ေဒၚေအာင္ဆန္းစုၾကည္ လြတ္ေျမာက္ႏိုင္မယ့္ အခ်ိန္ကို နကၡတ္ေဗဒင္ ဆရာႀကီးတစ္ဦး ေဟာကိန္းထုတ္
အသက္ ၇၆ ႏွစ္ရွိၿပီျဖစ္တဲ့ ျမန္မာႏိုင္ငံက ေ႐ြးေကာက္ခံေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို အာဏာသိမ္း စစ္ေကာင္စီရဲ႕ ေနျပည္ေတာ္ အထူးတရား႐ုံးက အဂတိလိုက္စားမႈနဲ႔ ဧၿပီလ ၂၇ ရက္ေန႔က ေထာင္ဒဏ္ ၅ ႏွစ္ ခ်မွတ္ခဲ့ပါတယ္။
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ဦးၿဖိဳးမင္းသိန္းဆီကေန ေ႐ႊနဲ႔ေဒၚလာေငြေတြယူခဲ့တယ္ဆိုတဲ့ အဂတိမႈ စြပ္စြဲခ်က္အမႈမွာ အခုလို ေထာင္ဒဏ္ ၅ ႏွစ္ ခ်မွတ္ခံရတာျဖစ္တယ္လို႔ သိရွိရပါတယ္။“မေက်နပ္ဘူးလို႔ကို ေျပာတယ္။ အယူခံကို ဆုံးခန္းတိုင္ေအာင္တက္ပါတဲ့” ဟု ယေန႔ (ဧၿပီ ၂၇) အမိန္႔ခ်ၿပီးခ်ိန္တြင္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာခဲ့သည္ဟု တရား႐ုံးႏွင့္ နီးစပ္သူထံမွ သိရသည္။
၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ အာဏာသိမ္းၿပီး တစ္လအၾကာတြင္ ၎တို႔ ထိန္းသိမ္းထားသည့္ ဦးၿဖိဳးမင္းသိန္းက ထိုသို႔ထုတ္ေျပာသည္ဟု စစ္ေကာင္စီက ႐ုပ္သံထုတ္လႊင့္ျပသရာ ယင္းမွာ လိမ္လည္ထြက္ဆိုျခင္းသာ ျဖစ္သည္ဟု ေဒၚေအာင္ဆန္းစုၾကည္က မွတ္ခ်က္ျပဳထားသည္။ေဒၚေအာင္ဆန္းစုၾကည္ဟာ ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္ေဖေဖာ္ဝါရီလ ၁ ရက္ စစ္တပ္အာဏာသိမ္းၿပီးကတည္းက ေနအိမ္မွာ ဖမ္းဆီးထိမ္းသိန္းခံထားရတာ ျဖစ္ပါတယ္။
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ လြတ္ေျမာက္ႏိုင္မယ့္ အခ်ိန္ကို နကၡတ္ေဗဒင္ ဆရာႀကီး ဦးတင္ဝင္းက အခုလို ေဟာကိန္းထုတ္ထားတာ ေတြ႕ရပါတယ္။ေဗဒင္ကိန္းခန္း အရေတာ့ ကိတ္ဒသာ- တနဂၤေႏြအႏၲရ ၂၀၂၂ ခုႏွစ္ ဇူလိုင္လ ၁၃ မွ ႏိုဝင္ဘာလ ၁၈ ရက္အတြင္း လြတ္ႏိုင္ပါတယ္။ဤသို႔ေဟာရာတြင္အေျခခံသည့္ ေကပီနကၡတ္ေဗဒ အခ်က္ မ်ား ။
