မိတၳီလာကန္တြင္ ေရဆင္းခ်ိဳးသည့္ ရဲတပ္သား အပါအဝင္ ၂ ဦး ေရနစ္ေသဆုံး
ေမဘယ္လ္သူ
မႏၲေလးတိုင္း၊မိတၱီလာၿမိဳ႕၊ ေပါက္ေခ်ာင္းကြက္သစ္ ေတာင္ကန္တြင္ ဧၿပီလ ၁၆ရက္ ညေန ၄နာရီအခ်ိန္ခန႔္က ရဲတပ္သားတစ္ဦးအပါအဝင္ ႏွစ္ဦး ေရဆင္းခ်ိဳးရာက ေရနစ္ေသဆုံးသြားေၾကာင္း သိရသည္။
ေရနစ္ေသဆုံးရာတြင္ ပါဝင္သည့္ ရဲတပ္သား ကိုဇင္မင္းထိုက္ ဆိုသူသည္ လုပ္သက္ခြင့္ျဖင့္ ျပန္လာစဥ္ မိတၳီလာကန္အတြင္းသို႔ ေရဆင္းခ်ိဳးရာမွ ေရနစ္ေသဆုံး ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။
“မိတၳီလာကန္က တစ္ႏွစ္တစ္ခါ လူစားတယ္ဆိုတဲ့ လူႀကီးေတြ ေျပာေနၾက စကားရွိတယ္။
အခုေရနစ္ ေသဆုံးတဲ့ အထဲမွာ ရဲတပ္သားတစ္ဦး အပါအဝင္ သုံးဦးေရနစ္တာ။
ရဲတပ္သားနဲ႔ တစ္ဦးကေတာ့ ေရနစ္ေသဆုံးၿပီး တစ္ဦးကေတာ့ ကယ္လို႔ရခဲ့တယ္” ဟု မိတၳီလာၿမိဳ႕ ေပါက္ေခ်ာင္းရပ္ကြက္ရွိ ေဒသခံတစ္ဦးက မဇၩိမကို ေျပာသည္။
ေရနစ္ေသဆုံးသည့္ အထဲတြင္ မိတၳီလာၿမိဳ႕နယ္၊ ျမင္းကန္အုပ္စု၊ အိုင့္ေက်းရြာမွ မိုးလွ(ခ)ရဲေက်ာ္ႏွင့္ ရဲတပ္သား ဇင္မင္းထိုက္(ခရိုင္ရဲအင္အား) အေျချပဳလႈပ္ရွားတပ္ခြဲ( – )ထီးခ်ိဳင့္ၿမိဳ႕နယ္ တို႔ျဖစ္သည္ဟု သိရသည္။
ေရနစ္ေသဆုံးသည့္ ႏွစ္ဦးတြင္ ျပင္ပ ဒဏ္ရာရွိမရွိ၊ ေရနစ္ေသဆုံးျခင္းႏွင့္ ပတ္သက္၍ ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္၊ မဟုတ္သိိနိုင္ေရး
အတြက္ ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း ဖြင့္ၿပီး စုံစမ္းစစ္ေဆး ေဆာင္ရြက္လ်က္ ိေၾကာင္း သိရသည္။Mizzima
Unicode
မိတ္ထီလာကန်တွင် ရေဆင်းချိုးသည့် ရဲတပ်သား အပါအဝင် ၂ ဦး ရေနစ်သေဆုံးမေဘယ်လ်သူ
မန္တလေးတိုင်း၊မိတ္တီလာမြို့၊ ပေါက်ချောင်းကွက်သစ် တောင်ကန်တွင် ဧပြီလ ၁၆ရက် ညနေ ၄နာရီအချိန်ခန့်က ရဲတပ်သားတစ်ဦးအပါအဝင် နှစ်ဦး ရေဆင်းချိုးရာက ရေနစ်သေဆုံးသွားကြောင်း သိရသည်။
ရေနစ်သေဆုံးရာတွင် ပါဝင်သည့် ရဲတပ်သား ကိုဇင်မင်းထိုက် ဆိုသူသည် လုပ်သက်ခွင့်ဖြင့် ပြန်လာစဉ် မိတ္ထီလာကန်အတွင်းသို့ ရေဆင်းချိုးရာမှ ရေနစ်သေဆုံး ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“မိတ္ထီလာကန်က တစ်နှစ်တစ်ခါ လူစားတယ်ဆိုတဲ့ လူကြီးတွေ ပြောနေကြ စကားရှိတယ်။ အခုရေနစ် သေဆုံးတဲ့ အထဲမှာ ရဲတပ်သားတစ်ဦး အပါအဝင် သုံးဦးရေနစ်တာ။
ရဲတပ်သားနဲ့ တစ်ဦးကတော့ ရေနစ်သေဆုံးပြီး တစ်ဦးကတော့ ကယ်လို့ရခဲ့တယ်” ဟု မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက်ရှိ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
ရေနစ်သေဆုံးသည့် အထဲတွင် မိတ္ထီလာမြို့နယ်၊ မြင်းကန်အုပ်စု၊ အိုင့်ကျေးရွာမှ မိုးလှ(ခ)ရဲကျော်နှင့် ရဲတပ်သား ဇင်မင်းထိုက်(ခရိုင်ရဲအင်အား) အခြေပြုလှုပ်ရှားတပ်ခွဲ( – )ထီးချိုင့်မြို့နယ် တို့ဖြစ်သည်ဟု သိရသည်။
ရေနစ်သေဆုံးသည့် နှစ်ဦးတွင် ပြင်ပ ဒဏ်ရာရှိမရှိ၊ ရေနစ်သေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ်သိိနိုင်ရေး
အတွက် မြို့မရဲစခန်းတွင် သေမှုသေခင်း ဖွင့်ပြီး စုံစမ်းစစ်ဆေး ဆောင်ရွက်လျက် ိကြောင်း သိရသည်။Mizzima