စီးပွားရေးလုပ်ငန်းတစ်ခုကိုလုပ်ကိုင်ခဲ့ပြီဆိုတာနဲ့အခြားပြိုင်ဘက်စီးပွားရေးသမားများကိုအကောင်းဆုံးယှဉ် ပြိုင်နိုင်ရန်တော့အတွက်ဝယ်ယူသူတွေကိုစွဲဆောင်နိုင်ဖို့ကြိုးစားရပါတယ်။
ထိုသို့ကြိုးစားရာမှမတူညီသောစွဲ ဆောင်မှုများကဈေးကွက်ကိုနာမည်ရစေမှာဖြစ်ပါတ ယ်။
တရုတ်နိုင်ငံအရှေ့ပိုင်းရှန်ဒေါင်းပြည်နယ် Qingdaoမြို့တွင်ရှိသောဓာတ်ဆီဆိုင်တစ်ခု၏ဝယ်ယူသူတွေကိုစွဲ ဆောင်နိုင်ခဲ့ပုံဟာကားလမ်းပိတ်သည်အထိပင်ဖြစ်ခဲ့ရပါတယ်။
ထိုဓာတ်ဆီဆိုင်ဟာမော်ဒယ်ကောင်မလေးတွေကိုစကပ်တိုတိုလေးများဖြင့်ဈေးရောင်းခိုင်းခဲ့ရာ အလုအယက်ဝယ်ယူသူများကြောင့်လမ်းတစ်ခုလုံးပိတ်ကုန်ပါတော့တယ်။
ထို့ကြောင့်အစိုးရကပင် မသင့်တော်သည့်စီးပွားရေးစွဲဆောင်မှုနည်းလမ်းဟုသတ်မှတ်ကာတားမြစ်ခဲ့ပါတယ်။
Shoon (Cele Daily)
Credit
Shoon (Cele Daily)
Credit