၁။ ၂ တန္႔ဘာဝ (မိသားစု)၊ ၄ တန္႔ ဘာဝ (ေနအိမ္) ႏွင့္ ၁၁ တန္႔ ဘာဝ (ေဆြမ်ိဳး မိတ္ေဆြသဂၤဟာမ်ားႏွင့္ျပန္လည္ဆုံစည္းျခင္း/ လိုအင္ဆႏၵျပည့္ဝျခင္း) ဇာတ္ေဆာင္ၿဂိဳဟ္မ်ား ပူးတြဲ ဒသာ စားသည့္အခါ အခ်ဳပ္အေႏွာင္/ ေထာင္ မွလြတ္တတ္သည္။၂။ စေနဒသာ- တနဂၤေႏြအႏၲရ ၁၉၉၅ ခုႏွစ္ ဇူလိုင္လ ၁၀ ရက္ တြင္ ၆ ႏွစ္ ၾကာ ေနအိမ္အက်ယ္ခ်ဳပ္ မွ လြတ္ေျမာက္ခဲ့သည္။ ဗုဒၶဟူးဒသာ- တနဂၤေႏြအႏၲရ ၂၀၁၀ ျပည့္ႏွစ္ ႏိုဝင္ဘာလ ၁၃ ရက္ ညေန ၄:၃၃ နာရီတြင္ လုံးဝလြတ္ေျမာက္ခဲ့သည္။
၃။ ယခင္ ဒသာသခင္ စေနသည္ ရာဟုနကၡတ္ star ႏွင့္ တနလၤာနကၡတ္ခြဲ sub ကို စီးၿပီး၊ အခ်ဳပ္အေႏွာင္မွ လြတ္ေျမာက္ေစေသာ၂ တန္႔ – ၁၁ တန္႔ ဇာတ္ေဆာင္ၿဂိဳဟ္ျဖစ္သည္။ အႏၲရသခင္ တနဂၤေႏြသည္ အဂၤါနကၡတ္ ႏွင့္ ေသာၾကာနကၡတ္ခြဲကို စီးၿပီး အခ်ဳပ္အေႏွင္မွ လြတ္ေျမာက္ေစေသာ ၄ တန္႔- ၁၁ တန္႔ ဇာတ္ ေဆာင္ၿဂိဳဟ္ျဖစ္သည္။ ယခင္ ဒသာသခင္ ဗုဒၶဟူးမွာ ရာဟုနကၡတ္ ႏွင့္ ေသာၾကာနကၡတ္ခြဲ ကို စီးၿပီး၊ အခ်ဳပ္အေႏွာင္မွ လြတ္ေျမာက္ေစေသာ ၂ တန္႔- ၄ တန္႔- ၁၁ တန္႔ ဇာတ္ေဆာင္ၿဂိဳဟ္ျဖစ္သည္။
၄။ ယခုစားေနသည့္ ဒသာသခင္ ကိတ္မွာ ေသာၾကာနကၡတ္ ႏွင့္ တနလၤာ နကၡတ္ခြဲကိုစီးၿပီး၊ အခ်ဳပ္အေႏွာင္မွ လြတ္ေျမာက္ေစေသာ ၄ တန္႔- ၁၁ တန္႔ ဇာတ္ေဆာင္ၿဂိဳဟ္ျဖစ္သည္။၅။ ယခင္ဒသာသခင္ စေန ႏွင့္ ဗုဒၶဟူးတို႔ကဲ့သို႔ ၊ လက္ရွိဒသာသခင္ ကိတ္မွာ ၆ တန္႔ (ၿပိဳင္ဖက္အား ေအာင္ႏိုင္ျခင္း)၊ ၉ တန္႔ (ကံေကာင္းေထာက္မျခင္း) ႏွင့္ ၁၀တန္႔ (အာဏာ အရွိန္အဝါ၊ ေအာင္ျမင္မႈ) ဇာတ္ေဆာင္ၿဂိဳဟ္လည္း ျဖစ္သည္။လာမည့္ ဇူလိုင္လတြင္ က်ေရာက္မည့္ အႏၲရသခင္ တနဂၤေႏြသည္ ၆ တန္႔ ႏွင့္ ၉ တန္႔ ဇာတ္ေဆာင္ၿဂိဳဟ္လည္း ျဖစ္သည္။
၆။ ထို႔ျပင္ က်မ္း႐ိုးနကၡတ္ေဗဒင္အရ အႏၲရသခင္ တနဂၤေနသည္ အင္အားအေကာင္းဆုံး (၁၇၄%/ ႐ူပ ၅၀) ရထားၿပီး၊ ၉ တန္႔သခင္ အေနျဖင့္ ၁၀ တန္႔သခင္ ဗုဒၶဟူးျဖင့္ ပူးယွဥ္ၿပီး ရာဇယုဂ္ရထားသည္။ ၎တနဂၤေႏြစီးသည့္ နကၡတ္ အဂၤါ ႏွင့္ နကၡတ္ခြဲ ေသာၾကာတို႔မွာ ၆ တန္႔- ၁၂ တန္႔ သခင္တို႔ပူးယွဥ္၍ ဝိပရိတ ရာဇယုဂ္ ရထားသည္။ ဒသာသခင္ ကိတ္စီးသည့္ နကၡတ္ ေသာၾကာမွာလည္း ထိုရာဇယုဂ္တြင္ အႀကဳံးဝင္သည္။ေဂါဇာ ၾကာသာပေတး ကလည္း ၁၀ တန္႔ကိုဆက္လက္ျမင္ေနၿပီး၊ သာပင္အလယ္ဆိုသည့္အတိုင္း ဩဂုတ္- ေအာက္တိုဘာ ဝန္းက်င္တြင္ အက်ိဳးေပးသန္ႏိုင္မည္။ ဒသာ သခင္ ကိတ္သည္ စက္တင္ဘာလကုန္အထိ ၾကာသာပေတးနကၡတ္တြင္ စီးေနၿပီး၊ ထို႔ေနာက္ ရာဟုနကၡတ္ကိုေျပာင္းစီး မည္။
