မိဘတွေဟာ သားသမီးတွေအပေါ် စုန်ရေပဲရှိတယ်၊ ဆန်ရေကို ဘယ်တော့မှ မမျှော်လင့်ဘူးဆိုပြီး ပြောကြတယ်။
တကယ်တော့ မိဘတွေရဲ့ စိတ်ထဲမှာ သားသမီးတွေအပေါ် မျှော်လင့်ချက် တစ်စုံ အမြဲတမ်း ကိန်းအောင်းနေပြီးသား ဖြစ်ပါတယ်။ သားသမီးတွေ စိတ်မကောင်းမှာဆိုးလို့သာ
ဘာမှမဖြစ်တဲ့ ပုံစံမျိုးတွေ ပြသနေတာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကျွေးမွေး စောင့်ရှောက်ထားတဲ့ မိမိ သားသမီးဆီက ဘာမှ မမျှော်လင့်ဘူးဆိုတာ ဘယ်ရှိပါ့မလဲ။
မိမိတောင် ပန်းပင်လေး တစ်ပင် စိုက်လိုက်တဲ့အခါ ၎င်းပန်းပင်လေးကို အခြား ပန်းပင်တွေရဲ့ အလယ်မှာ တင့်တယ် လှပစေချင်ကြတယ်။ ဒီလိုပဲလေ မိဘတွေကလည်း
ကိုယ့်သားသမီတွေကို လူပုံအလယ်မှာ အောင်မြင်စေချင်ကြတယ်။ တင့်တင့်တယ်တယ် နေထိုင်စေချင်ကြတယ်။
ဒါတင်မကသေးပဲ မိမိဟာ သစ်ပင်တစ်ပင်ကို စိုက်လိုက်တယ်ဆိုပါစို့ ဒီသစ်ပင်ကို စိုက်ရခြင်း ရည်ရွယ်ချက်က တစ်နေ့ မိမိအတွက် အရိပ်ကောင်းကောင်းတစ်ခု ဖြစ်စေဖို့၊
အသီးကောင်းကောင်းတွေ စားချင်လို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိုက်ပျိုးကြခြင်း ဖြစ်ပါတယ်။ အလားတူပဲ မိဘတွေဟာလည်း သူတို့ အသက်ရွယ် အိုမင်းသွားတဲ့အခါ
သားသမီးတွေက သူတို့အပေါ် ပြန်လည် အလုပ်အကျွေးပြုခြင်းတွေကို မျှော်လင့်ကြတာပါပဲ။ ဒီလို မျှော်လင့်ချက်တွေနဲ့ မိဘတွေဟာ အိုမင်းရင့်ရော်ခြင်းဆိုတဲ့ သင်္ခါရတရားကြီးဆီကို တစ်ဖြည်းဖြည်း လျှောက်လှမ်းလာကြပါတယ်။
နောက်ဆုံးတော့ သူတို့ရဲ့ မျှော်လင့်ခြင်း ပန်းပင်လေးတွေဖြစ်တဲ့ သားသမီးတွေဟာ သူတို့ မျှော်လင့်ထားတဲ့အတိုင်း လှပဝေဆာတဲ့ ပန်းလေးတွေပွင့်ဖူးပြီး
လူအများအလယ်မှာ လှချင်တိုင်းလှနေကြပါပြီ။ ဒါ့အပြင် အရိပ်ကောင်းတဲ့ သစ်ပင်ကြီးတစ်ပင် အဖြစ်ကိုလည်း ရောက်ရှိနေပါပြီ။
ဒါပေမဲ့ ဒီတင့်တယ်လှပမှုတွေ၊ အရိပ်ကောင်းရမှုတွေဟာ မူလပိုင်ရှင် မိဘတို့ အတွက်မဟုတ်ပဲ အခြား တစ်စုံတစ်ယောက်အတွက် ဖြစ်နေလေရဲ့။
ဒီအခါမှာတော့ မိဘတို့ရဲ့ မျှော်လင့်ချက်တွေဟာ ရေစုန်မျှောရပါတော့တယ်။ သင်္ခါရတရားကြီးဆီကို လျှောက်လှမ်းနေတဲ့ မိဘတွေအတွက် ဒီအချိန်မှာ ဘယ်မှာများ ခိုကိုးရာ ရှိပါတော့မလဲ။
Crd
