ဖိလစ်ပိုင်နိုင်ငံရှိ Daisy အမည်ရှိအမျိုးသမီးတစ်ဦးဟာ ယခင်က လမ်းဘေးမှာ ဆားရောင်းပြီးအသက်မွေးဝမ်းကျောင်းပြုခဲ့ပေမဲ့လည်း ဟောင်ကောင်မှာ အိမ်အကူအဖြစ်အလုပ်သွားလုပ်ခဲ့ပြီးနောက် ယခုအခါ သူမက သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ Daisy ဟာ အရင်က လမ်းဘေးမှာ ဆားရောင်းလို့ရတဲ့အမြတ်အစွန်းကနေ သူ့မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရှာခဲ့ပါတယ်။ သို့ပေမဲ့ Daisy ဟာ သူမကလေးများအတွက် နှင့် သူမတို့ရဲ့မိသားစုစားဝတ်နေရေးအတွက် သူမက ဆားရောင်းတဲ့အလုပ်ကလွှဲ၍ ဘာမှမလုပ်နိုင်တာကြောင့် သူမ ငွေပိုစုနိုင်ရန် သူမ ကလေးများကိုထားခဲ့ပြီး နိုင်ငံခြားမှာအလုပ်သွားလုပ်ရန်ဆုံးဖြတ်ခဲ့ပါတယ်။ Daisy ဟာ ဟောင်ကောင်မှာ အိမ်အကူအဖြစ် အလုပ်ရှာခဲ့ပါတယ်။

Daisy ရဲ့ပထမဆုံးအိမ်အကူအလုပ်က အခြားအိမ်ဖော်အကူ အများစုတွေ့ကြုံရသည့်အရာများနှင့်တူပေမဲ့လည်း သူမရဲ့ဒုတိယအလုပ်ရှင်များကြောင့် သူမ ကံကောင်းခဲ့ရပါတယ်။ အခြားအိမ်အကူများကဲ့သို့ဆက်ဆံခံရမည့်အစား Daisy အား သူမရဲ့ဒုတိယအလုပ်ရှင်က မိသားစုဝင်ကဲ့သို့ ဆက်ဆံပေးခဲ့ကြပါတယ်။ ထို့ကြောင့် Daisy လည်း အလုပ်ကြိုးစားပြီး သူမရဲ့ဒုတိယအလုပ်ရှင်အပေါ်သစ္စာစောင့်သိခဲ့တာကြောင့် မကြာခင်မှာဘဲ Daisy ဟာ သူမရဲ့ကြိုးစားအားထုတ်မှုကြောင့် ငွေများနဲ့လက်ဝတ်လက်စားများစွာကိုလည်း အများကြီးလက်ခံရခဲ့ပါတယ်။

ဤကဲ့သို့လိုအကျိုးကျေးဇူးများအပြင် Daisy ဟာ ငွေကိုချွေတာသုံးစွဲနိုင်ခဲ့ပြီး ဖိလစ်ပိုင်မှာ သူမရဲ့မိသားစုအတွက် ၅ ထပ်အိမ်တစ်လုံးကိုတောင် တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ Daisy ဟာ သူမရဲ့အသက်ငယ်ရွယ်စဉ်နှစ်တွေမှာ ဆားများသာရောင်းခဲ့ပြီး သူမရဲ့မိသားစုအိမ်မက်ကို ဘယ်လိုအကောင်အထည်ဖော်တည်ဆောက်နိုင်ရန်အတွက်ကိုလည်း အမြဲစဉ်းစားနေခဲ့ပါတယ်၊ ဒါကြောင့်လည်း သူမဟာ လက်ရှိ သူမကလေးများရဲ့အနာဂတ်ကိုလုံခြုံစိတ်ချရအောင် ဖန်တီးပေးနိုင်ခဲ့သလို သူမရဲ့ကြိုးစားမှုရလဒ်ကလည်း တကယ့်ကိုအံ့ဩကျေနပ်စရာကောင်းနေခဲ့ပါတယ်။

