ၾကားသိရသမွ်

ကိုယ့်ရဲ့စိုက်ခင်းအတွက် 3 လခန့်အချိန်ယူပြီးကိုယ်တိုင်ရေတွင်းတူးခဲ့တဲ့ 51 နှစ်အရွယ်အမျိုးသမီး

ကိုယ့်ရဲ့စိုက်ခင်းအတွက် 3 လခန့်အချိန်ယူပြီးကိုယ်တိုင်ရေတွင်းတူးခဲ့တဲ့ 51 နှစ်အရွယ်အမျိုးသမီး

အိန္နိယနိုင်ငံမှာနေထိုင်လျက်ရှိတဲ့ အသက် 51 နှစ်အရွယ် Gauri S.Naik အမည်ရှိတဲ့အမျိုးသမီးဟာ အလုပ်သမားငှါးရမ်းခမတတ်နိုင်လို့ ကိုယ်တိုင်ရေတွင်းတူးခဲ့ရပါတယ် ။

အကြောင်းကတော့ သူမရဲ့စိုက်ခင်းအတွက် ရေအလုံအလောက်ရရှိအောင်ပါ ။ သူမဟာ ရေတွင်းအနက် ပေ 60 အထိ ရေတွင်းတူးခဲ့ရပြီး တစ်ရက်ကို 5 နာရီကနေ 6 နာရီအထိ အချိန်ပေးပြီး ရေတွင်းတူးခဲ့ရတာပါ ။

တစ်ရက် မှာတော့ သူမရဲ့အပေါင်းအသင်းတွေက အမြဲကိုက်ခဲနေတယ်ဆိုပြီး ညည်းညူနေခဲ့တဲ့သူမကို သံသယဖြစ်လာလို့ နေအိမ်လိုက်ကြည့်ခဲ့ချိန်မှာတော့ ရေတွင်းတစ်ယောက်တည်း တူးနေခဲ့တဲ့သူမရဲ့အဖြစ်ကို သိခဲ့ကြရတာပါ ။

ဒါကြောင့် အမျိုးသမီး 3 ယောက်က မြေကော်ထုတ်ဖို့ သူမကိုအကူအညီပေးခဲ့ကြပေမဲ့ တွင်းတူးတာကတော့ သူမတစ်ယောက်တည်းက ပြုလုပ်ခဲ့ရတာပါ ။

3 လအကြာမှာတော့ သူမရေကြောကိုတွေ့ခဲ့ပြီး ၊ သူမရဲ့ လုံးလစိုက်ထုတ်မှုက အရာထင်ခဲ့ကာ သူမအတွက်ရေလုံလုံလောက်လောက်ပေးနိုင်တဲ့ ရေတွင်းတစ်ခု ပိုင်ဆိုင်သွားခဲ့ပါပြီ ။

ရွာအတွင်းမှာလည်း သူမကို အာဂအမျိုးသမီးဆိုပြီး ခေါ်ဆိုသတ်မှတ်ခဲ့ကြပါတယ် ။ သူမရဲ့ကြိုးစားအားထုတ်မှုကြောင့် လက်ရှိမှာတော့ အုန်းပင် 15 ပင် ၊ ကွမ်းသီးပင် 150 ပင် နှင့် ငှက်ပျောပင်အချို့ ပိုင်ဆိုင်ထားနိုင်ခဲ့ပါပြီ ။ သူမရဲ့ ယုံကြည်မှု နဲ့ ဇွဲလုံးလကတော့ အံ့မခန်းပါပဲလေ ။

Credit