ၾကားသိရသမွ်

မင္းကြန္းျခ‌ေသၤ့ႀကီးအနီးေျမလိုင္းက်င္းတူးရာမွ ႏွစ္ေပါင္း ၂၀၀ေက်ာ္အၾကာေျမျမဳပ္ေနေသာ ျခ‌ေသၤ့႐ုပ္တုအစြယ္ႏွစ္ေခ်ာင္းေတြ႕ရွိ

မင္းကြန္းျခ‌ေသၤ့ႀကီးအနီးေျမလိုင္းက်င္းတူးရာမွ ႏွစ္ေပါင္း ၂၀၀ေက်ာ္အၾကာေျမျမဳပ္ေနေသာ ျခ‌ေသၤ့႐ုပ္တုအစြယ္ႏွစ္ေခ်ာင္းေတြ႕ရွိ

မင္းကြန္းျခ‌ေသၤ့ႀကီးအနီးေျမလိုင္းက်င္းတူးရာမွ ႏွစ္ေပါင္း ၂၀၀ေက်ာ္အၾကာေျမျမဳပ္ေနေသာ ျခ‌ေသၤ့႐ုပ္တုအစြယ္ႏွစ္ေခ်ာင္းအားျပန္လည္ေတြ႕ရွိ

စစ္ကိုင္းၿမိဳ႕နယ္၊မင္းကြန္း ယဥ္ေက်းမႈေဒသရွိ၊ မင္းကြန္းျခ‌ေသၤ့ ႀကီးအနီး ၾသဂုတ္လ ၁၉ရက္ေန႔က ေျမလိုင္းက်င္းတူးရာမွ ႏွစ္ေပါင္း ၂၀၀ေက်ာ္ၾကာ ေျမျမဳပ္ေပ်ာက္ကြယ္ေနသည့္ မင္းကြန္းသမိုင္းဝင္ ျခေသၤ့႐ုပ္ထုႀကီးမ်ား၏အစြယ္ ႏွစ္ေခ်ာင္းကို ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

 

“ခရီးသြားအဝင္အထြက္ အသြားအလာ လုံးဝမရွိေတာ့ ကိုဗစ္ကာလမွာ ေဈးဆိုင္အားလုံးပိတ္ထားၾကရတယ္။ကိုဗစ္ အလြန္ ႏိုင္ငံျခားသားဧည့္သည္ေတြဝင္လာရင္ ဆိုင္ခန္းေတြစနစ္တက်ဖြင့္ႏိုင္ေအာင္ မင္းကြန္းေလး႒ာနဆရာေတာ္မ်ားဦးစီးၿပီး ျခေသၤ့ႀကီးေတြရွိရာဝန္းအတြင္းအေနာက္ေတာင္ေထာင့္ေနရာမွာ ျပန္ေဆာက္ဖို႔ လိုင္းက်င္းတူးတာပါ။

လိုင္းက်င္းအနက္ တစ္ေပခြဲေလာက္မွာ စက်င္ေက်ာက္သားနဲ႔ျပဳလုပ္ထားတဲ့ ေရွးေဟာင္း ျခေသၤႀကီးေတြရဲ႕အစြယ္ ႏွစ္ေခ်ာင္းမေမွ်ာ္လင့္ဘဲတူးေဖာ္ေတြ႕ရွိတာပါ ”ဟု မင္းကြန္း ျခေသၤ့ႀကီး ေတာင္ဘက္ရွိ မင္းကြန္းအႏုပညာျပခန္းမွ ပန္းခ်ီဆရာကိုစုက ေျပာၾကားသည္။