Credit-Mia (KB Chimmy One)
Reference : ofwtambayan
Zawgyi
လမ်းဘေးမှာ ဆားရောင်းရင်း စတင်အသက်မွေးဝမ်းကျောင်းပြုခဲ့ပေမဲ့ ယခုအခါ သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာခဲ့တဲ့ အမျိုးသမီး
ဖိလစ်ပိုင်နိုင်ငံရှိ Daisy အမည်ရှိအမျိုးသမီးတစ်ဦးဟာ ယခင်က လမ်းဘေးမှာ ဆားရောင်းပြီးအသက်မွေးဝမ်းကျောင်းပြုခဲ့ပေမဲ့လည်း ဟောင်ကောင်မှာ အိမ်အကူအဖြစ်အလုပ်သွားလုပ်ခဲ့ပြီးနောက် ယခုအခါ သူမက သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ Daisy ဟာ အရင်က လမ်းဘေးမှာ ဆားရောင်းလို့ရတဲ့အမြတ်အစွန်းကနေ သူ့မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရှာခဲ့ပါတယ်။ သို့ပေမဲ့ Daisy ဟာ သူမကလေးများအတွက် နှင့် သူမတို့ရဲ့မိသားစုစားဝတ်နေရေးအတွက် သူမက ဆားရောင်းတဲ့အလုပ်ကလွှဲ၍ ဘာမှမလုပ်နိုင်တာကြောင့် သူမ ငွေပိုစုနိုင်ရန် သူမ ကလေးများကိုထားခဲ့ပြီး နိုင်ငံခြားမှာအလုပ်သွားလုပ်ရန်ဆုံးဖြတ်ခဲ့ပါတယ်။ Daisy ဟာ ဟောင်ကောင်မှာ အိမ်အကူအဖြစ် အလုပ်ရှာခဲ့ပါတယ်။

Daisy ရဲ့ပထမဆုံးအိမ်အကူအလုပ်က အခြားအိမ်ဖော်အကူ အများစုတွေ့ကြုံရသည့်အရာများနှင့်တူပေမဲ့လည်း သူမရဲ့ဒုတိယအလုပ်ရှင်များကြောင့် သူမ ကံကောင်းခဲ့ရပါတယ်။ အခြားအိမ်အကူများကဲ့သို့ဆက်ဆံခံရမည့်အစား Daisy အား သူမရဲ့ဒုတိယအလုပ်ရှင်က မိသားစုဝင်ကဲ့သို့ ဆက်ဆံပေးခဲ့ကြပါတယ်။ ထို့ကြောင့် Daisy လည်း အလုပ်ကြိုးစားပြီး သူမရဲ့ဒုတိယအလုပ်ရှင်အပေါ်သစ္စာစောင့်သိခဲ့တာကြောင့် မကြာခင်မှာဘဲ Daisy ဟာ သူမရဲ့ကြိုးစားအားထုတ်မှုကြောင့် ငွေများနဲ့လက်ဝတ်လက်စားများစွာကိုလည်း အများကြီးလက်ခံရခဲ့ပါတယ်။
ဤကဲ့သို့လိုအကျိုးကျေးဇူးများအပြင် Daisy ဟာ ငွေကိုချွေတာသုံးစွဲနိုင်ခဲ့ပြီး ဖိလစ်ပိုင်မှာ သူမရဲ့မိသားစုအတွက် ၅ ထပ်အိမ်တစ်လုံးကိုတောင် တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ Daisy ဟာ သူမရဲ့အသက်ငယ်ရွယ်စဉ်နှစ်တွေမှာ ဆားများသာရောင်းခဲ့ပြီး သူမရဲ့မိသားစုအိမ်မက်ကို ဘယ်လိုအကောင်အထည်ဖော်တည်ဆောက်နိုင်ရန်အတွက်ကိုလည်း အမြဲစဉ်းစားနေခဲ့ပါတယ်၊ ဒါကြောင့်လည်း သူမဟာ လက်ရှိ သူမကလေးများရဲ့အနာဂတ်ကိုလုံခြုံစိတ်ချရအောင် ဖန်တီးပေးနိုင်ခဲ့သလို သူမရဲ့ကြိုးစားမှုရလဒ်ကလည်း တကယ့်ကိုအံ့ဩကျေနပ်စရာကောင်းနေခဲ့ပါတယ်။
credit to original writer
photo credit



