ၾကားသိရသမွ်

လျှာရှည်ချင်တဲ့ တက္ကစီမောင်းသမား နှင့် ဉာဏ်ကောင်းလွန်းတဲ့ မိခင်

ညတစ်ညမှာပေါ့။ အမျိုးသမီးတစ်ယောက်ဟာ ၈ နှစ်အရွယ်ကလေးငယ်နဲ့အတူ တက္ကစီငှါးစီးလာတယ်။

ဘတ်စ်ကားမှတ်တိုင် တစ်နေရာမှာ ညည့်ငှက်မလေးတွေကို ကလေးက မြင်တော့ မေးတယ်..။

“မေမေ.. အဲဒီမမတွေက ဘာလုပ်နေကြတာလဲဟင်”

မိခင်ဖြစ်သူက ကလေးကို အမှန်မပြောချင်ဘူး။ ဒါနဲ့ ပြန်ဖြေလိုက်တယ်။

“အော်.. သားရယ် အဲဒီမမတွေက သူတို့ယောင်္ကျား အိမ်ပြန်လာမှာကို စောင့်နေကြတာကွဲ့”

ဒါကို တက္ကစီမောင်းသူက ကြားပြီး ပြန်ပြောလိုက်တယ်..

“ဟာ အစ်မကြီး.. ကလေးတွေကို လိမ်မပြောရဘူးလေ.. အဲဒီမိန်းမတွေဟာ ယောင်္ကျားတွေကို မြူဆွယ်ပြီး

မကောင်းတာလုပ်စားနေတဲ့ မိန်းမတွေလို့ အမှန်အတိုင်း ပြောသင့်တာပေါ့”

ကလေးက “ဟုတ်လား မေမေ”

“အင်း အင်း ဟုတ်တယ်သား” မိခင်ဖြစ်သူက တက္ကစီသမားကို မကျေနပ်ပေမယ့် အမှန်အတိုင်း ပြန်ဖြေလိုက်ရတယ်..

“ဒီတစ်ခါ သားမေးရင် မလိမ်ရတော့ဘူးနော်”

“အင်းပါ သားရယ်” “အာ့ဆို.. သူတို့တွေမှာ ကလေးမွေးလာလို့ အဲဒီကလေးတွေ ကြီးလာရင် ဘာဖြစ်သွားကြလဲဟင်”

ဒီတစ်ခါတော့ မိခင်ဖြစ်သူက တက္ကစီမောင်းသူကို ကြည့်ရင်း ပြန်ဖြေလိုက်တယ်။

“အဲ.. အများစုကတော့ တက္ကစီမောင်းသူတွေ ဖြစ်လာကြတယ် သားရဲ့”

ငှင့်.. (လျှာရှည်ချင်အုံး)

မှတ်ချက်။ ပုံတွေက ပို့စ်နှင့် မဆိုင်ပါ။ လေးစားစွာဖြင့် မူရင်းရေးသားသူကို..

=============

UNICODE