ဘာသာစုံဂုဏ်ထူးရှင် ကိုထက်မြတ်နိုင် ထောင်ဒဏ်တစ် သက်ချခံရ
BVJ-ေမ၂၆၊၂၀၂၂
တက္ကသိုလ်ဝန်ထမ်းစာမေးပွဲမှာ ဘာသာစုံဂုဏ်ထူးထွက်ခဲ့သူ ရန်ကုန်နည်းပညာတက္ကသိုလ်(YTU) တတိယနှစ်ကျောင်းသား ကိုထက်မြတ်နိုင်ကို မြောက်ဒဂုံစစ်ခုံရုံးက မေ၁၈ရက်နေ့က ထောင်ဒဏ်တစ်သက်ချလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့သူတစ်ယောက်က Burma VJကို အတည်ပြုပါတယ်။
ကိုထက်မြက်နိုင်ကို ၂၀၂၂ခုနှစ် မတ်လ၂ရက်နေ့က မြောက်ဒဂုံ ၂၉ရပ်ကွက် နေအိမ်ကနေ စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ဖမ်းဆီးခေါ်ဆောင် သွားတာဖြစ်ပြီး မေ၁၈ရက်နေ့မှာ PDFတွေကို ဆက်သွယ် ထောက်ပံ့ ဆိုတဲ့စွပ်စွဲချက်နဲ့ ၅၀(ည)ပုဒ်မနဲ့ ထောင်ဒဏ်တစ်သက် ချခဲ့တာ ဖြစ်ပါတယ်။
ကိုထက်မြတ်နိုင်ဟာ စာတော်တဲ့ကျောင်းသားတစ်ဦးဖြစ်ပြီး ၂၀၁၆- ၂၀၁၇ တ က္ကသိုလ်ဝန်ထမ်းစာမေးပွဲမှာ ဘာသာစုံဂုဏ်ထူးထွက်ခဲ့ သူဖြစ်သလို ၂၀၁၄- ၂၀၁၅ခုနှစ် ရန်ကုန်တိုင်းပထမအဆင့် အဌမတန်း မှာလည်း လူရည်ချွန်ဆုရခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။
မေ၅ရက်နေ့ကလည်း မြောက်ဒဂုံ(၄၁)ရပ်ကွက်နဲ့(၃၂)ရပ် ကွက်တို့မှာနေတဲ့ ကိုဇော်ဇော်ထွန်း (ခ)ဇော်ကြီး၊ မင်းစစ်သွေး(ခ)ICE တို့လူငယ်နှစ်ဦးကို စစ်ခုံရုံးက ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပါတယ်။
မြောက်ဒဂုံ၊လှိုင်သာယာနဲ့ ရွှေပြည်သာတို့ဟာ အခုအချိန်ထိ စစ်အုပ်ချုပ် ရေး ထုတ်ပြန်ထားဆဲနယ်မြေတွေဖြစ်တာကြောင့် စစ်ခုံရုံးကနေ အခုလိုပြင်း ထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နေတာဖြစ်ပါတယ်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ၁ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီက အပြစ်မဲ့ အရပ်သား တစ်သောင်းတစ်ထောင်နီးပါးကို ဖမ်းဆီး တရားစွဲ ထောင်ချ တာတွေ ဆက်တိုက်လုပ်နေပါတယ်။
မြောက်ဒဂုံက ဘာသာစုံဂုဏ်ထူးရှင် ကိုထက်မြတ်နိုင် ထောင်ဒဏ်တစ် သက်ချခံရ
BVJ-မေ၂၆၊၂၀၂၂

Credit