ၾကားသိရသမွ်

ျပင္ဦးလြင္မွာ ျဖစ္သြားတဲ့ အိမ္သာေရ မေဆးလို႔ဆိုၿပီး ရန္ျဖစ္ရာမွ…

ျပင္ဦးလြင္မွာ ျဖစ္သြားတဲ့ အိမ္သာေရ မေဆးလို႔ဆိုၿပီး ရန္ျဖစ္ရာမွ…

၂၀၂၂ဧၿပီ ၂၃ရက္ေန႔ နံနက္ ၈:၃၀အခ်ိန္ခန္႔တြင္မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕၊ ရ ကက

မဂၤလာတိုက္ခန္း အမွတ္ ၅ တြင္ေနထိုင္သူ ယဥ္ေမာင္းအလုပ္လုပ္ကိုင္ေသာအသက္ (၄၈)ႏွစ္အ႐ြယ္ဦးေစာမိုးလႈိင္သည္ေနအိမ္၌ရွိေနစဥ္ုျပင္ဦးလြင္ၿမိဳ႕ရကက (၄) ၄၁လမ္း

ဗလီ၊ ၆ရပ္ကြက္ ဗလီပိုင္ အေဆာက္အအုံအေပၚထပ္တြင္ အိမ္ငွားေနထိုင္ေသာ အေၾကာ္ေရာင္းသည့္အလုပ္လုပ္ကိုင္သူအသက္ (၅၈)ႏွစ္အ႐ြယ္

ေယာက္ဖေတာ္စပ္သူဦးခင္ေမာင္ထူးႏွင့္၎၏ သမီးျဖစ္သူ အသက္(၂၇ )ႏွစ္အ႐ြယ္မိုးသူဇာလႈိင္၊ သားျဖစ္သူအသက္ (၁၈ )ႏွစ္အ႐ြယ္

ဟိန္းထက္ေအာင္တို႔ႏွင့္လိပ္စာတူ တစ္အိမ္တည္းတြင္ေအာက္ထပ္၌ အိမ္ငွားေနထိုင္သူဖိနပ္ခ်ဳပ္လုပ္ငန္းလုပ္ကိုင္သူ

အသက္ (၄၅)ႏွစ္အ႐ြယ္ ေနလင္းထြန္းသည္အိမ္သာတစ္လုံးတည္းတြင္ အတူအသုံးျပဳၾကၿပီး၎အိမ္သာတြင္မစင္စြန္႔ၿပီးေနာက္ျပန္လည္ေဆးေၾကာျခင္းမရွိတဲ့ကိစၥႏွင့္

ပတ္သတ္ၿပီး တစ္ေယာက္တစ္ခြန္း စကားမ်ားရာမွ ေနအိမ္ေရွ႕လမ္းေပၚတြင္ေနလင္းထြန္းမွဦးခင္ေမာင္ထူးႏွင့္ မိုးသူဇာလႈိင္တို႔ႏွစ္ဦးအား ဓားျဖင့္ခုတ္ thet ၿပီး

ဟိန္းထက္ေအာင္အားဓါးျဖင့္ထပ္မံခုတ္ရာ ဓားဒဏ္ရာမ်ားရရွိသြားေၾကာင္းသိရပါသည္။

ေယာက္ဖျဖစ္သူဦးခင္ေမာင္ထူးႏွင့္ တူမျဖစ္သူမမိုးသူဇာလႈိင္တို႔အား tay ဆုံးသြားတဲ့အထိ ဓားျဖင့္ခုတ္ခဲ့သည့္အျပင္တူျဖစ္သူ ဟိန္းထက္ေအာင္အားျပင္းထန္ဒဏ္ရာမ်ားရရွိေအာင္ျပဳလုပ္သူ ေနလင္းထြန္းအား

ဧၿပီလ၂၃ရက္ေန႔ နံနက္၉:၁၀မိနစ္အခ်ိန္တြင္ ဦးေစာမိုးလႈိင္မွျပင္ဦးလြင္ရဲစခန္းသို႔ တိုင္းတန္းအမႈဖြင့္ထားေၾကာင္း သိရွိရပါသည္။

ဦးသက္(ေ႐ႊမိုးေသာက္)

Credit – ႏိုင္ငံ့သစၥာသတင္းဌာန

UNICODE ,

ပြင်ဦးလွင်မှာ ဖြစ်သွားတဲ့ အိမ်သာရေ မဆေးလို့ဆိုပြီး ရန်ဖြစ်ရာမှ…

၂၀၂၂ဧပြီ ၂၃ရက်နေ့ နံနက် ၈:၃၀အချိန်ခန့်တွင်မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၊ ရ ကက

မင်္ဂလာတိုက်ခန်း အမှတ် ၅ တွင်နေထိုင်သူ ယဉ်မောင်းအလုပ်လုပ်ကိုင်သောအသက် (၄၈)နှစ်အရွယ်ဦးစောမိုးလှိုင်သည်နေအိမ်၌ရှိနေစဉ်ုပြင်ဦးလွင်မြို့ရကက (၄) ၄၁လမ်း

ဗလီ၊ ၆ရပ်ကွက် ဗလီပိုင် အဆောက်အအုံအပေါ်ထပ်တွင် အိမ်ငှားနေထိုင်သော အကြော်ရောင်းသည့်အလုပ်လုပ်ကိုင်သူအသက် (၅၈)နှစ်အရွယ်

ယောက်ဖတော်စပ်သူဦးခင်မောင်ထူးနှင့်၎င်း၏ သမီးဖြစ်သူ အသက်(၂၇ )နှစ်အရွယ်မိုးသူဇာလှိုင်၊ သားဖြစ်သူအသက် (၁၈ )နှစ်အရွယ်

ဟိန်းထက်အောင်တို့နှင့်လိပ်စာတူ တစ်အိမ်တည်းတွင်အောက်ထပ်၌ အိမ်ငှားနေထိုင်သူဖိနပ်ချုပ်လုပ်ငန်းလုပ်ကိုင်သူ

အသက် (၄၅)နှစ်အရွယ် နေလင်းထွန်းသည်အိမ်သာတစ်လုံးတည်းတွင် အတူအသုံးပြုကြပြီး၎င်းအိမ်သာတွင်မစင်စွန့်ပြီးနောက်ပြန်လည်ဆေးကြောခြင်းမရှိတဲ့ကိစ္စနှင့်

ပတ်သတ်ပြီး တစ်ယောက်တစ်ခွန်း စကားများရာမှ နေအိမ်ရှေ့လမ်းပေါ်တွင်နေလင်းထွန်းမှဦးခင်မောင်ထူးနှင့် မိုးသူဇာလှိုင်တို့နှစ်ဦးအား ဓားဖြင့်ခုတ် thet ပြီး

ဟိန်းထက်အောင်အားဓါးဖြင့်ထပ်မံခုတ်ရာ ဓားဒဏ်ရာများရရှိသွားကြောင်းသိရပါသည်။

ယောက်ဖဖြစ်သူဦးခင်မောင်ထူးနှင့် တူမဖြစ်သူမမိုးသူဇာလှိုင်တို့အား tay ဆုံးသွားတဲ့အထိ ဓားဖြင့်ခုတ်ခဲ့သည့်အပြင်တူဖြစ်သူ ဟိန်းထက်အောင်အားပြင်းထန်ဒဏ်ရာများရရှိအောင်ပြုလုပ်သူ နေလင်းထွန်းအား

ဧပြီလ၂၃ရက်နေ့ နံနက်၉:၁၀မိနစ်အချိန်တွင် ဦးစောမိုးလှိုင်မှပြင်ဦးလွင်ရဲစခန်းသို့ တိုင်းတန်းအမှုဖွင့်ထားကြောင်း သိရှိရပါသည်။

ဦးသက်(ရွှေမိုးသောက်)

Credit – နိုင်ငံ့သစ္စာသတင်းဌာန