ပြည်သူတွေ တပ်မတော်နှင့်ပူးပေါင်းလိုစိတ်မရှိပါက PR ဒီမိုကရေစီစနစ်အစားမြောက်ကိုရီးယား၏ ကွန်မြူနစ်စနစ်သို့ တပ်မတော်ကပြောင်းလဲသင့်ပြောင်းလဲမည်ဟုဆို
မေလ ၃ ရက်၊ ၂၀၂၂
အာဏာထိန်းကာလအတွင်း ပေါ်ပေါက်လာသည့် PDF အဖွဲ့များ၏ခြုံခိုတိုက်ခိုက်မှု့ကြောင့်တပ်မတော်သားများထိခိုက်မှုအများအပြားဖြစ်လာရခြင်းမှာ ပြည်သူများသည် PDF များအားတပ်မတော်၏သတင်းများကိုပေးပို့နေသည့်အတွက်ကြောင့်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပြောကြားလိုက်ပြီး ပြည်သူတွေ တပ်မတော်နှင့်ပူးပေါင်းလိုစိတ်မရှိပါက PR ဒီမိုကရေစီစနစ်အစား မြောက်ကိုရီးယား၏ကွန်မြူနစ်စနစ်သို့တပ်မတော်ကပြောင်းလဲသင့်ပြောင်းလဲရလိမ့်မည်ဟုခြိမ်းခြောက်ပြောဆိုလိုက်သည်။
မြောက်ကိုရီးယားအုပ်ချုပ်မှုစနစ်အတိုင်း ကျနော်တို့မလုပ်ချင်ပါဘူး၊ သို့သော် ခုအတိုင်း PDF တွေ၊ ပြည်သူတွေ တပ်မတော်ကိုဝိုင်းပြီး ချောင်ပိတ်ရိုက်နေမယ်ဆိုရင် အာ့ကျကျ ကျနော်တို့ သီးခံစိတ်ကုန်သွားရင် ရသမျှ၊လုပ်နိူင်သမျှ လုပ်တဲ့အခါ နာရမှာ ပြည်သူတွေသာဖြစ်တယ်ဆိုတာပြောချင်ပါတယ်။
ပြည်ပြေးမီဒီယာတွေ NUG အစိုးရနဲ့ပတ်သတ်ပြီး ပြီးခဲ့တဲ့အရင်ရက်ကကျနော်သတင်းစာရှင်းလင်းတဲ့ပွဲမှာ အနူကြီး ၊ အနူဘောမ ၊ အနူဘောမမီဒီယာ လို့ပြောခဲ့တဲ့စကားကို အနာကြီးရောဂါသည်တွေကိုဖိနှိပ်စော်ကားတဲ့ စကားဖြစ်တယ်စွပ်စွဲပြီး အနာကြီးရောဂါသည်တွေနဲ့တပ်မတော်ကို ရန်တိုက်ပေးတယ်၊ ဗိုလ်ချုပ်ဇော်မင်းထွန်းပြန်တောင်းပန်ပါဆိုပဲ၊ မတောင်းပန်ဘူးဗျာ …
ထပ်ပြောမယ် ……
အနူကြီးအစိုးရ၊ အနူဘောမမီဒီယာ ၊ အနူဘောမ အစိုးရ
မြဝတီရုပ်/ သံ ( 2:15 နာရီ ထုတ်လွှင့်မှုမှ)
ရဲဇော်
Credit