Zawgyi
မိဘေတြဟာ သားသမီးေတြအေပၚ စုန္ေရပဲရွိတယ္၊ ဆန္ေရကို ဘယ္ေတာ့မွ မေမွ်ာ္လင့္ဘူးဆိုၿပီး ေျပာၾကတယ္။
တကယ္ေတာ့ မိဘေတြရဲ႕ စိတ္ထဲမွာ သားသမီးေတြအေပၚ ေမွ်ာ္လင့္ခ်က္ တစ္စုံ အၿမဲတမ္း ကိန္းေအာင္းေနၿပီးသား ျဖစ္ပါတယ္။ သားသမီးေတြ စိတ္မေကာင္းမွာဆိုးလို႔သာ
ဘာမွမျဖစ္တဲ့ ပုံစံမ်ိဳးေတြ ျပသေနတာ ျဖစ္ပါတယ္။ ငယ္စဥ္ကတည္းက ေကြၽးေမြး ေစာင့္ေရွာက္ထားတဲ့ မိမိ သားသမီးဆီက ဘာမွ မေမွ်ာ္လင့္ဘူးဆိုတာ ဘယ္ရွိပါ့မလဲ။
မိမိေတာင္ ပန္းပင္ေလး တစ္ပင္ စိုက္လိုက္တဲ့အခါ ၎ပန္းပင္ေလးကို အျခား ပန္းပင္ေတြရဲ႕ အလယ္မွာ တင့္တယ္ လွပေစခ်င္ၾကတယ္။ ဒီလိုပဲေလ မိဘေတြကလည္း
ကိုယ့္သားသမီေတြကို လူပုံအလယ္မွာ ေအာင္ျမင္ေစခ်င္ၾကတယ္။ တင့္တင့္တယ္တယ္ ေနထိုင္ေစခ်င္ၾကတယ္။
ဒါတင္မကေသးပဲ မိမိဟာ သစ္ပင္တစ္ပင္ကို စိုက္လိုက္တယ္ဆိုပါစို႔ ဒီသစ္ပင္ကို စိုက္ရျခင္း ရည္႐ြယ္ခ်က္က တစ္ေန႔ မိမိအတြက္ အရိပ္ေကာင္းေကာင္းတစ္ခု ျဖစ္ေစဖို႔၊
အသီးေကာင္းေကာင္းေတြ စားခ်င္လို႔ ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ စိုက္ပ်ိဳးၾကျခင္း ျဖစ္ပါတယ္။ အလားတူပဲ မိဘေတြဟာလည္း သူတို႔ အသက္႐ြယ္ အိုမင္းသြားတဲ့အခါ
သားသမီးေတြက သူတို႔အေပၚ ျပန္လည္ အလုပ္အေကြၽးျပဳျခင္းေတြကို ေမွ်ာ္လင့္ၾကတာပါပဲ။ ဒီလို ေမွ်ာ္လင့္ခ်က္ေတြနဲ႔ မိဘေတြဟာ အိုမင္းရင့္ေရာ္ျခင္းဆိုတဲ့ သခၤါရတရားႀကီးဆီကို တစ္ျဖည္းျဖည္း ေလွ်ာက္လွမ္းလာၾကပါတယ္။
ေနာက္ဆုံးေတာ့ သူတို႔ရဲ႕ ေမွ်ာ္လင့္ျခင္း ပန္းပင္ေလးေတြျဖစ္တဲ့ သားသမီးေတြဟာ သူတို႔ ေမွ်ာ္လင့္ထားတဲ့အတိုင္း လွပေဝဆာတဲ့ ပန္းေလးေတြပြင့္ဖူးၿပီး
လူအမ်ားအလယ္မွာ လွခ်င္တိုင္းလွေနၾကပါၿပီ။ ဒါ့အျပင္ အရိပ္ေကာင္းတဲ့ သစ္ပင္ႀကီးတစ္ပင္ အျဖစ္ကိုလည္း ေရာက္ရွိေနပါၿပီ။
ဒါေပမဲ့ ဒီတင့္တယ္လွပမႈေတြ၊ အရိပ္ေကာင္းရမႈေတြဟာ မူလပိုင္ရွင္ မိဘတို႔ အတြက္မဟုတ္ပဲ အျခား တစ္စုံတစ္ေယာက္အတြက္ ျဖစ္ေနေလရဲ႕။
ဒီအခါမွာေတာ့ မိဘတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြဟာ ေရစုန္ေမွ်ာရပါေတာ့တယ္။ သခၤါရတရားႀကီးဆီကို ေလွ်ာက္လွမ္းေနတဲ့ မိဘေတြအတြက္ ဒီအခ်ိန္မွာ ဘယ္မွာမ်ား ခိုကိုးရာ ရွိပါေတာ့မလဲ။
Crd