလွန်းလှတာကြောင့် မနားတမ်းကို အနုပညာအလုပ်တွေလုပ်ကိုင်နေခဲ့ရပါတယ်။ အနုပညာအလုပ်တွေမနားတမ်းလုပ်ကိုင်နေရတာကြောင့် ထမင်းကိုတောင် ရှုတင်မှာပဲစားရပြီး ရှုတင်မှာ ထမင်းကို အားရပါးရစားနေတဲ့ ပိုင်တံခွန်ကို အစ်မဖြစ်သူဗီဒီယိုလေးရိုက်ကူးပြီး ဆေးထိုးထားခဲ့ပါတယ်။

ပိုင်တံခွန်ကတော့ နိုင်ငံတကာထိထိုးဖောက်အောင်မြင်တဲ့ နာမည်ကြီးတစ်ယောက်ဖြစ်ပေမဲ့ ဟန်ဆောင်မာန်မာနမရှိပကာသနကင်းမဲ့လှတဲ့ သာမာန်လူတစ်ယောက်လို လက်နဲ့နယ်ဖတ်စားနေတဲ့ ပိုင်တံခွန်ကိုရဲ့ ပွင့်လွင်းမှုကို ပရိသတ်တွေကသဘောကျနေခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးရေ ပိုင်တံခွန်ရဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေ လိုက်ပါတယ်နော်။

Source – May Chit Thway
Credit – CeleGabar

Video Player

Video Player