ၾကားသိရသမွ်

ထူးထူးခြားခြား ပေါ်ပေါက်လာတဲ့ ကျောက်ပန်းချီကားနဲ့ စေတီဘုရား

ထူးထူးခြားခြား ပေါ်ပေါက်လာတဲ့ ကျောက်ပန်းချီကားနဲ့ စေတီဘုရား

မွန်ပြည်နယ် ပေါင်မြို့က ဒါရပ်ကွက် ကမ္ဘာအေး ဘုရားလမ်းကနေ တောင်တန်းကို လှမ်းမျှော် ကြည့်လိုက်ရင် ရွှေရောင် တဝင်းဝင်းနဲ့ စေတီလေးဖူးတွေ့ရမှာပါ။

ထိုစေတီလေးရဲ့ ထူးခြားမှု ကတော့ နဂါးမယ်တော်ပုံပဲ ဖြစ်ပါတယ်။ ဆေးရေး ပန်းချီဖြစ်ပြီး အမြင့်ကတော့ ၃၈ တောင် ခန့်ရှိတယ်။ ပေါင်မြို့နယ်ရဲ့ အကြီးဆုံး

ပန်းချီကား ဖြစ်ပါတယ်။ ကျောက်တောင် နံရံပေါ်မှာ ရေးဆွဲထားတာ ပုံလေးပါ။ ပေါင်မြို့ကနေ လှမ်းကြည့်ပါက စေတီသာ မြင်ရမှာပါ။ အခုတော့ ထိုဆေး ရေးပန်းချီကို

ကုသိုလ်ဖြစ် စေတနာရှင် လူတစ်စုက ရှေးမူမ ပျက်ပြန် လည်ပြီး ဆေးတင်ခြင်း ပြုလုပ်မှာ ဖြစ်ပါတယ်။ ပေါင်မြို့ရဲ့ ရှေးဟောင်းလက်ရာ ဆိုလည်း မမွားပါဘူး။

သွားချင်တယ် ဆိုရင်တော့ ဆုတောင်းပြည့်ဘုရား တက်တဲ့လမ်းက တက်လို့ ရသလို နန်းတော်ကုန်း သွားတဲ့ လမ်းကလည်း တက်လို့ရတယ်လို့ မိတ်ဆွေ တစ်ဦးက ပြောပြပါတယ်။

နတ်သား(ပုံ-ကိုအောင်သိုက်ဆီကကူးယူဖော်ပြသည်)

Zawgyi








Credit