ျမန္မာျပည္ႀကီး ၿငိမ္းခ်မ္းပါေစ။
ေနာက္ဆက္တြဲ။
# စေန+ (၇-၂-၃+၁၁)/ နကၡတ္ star ရာဟု (၇)၊ ပူး တနဂၤေႏြ+ (၆-၉)၊ ဗုဒၶဟူး+ (၆-၇-၁၀+၈)၊ စေန+ (၇-၂-၃+၁၁)/ နကၡတ္ခြဲ sub တနလၤာ+ (၁၀-၈)
# တနဂၤေႏြ+ (၆-၉)/ နကၡတ္ အဂၤါ (၄-၅-၁၂)/ နကၡတ္ခြဲ ေသာၾကာ (၄-၆-၁၁)
#ဗုဒၶဟူး+ (၆-၇-၁၀-၈)/ နကၡတ္ ရာဟု (၇)၊ ပူး တနဂၤေႏြ+ (၆-၉)၊ ဗုဒၶဟူး+ (၆-၇-၁၀+၈)၊ စေန+ (၇-၂-၃+၁၁)/ နကၡတ္ခြဲေသာၾကာ (၄-၆-၁၁)
# ကိတ္ (၁)၊ ရာသီသခင္ ၾကာသာပေတး+ (၉-၁-၄+၃+၉)/နကၡတ္ ေသာၾကာ (၄-၆-၁၁)/ နကၡတ္ခြဲ တနလၤာ+ (၁၀-၈) + ၎ၿဂိဳဟ္မ်ား၏ နကၡတ္တြင္စီးသည့္ၿဂိဳဟ္မ ရွိဘဲ၊ ၎တို႔ ဘာဝသႏၶိနကၡတ္ခြဲသခင္ cuspal sub lord ျဖစ္သည့္ အတန္႔ (မ်ား) အတြက္ အားႀကီးေသာ ဇာတ္ေဆာင္ၿဂိဳဟ္ျဖစ္သည္။
Tin Win
Crd ေလးစားလ်က္
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်နိုင်မယ့် အချိန်ကို နက္ခတ်ဗေဒင် ဆရာကြီးတစ်ဦး ဟောကိန်းထုတ်
အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံက ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီရဲ့ နေပြည်တော် အထူးတရားရုံးက အဂတိလိုက်စားမှုနဲ့ ဧပြီလ ၂၇ ရက်နေ့က ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ဒေါ်လာငွေတွေယူခဲ့တယ်ဆိုတဲ့ အဂတိမှု စွပ်စွဲချက်အမှုမှာ အခုလို ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရတာဖြစ်တယ်လို့ သိရှိရပါတယ်။“မကျေနပ်ဘူးလို့ကို ပြောတယ်။ အယူခံကို ဆုံးခန်းတိုင်အောင်တက်ပါတဲ့” ဟု ယနေ့ (ဧပြီ ၂၇) အမိန့်ချပြီးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး တစ်လအကြာတွင် ၎င်းတို့ ထိန်းသိမ်းထားသည့် ဦးဖြိုးမင်းသိန်းက ထိုသို့ထုတ်ပြောသည်ဟု စစ်ကောင်စီက ရုပ်သံထုတ်လွှင့်ပြသရာ ယင်းမှာ လိမ်လည်ထွက်ဆိုခြင်းသာ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုထားသည်။ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးကတည်းက နေအိမ်မှာ ဖမ်းဆီးထိမ်းသိန်းခံထားရတာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်နိုင်မယ့် အချိန်ကို နက္ခတ်ဗေဒင် ဆရာကြီး ဦးတင်ဝင်းက အခုလို ဟောကိန်းထုတ်ထားတာ တွေ့ရပါတယ်။ဗေဒင်ကိန်းခန်း အရတော့ ကိတ်ဒသာ- တနင်္ဂနွေအန္တရ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၃ မှ နိုဝင်ဘာလ ၁၈ ရက်အတွင်း လွတ်နိုင်ပါတယ်။ဤသို့ဟောရာတွင်အခြေခံသည့် ကေပီနက္ခတ်ဗေဒ အချက် များ ။
၁။ ၂ တန့်ဘာဝ (မိသားစု)၊ ၄ တန့် ဘာဝ (နေအိမ်) နှင့် ၁၁ တန့် ဘာဝ (ဆွေမျိုး မိတ်ဆွေသင်္ဂဟာများနှင့်ပြန်လည်ဆုံစည်းခြင်း/ လိုအင်ဆန္ဒပြည့်ဝခြင်း) ဇာတ်ဆောင်ဂြိုဟ်များ ပူးတွဲ ဒသာ စားသည့်အခါ အချုပ်အနှောင်/ ထောင် မှလွတ်တတ်သည်။၂။ စနေဒသာ- တနင်္ဂနွေအန္တရ ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက် တွင် ၆ နှစ် ကြာ နေအိမ်အကျယ်ချုပ် မှ လွတ်မြောက်ခဲ့သည်။ ဗုဒ္ဓဟူးဒသာ- တနင်္ဂနွေအန္တရ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက် ညနေ ၄:၃၃ နာရီတွင် လုံးဝလွတ်မြောက်ခဲ့သည်။
၃။ ယခင် ဒသာသခင် စနေသည် ရာဟုနက္ခတ် star နှင့် တနင်္လာနက္ခတ်ခွဲ sub ကို စီးပြီး၊ အချုပ်အနှောင်မှ လွတ်မြောက်စေသော၂ တန့် – ၁၁ တန့် ဇာတ်ဆောင်ဂြိုဟ်ဖြစ်သည်။ အန္တရသခင် တနင်္ဂနွေသည် အင်္ဂါနက္ခတ် နှင့် သောကြာနက္ခတ်ခွဲကို စီးပြီး အချုပ်အနှေင်မှ လွတ်မြောက်စေသော ၄ တန့်- ၁၁ တန့် ဇာတ် ဆောင်ဂြိုဟ်ဖြစ်သည်။ ယခင် ဒသာသခင် ဗုဒ္ဓဟူးမှာ ရာဟုနက္ခတ် နှင့် သောကြာနက္ခတ်ခွဲ ကို စီးပြီး၊ အချုပ်အနှောင်မှ လွတ်မြောက်စေသော ၂ တန့်- ၄ တန့်- ၁၁ တန့် ဇာတ်ဆောင်ဂြိုဟ်ဖြစ်သည်။
