Zawgyi
ရန်ကုန် – နေပြည်တော်အမြန်လမ်းမှာနံနက်၆နာရီကဖြစ်သွားတာပါ
ဧပြီ ၂၄
ယနေ့ နံနက် ၆ နာရီခန့်က ရန်ကုန်- နေပြည်တော် အမြန်လမ်း

၉၉ မိုင် ၆ ဖာလုံမှာ နန်းထိုက်တော်ဝင် ခရီးသည်တင်ကား
တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း ကနဦးသတင်းများ အရသိရပါတယ်။
ယင်းဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိမှုကိုတော့ မသိရသေးပါဘူး။ရန်ကုန်/မန္တလေးအမြန်လမ်း မိုင်တိုင် ၉၉ မိုင် ၆ ဖာလုံ မှာ
ပျော်ဘွယ်မြို့မှ ရန်ကုန်မြို့သို့ထွက်ခွာလာသော နန်းထိုက်တော်ဝင် Express ချောက်ထဲကျ ကြောင်း သတင်းရရှိပါတယ်။

Phyo Hayman
Edit
ယနေ့၂၀၂၂ဧပြီ၂၄ရက် မနက် ၄ နာရီ ၄၇မိနစ်က မန္တလေး-ရန်ကုန်အမြန်လမ်း ၉၉ မိုင် ၅ ဖာလုံ တွင် Expressတစ်စီး အရှိန်လွန်ကာ ချောင်းထဲကျမှုဖြစ်စဉ် ဖြစ်ပွါးခဲ့သည်။
“၁၁ဦးထိခိုက်ဒဏ်ရာရရှိသွားပါတယ်။အသေအပျောက်တော့မရှိပါဘူး။ဆင်ဖြူတော်လူမှုကူညီရေးအသင်းက သွားရောက်ကူညီမှုတွေပြုလုပ်ခဲ့ပါတယ်။ဒဏ်ရာရသူတွေကို မြို့ကျောင်းဆေးရုံကိုပို့ဆောင်ပေးထားပါတယ်။

ဒဏ်ရာရသူတွေကလည်း ပြင်းပြင်းထန်ထန်စိုးရိမ်စရာအခြေအနေတော့မတွေ့ရပါဘူး။တစ်ယောက်ကတော့ ရင်ဘတ်အောင့်တဲ့ဝေဒနာခံစားရတယ်လို့ပြောပါတယ်”ဟု ဆင်ဖြူတော်လူမှုကူညီရေးအသင်းကပြောသည်။
တိမ်းမှောက်မော်တော်ယာဉ်သည် ရန်ကုန်-ပျော်ဘွယ် ပြေးဆွဲနေသော မော်တော်ယာဉ်ဟုသိရှိရသည်။
ဓါတ်ပုံ-ဆင်ဖြူတော်လူမှုကူညီရေးအသင်