တူးေဖာ္ေတြ႕ရွိရည့္ ျခေသၤ့႐ုပ္ထုမ်ား၏အစြယ္မ်ားမွ အရွည္ ၆၉ လက္မ၊လုံးပတ္ အရင္း ၆၅ လက္မ၊အလယ္ ၆၅ လက္မ၊အဖ်ား အတြင္း/အရင္းေနရာ ၂၀ လက္မႏွင့္ အခြၽန္းေနရာ ၁၆ လက္မ၊အခ်င္း ၃ေပရွိၿပီး ခန႔္မွန္း အေလးခ်ိန္ပိႆ (၁၀၀၀)ခန႔္ရွိေၾကာင္း သိရၿပီတူးေဖာ္ ေတြ႕ရွိခဲ့ေသာ စက်င္ေက်ာက္သားျခေသၤ့႐ုပ္တုအစြယ္မ်ားကို လက္ရွိ ျခေသၤ့ႀကီး ႏွစ္ေကာင္အနီးခုံေပၚတြင္ ယာယီထားရွိၿပီး မင္းကြန္းေလး႒ာနဆရာေတာ္မ်ားမွ ဆက္လက္ထိန္းသိမ္းေစာင့္ေရွာက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

အမရပူရ ပထမ ၿမိဳ႕တည္ ဘိုးေတာ္ဘုရားသည္ ျမန္မာသကၠရာဇ္(၁၁၅၂) ခုႏွစ္တြင္ စစ္ကိုင္းၿမိဳ႕နယ္ မင္းကြန္းယဥ္ေက်းမႈေဒသ၌ မင္းကြန္းပုထိုးေတာ္ႀကီး၊မင္းကြန္းေခါင္းေလာင္းႀကီး၊ျခေသၤ့ႀကီးႏွစ္ေကာင္ႏွင့္ စစ္ကိုင္း -မင္းကြန္းသြားလမ္း ေ႐ႊၾကက္ေထာင့္ေက်း႐ြာတြင္ ၾကက္ေထာင့္ကန္ႀကီးအား တည္ထားခဲ့ၿပီး မင္းကြန္းျခေသၤ့႐ုပ္ထုႏွစ္ေကာင္မွာ ေရွးေခတ္အုတ္ခ်ပ္ေရ ရွစ္သိန္းအကုန္အက်ခံတည္ခဲ့‌ေၾကာင္း၊အျမင့္ေပ ၉၅ေပရွိေၾကာင္း၊ ၁၂၀၀ ျပည့္ႏွစ္ကလႈပ္ခတ္ခဲ့ေသာ ငလ်င္ေၾကာင့္ ျခေသၤ့ႀကီး ႏွစ္ေကာင္ ေရွ႕ပိုင္းကိုယ္မ်ားၿပိဳက်ပ်က္စီး ေျမခခဲ့ရေၾကာင္းသမိုင္းမွတ္တမ္းမ်ားအရ သိရသည္။

ဓာတ္ပုံ- ကိုစု (မင္းကြန္း) ေဇယ်ာတိုင္းမ္

Unicode

မင်းကွန်းခြ‌င်္သေ့ကြီးအနီးမြေလိုင်းကျင်းတူးရာမှ နှစ်ပေါင်း ၂၀၀ကျော်အကြာမြေမြုပ်နေသော ခြ‌င်္သေ့ရုပ်တုအစွယ်နှစ်ချောင်းတွေ့ရှိ

မင်းကွန်းခြ‌င်္သေ့ကြီးအနီးမြေလိုင်းကျင်းတူးရာမှ နှစ်ပေါင်း ၂၀၀ကျော်အကြာမြေမြုပ်နေသော ခြ‌င်္သေ့ရုပ်တုအစွယ်နှစ်ချောင်းအားပြန်လည်တွေ့ရှိ

 

