မေကြးတိုင္း လႊတ္ေတာ္တြင္ထားမည့္ ဗိုလ္ခ်ဳပ္႐ုပ္တု ထုဆစ္မႈ ၿပီးစီး
မေကြးတိုင္း လႊတ္ေတာ္မွာထားရွိမယ့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္တုကို ထုဆစ္ ၿပီးစီးသြားၿပီလို႔ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒ ဦးတာက ေျပာပါတယ္။ “ဗိုလ္ခ်ဳပ္က တိုင္းျပဳျပည္ျပဳ လႊတ္ေတာ္ကို ေကာင္းေကာင္းတက္ေနတဲ့ပုံ၊ ပုံမွာ ေတာင္ရွည္ပုဆိုးနဲ႔ တိုက္ပုံနဲ႔၊ ေတာင္ရွည္ပုဆိုးကို လက္တဖက္က မထားတဲ့ပုံမ်ိဳးေပါ့။ ေတာင္ရွည္ပုဆိုးက ထူးထူးျခားျခားေပါ့။ ေမာက္က်က္သေရ ေခါင္းေပါင္းပါတယ္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းအေနနဲ႔ တက္တာမဟုတ္ဘူး။ ဦးေအာင္ဆန္းအေနနဲ႔ တက္တဲ့ပုံမ်ိဳး။ ပထမဆုံး လႊတ္ေတာ္မွာ တိုင္းျပဳျပည္ျပဳလႊတ္ေတာ္မွာ ဗိုလ္ခ်ဳပ္ဦးေဆာင္က်င္းပတဲ့ လႊတ္ေတာ္မွာ ပထမဆုံး စတတ္တဲ့ပုံ။”မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္မွာ ထားရွိမယ့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္တုကို အမ်ားကဲ့သို႔ ေၾကးသြန္း႐ုပ္တုျပဳလုပ္ကာ မထားခ်င္တဲ့အတြက္ တတုံးတည္း စက်င္ေက်ာက္ကို ရွာေဖြထုဆစ္ရတာ ျဖစ္ၿပီး အခ်ိန္ကာလ တစ္ႏွစ္ခြဲ ဝန္းက်င္ၾကာခဲ့တယ္လို႔ ဆိုပါတယ္။
အျမင့္ ၁၆ ေပရွိတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္တုကို အေလးခ်ိန္ တန္ ၃၀ ရွိ တစ္တုံးတည္း စက်င္ေက်ာက္ကို မႏၲေလးတိုင္းေဒသႀကီး မတၱရာၿမိဳ႕နယ္ရွိ စက်င္ေက်ာက္ေတြ ထုဆစ္တဲ့ စက်င္႐ြာမွာ ႐ုပ္ပုံထုဆစ္ပုံေဖာ္ျခင္းလုပ္ငန္း ၿပီးစီးၿပီျဖစ္လို႔ သယ္ယူႏိုင္ဖို႔ စီစဥ္ေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။
အဆိုပါ လႊတ္ေတာ္မွာ ထားရွိမယ့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း စက်င္ေက်ာက္႐ုပ္တုပုံကို ႏိုင္ငံေတာ္ အစိုးရေငြ သုံးစြဲျပဳလုပ္ျခင္းမဟုတ္ဘဲ ေစတနာရွင္အလႉေငြေတြနဲ႔ ေဆာင္႐ြက္ထားရွိေၾကာင္း၊ ႐ုပ္တုကုန္က်စရိတ္ကို မတြက္ခ်က္ရေသးရတာေၾကာင့္ မသိရေသးဘူးလို႔လည္း လႊတ္ေတာ္ဥကၠ႒က ေျပာပါတယ္။
ကိုလင္း(ေခ်ာက္)
Unicode
မကွေးတိုင်း လွှတ်တော်တွင်ထားမည့် ဗိုလ်ချုပ်ရုပ်တု ထုဆစ်မှု ပြီးစီး
မကွေးတိုင်း လွှတ်တော်မှာထားရှိမယ့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို ထုဆစ် ပြီးစီးသွားပြီလို့ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာက ပြောပါတယ်။ “ဗိုလ်ချုပ်က တိုင်းပြုပြည်ပြု လွှတ်တော်ကို ကောင်းကောင်းတက်နေတဲ့ပုံ၊ ပုံမှာ တောင်ရှည်ပုဆိုးနဲ့ တိုက်ပုံနဲ့၊ တောင်ရှည်ပုဆိုးကို လက်တဖက်က မထားတဲ့ပုံမျိုးပေါ့။ တောင်ရှည်ပုဆိုးက ထူးထူးခြားခြားပေါ့။ မောက်ကျက်သရေ ခေါင်းပေါင်းပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ တက်တာမဟုတ်ဘူး။ ဦးအောင်ဆန်းအနေနဲ့ တက်တဲ့ပုံမျိုး။ ပထမဆုံး လွှတ်တော်မှာ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဗိုလ်ချုပ်ဦးဆောင်ကျင်းပတဲ့ လွှတ်တော်မှာ ပထမဆုံး စတတ်တဲ့ပုံ။”မကွေးတိုင်းဒေသကြီး လွှတ်တော်မှာ ထားရှိမယ့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို အများကဲ့သို့ ကြေးသွန်းရုပ်တုပြုလုပ်ကာ မထားချင်တဲ့အတွက် တတုံးတည်း စကျင်ကျောက်ကို ရှာဖွေထုဆစ်ရတာ ဖြစ်ပြီး အချိန်ကာလ တစ်နှစ်ခွဲ ဝန်းကျင်ကြာခဲ့တယ်လို့ ဆိုပါတယ်။
အမြင့် ၁၆ ပေရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို အလေးချိန် တန် ၃၀ ရှိ တစ်တုံးတည်း စကျင်ကျောက်ကို မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ စကျင်ကျောက်တွေ ထုဆစ်တဲ့ စကျင်ရွာမှာ ရုပ်ပုံထုဆစ်ပုံဖော်ခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်လို့ သယ်ယူနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အဆိုပါ လွှတ်တော်မှာ ထားရှိမယ့် ဗိုလ်ချုပ်အောင်ဆန်း စကျင်ကျောက်ရုပ်တုပုံကို နိုင်ငံတော် အစိုးရငွေ သုံးစွဲပြုလုပ်ခြင်းမဟုတ်ဘဲ စေတနာရှင်အလှူငွေတွေနဲ့ ဆောင်ရွက်ထားရှိကြောင်း၊ ရုပ်တုကုန်ကျစရိတ်ကို မတွက်ချက်ရသေးရတာကြောင့် မသိရသေးဘူးလို့လည်း လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။
ကိုလင်း(ချောက်)