၄။ ယခုစားနေသည့် ဒသာသခင် ကိတ်မှာ သောကြာနက္ခတ် နှင့် တနင်္လာ နက္ခတ်ခွဲကိုစီးပြီး၊ အချုပ်အနှောင်မှ လွတ်မြောက်စေသော ၄ တန့်- ၁၁ တန့် ဇာတ်ဆောင်ဂြိုဟ်ဖြစ်သည်။၅။ ယခင်ဒသာသခင် စနေ နှင့် ဗုဒ္ဓဟူးတို့ကဲ့သို့ ၊ လက်ရှိဒသာသခင် ကိတ်မှာ ၆ တန့် (ပြိုင်ဖက်အား အောင်နိုင်ခြင်း)၊ ၉ တန့် (ကံကောင်းထောက်မခြင်း) နှင့် ၁၀တန့် (အာဏာ အရှိန်အဝါ၊ အောင်မြင်မှု) ဇာတ်ဆောင်ဂြိုဟ်လည်း ဖြစ်သည်။လာမည့် ဇူလိုင်လတွင် ကျရောက်မည့် အန္တရသခင် တနင်္ဂနွေသည် ၆ တန့် နှင့် ၉ တန့် ဇာတ်ဆောင်ဂြိုဟ်လည်း ဖြစ်သည်။
၆။ ထို့ပြင် ကျမ်းရိုးနက္ခတ်ဗေဒင်အရ အန္တရသခင် တနင်္ဂနေသည် အင်အားအကောင်းဆုံး (၁၇၄%/ ရူပ ၅၀) ရထားပြီး၊ ၉ တန့်သခင် အနေဖြင့် ၁၀ တန့်သခင် ဗုဒ္ဓဟူးဖြင့် ပူးယှဉ်ပြီး ရာဇယုဂ်ရထားသည်။ ၎င်းတနင်္ဂနွေစီးသည့် နက္ခတ် အင်္ဂါ နှင့် နက္ခတ်ခွဲ သောကြာတို့မှာ ၆ တန့်- ၁၂ တန့် သခင်တို့ပူးယှဉ်၍ ဝိပရိတ ရာဇယုဂ် ရထားသည်။ ဒသာသခင် ကိတ်စီးသည့် နက္ခတ် သောကြာမှာလည်း ထိုရာဇယုဂ်တွင် အကြုံးဝင်သည်။ဂေါဇာ ကြာသာပတေး ကလည်း ၁၀ တန့်ကိုဆက်လက်မြင်နေပြီး၊ သာပင်အလယ်ဆိုသည့်အတိုင်း ဩဂုတ်- အောက်တိုဘာ ဝန်းကျင်တွင် အကျိုးပေးသန်နိုင်မည်။ ဒသာ သခင် ကိတ်သည် စက်တင်ဘာလကုန်အထိ ကြာသာပတေးနက္ခတ်တွင် စီးနေပြီး၊ ထို့နောက် ရာဟုနက္ခတ်ကိုပြောင်းစီး မည်။
မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။
နောက်ဆက်တွဲ။
# စနေ+ (၇-၂-၃+၁၁)/ နက္ခတ် star ရာဟု (၇)၊ ပူး တနင်္ဂနွေ+ (၆-၉)၊ ဗုဒ္ဓဟူး+ (၆-၇-၁၀+၈)၊ စနေ+ (၇-၂-၃+၁၁)/ နက္ခတ်ခွဲ sub တနင်္လာ+ (၁၀-၈)
# တနင်္ဂနွေ+ (၆-၉)/ နက္ခတ် အင်္ဂါ (၄-၅-၁၂)/ နက္ခတ်ခွဲ သောကြာ (၄-၆-၁၁)
#ဗုဒ္ဓဟူး+ (၆-၇-၁၀-၈)/ နက္ခတ် ရာဟု (၇)၊ ပူး တနင်္ဂနွေ+ (၆-၉)၊ ဗုဒ္ဓဟူး+ (၆-၇-၁၀+၈)၊ စနေ+ (၇-၂-၃+၁၁)/ နက္ခတ်ခွဲသောကြာ (၄-၆-၁၁)
# ကိတ် (၁)၊ ရာသီသခင် ကြာသာပတေး+ (၉-၁-၄+၃+၉)/နက္ခတ် သောကြာ (၄-၆-၁၁)/ နက္ခတ်ခွဲ တနင်္လာ+ (၁၀-၈) + ၎င်းဂြိုဟ်များ၏ နက္ခတ်တွင်စီးသည့်ဂြိုဟ်မ ရှိဘဲ၊ ၎င်းတို့ ဘာဝသန္ဓိနက္ခတ်ခွဲသခင် cuspal sub lord ဖြစ်သည့် အတန့် (များ) အတွက် အားကြီးသော ဇာတ်ဆောင်ဂြိုဟ်ဖြစ်သည်။
Tin Win
Crd လေးစားလျက်