စစ်ကိုင်းမြို့နယ်၊မင်းကွန်း ယဉ်ကျေးမှုဒေသရှိ၊ မင်းကွန်းခြ‌င်္သေ့ ကြီးအနီး သြဂုတ်လ ၁၉ရက်နေ့က မြေလိုင်းကျင်းတူးရာမှ နှစ်ပေါင်း ၂၀၀ကျော်ကြာ မြေမြုပ်ပျောက်ကွယ်နေသည့် မင်းကွန်းသမိုင်းဝင် ခြင်္သေ့ရုပ်ထုကြီးများ၏အစွယ် နှစ်ချောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ခရီးသွားအဝင်အထွက် အသွားအလာ လုံးဝမရှိတော့ ကိုဗစ်ကာလမှာ ဈေးဆိုင်အားလုံးပိတ်ထားကြရတယ်။ကိုဗစ် အလွန် နိုင်ငံခြားသားဧည့်သည်တွေဝင်လာရင် ဆိုင်ခန်းတွေစနစ်တကျဖွင့်နိုင်အောင် မင်းကွန်းလေးဋ္ဌာနဆရာတော်များဦးစီးပြီး ခြင်္သေ့ကြီးတွေရှိရာဝန်းအတွင်းအနောက်တောင်ထောင့်နေရာမှာ ပြန်ဆောက်ဖို့ လိုင်းကျင်းတူးတာပါ။

လိုင်းကျင်းအနက် တစ်ပေခွဲလောက်မှာ စကျင်ကျောက်သားနဲ့ပြုလုပ်ထားတဲ့ ရှေးဟောင်း ခြင်္သေကြီးတွေရဲ့အစွယ် နှစ်ချောင်းမမျှော်လင့်ဘဲတူးဖော်တွေ့ရှိတာပါ ”ဟု မင်းကွန်း ခြင်္သေ့ကြီး တောင်ဘက်ရှိ မင်းကွန်းအနုပညာပြခန်းမှ ပန်းချီဆရာကိုစုက ပြောကြားသည်။

တူးဖော်တွေ့ရှိရည့် ခြင်္သေ့ရုပ်ထုများ၏အစွယ်များမှ အရှည် ၆၉ လက်မ၊လုံးပတ် အရင်း ၆၅ လက်မ၊အလယ် ၆၅ လက်မ၊အဖျား အတွင်း/အရင်းနေရာ ၂၀ လက်မနှင့် အချွန်းနေရာ ၁၆ လက်မ၊အချင်း ၃ပေရှိပြီး ခန့်မှန်း အလေးချိန်ပိဿ (၁၀၀၀)ခန့်ရှိကြောင်း သိရပြီတူးဖော် တွေ့ရှိခဲ့သော စကျင်ကျောက်သားခြင်္သေ့ရုပ်တုအစွယ်များကို လက်ရှိ ခြင်္သေ့ကြီး နှစ်ကောင်အနီးခုံပေါ်တွင် ယာယီထားရှိပြီး မင်းကွန်းလေးဋ္ဌာနဆရာတော်များမှ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ကြောင်းသိရသည်။

အမရပူရ ပထမ မြို့တည် ဘိုးတော်ဘုရားသည် မြန်မာသက္ကရာဇ်(၁၁၅၂) ခုနှစ်တွင် စစ်ကိုင်းမြို့နယ် မင်းကွန်းယဉ်ကျေးမှုဒေသ၌ မင်းကွန်းပုထိုးတော်ကြီး၊မင်းကွန်းခေါင်းလောင်းကြီး၊ခြင်္သေ့ကြီးနှစ်ကောင်နှင့် စစ်ကိုင်း -မင်းကွန်းသွားလမ်း ရွှေကြက်ထောင့်ကျေးရွာတွင် ကြက်ထောင့်ကန်ကြီးအား တည်ထားခဲ့ပြီး မင်းကွန်းခြင်္သေ့ရုပ်ထုနှစ်ကောင်မှာ ရှေးခေတ်အုတ်ချပ်ရေ ရှစ်သိန်းအကုန်အကျခံတည်ခဲ့‌ကြောင်း၊အမြင့်ပေ ၉၅ပေရှိကြောင်း၊ ၁၂၀၀ ပြည့်နှစ်ကလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ခြင်္သေ့ကြီး နှစ်ကောင် ရှေ့ပိုင်းကိုယ်များပြိုကျပျက်စီး မြေခခဲ့ရကြောင်းသမိုင်းမှတ်တမ်းများအရ သိရသည်။

ဓာတ်ပုံ- ကိုစု (မင်းကွန်း) ဇေယျာတိုင်းမ်