ပရိသတ်ကြီးရေ သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟာ လက်ရှိမှာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။
တောထဲမှာ ရောက်ရှိနေရင်း ချစ်တဲ့ပရိသတ်တွေနဲ့ လူမူ့ကွန်ယက်ပေါ်မှတစ်ဆင့် အဆက်အသွယ်မပျက် ရှိနေတာပဲ ဖြစ်ပါတယ်။
သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟာ လွတ်မြောက်နယ်မြေက မိတ်ဆွေတွေရဲ့ ဝမ်းနည်းစရာအဖြစ်အပျက်လေးတစ်ခုကို ရေးသားလာခဲ့ပါတယ်။
တစ်သက်လုံးအတူနေလာတဲ့မိသားစုတွေနဲ့ခွဲခွာခဲ့ကြရလို့အပူမီးတွေနဲ့အသားကျလာတဲ့အခါမှာပဲ…
လပေါင်းများစွာကြာရင်းနှီးနေထိုင်လာကြတဲ့ ညီလေး ညီမလေးတွေတချို့ သားငယ် သမီးငယ်တချို့ ကျနော်ရှိနေတဲ့နေရာက
နေ ပုံစံအမျိုးမျိုးနဲ့စွန့်ခွာသွားကြပြန်ပါတယ်။ ရုံးဌာန ကျောင်းပေါင်းများစွာ မြို့ပေါင်းများစွာ ကုမ္ပဏီပေါင်းများစွာ နေရာပေါင်းများစွာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာခဲ့ဘူးသူအနေနဲ့ အဆန်း တော့မဟုတ်ပေမယ့် သံယောဇဥ်တွေက ခွဲခွာကြတိုင်း နာကြင်ရပါတယ်။
ဒီနေ့ပဲ တာဝန်နဲ့ပြန်လာတဲ့သူတစ်ယောက်ကို ရေနွေးသောက်ဖို့ခေါ်ရင်း စကားထိုင်ပြောကြတော့ ဒီနေ့ ကျနော့် အမေမြေချတဲ့နေ့ပါတဲ့။
သူတာဝန်နဲ့သွားတဲ့နေ့က သူ့အမေကွယ်လွန်တဲ့နေ့….ဒီလိုပါပဲ ကျနော်နေတဲ့ နေရာမှာရှိတဲ့ သားငယ် သမီးငယ်တွေရဲ့ အမိအဖ မောင်နှမ အားလုံးဆိုရင် ၈ယောက်လောက် ကွယ်လွန်ခဲ့ကြပြီးပါပြီ။
ဘယ်လိုနှစ်သိမ့်ရမလည်းမသိတဲ့ အခြေအနေဆိုးတွေကို လတိုင်းဖြတ်ကျော်နေကြရပါတယ်။ကျနော့်အမေဆုံးသွားပြီ ကျနော့်အဖေဆုံးသွားပြီ ကျနော့်ညီမဆုံးသွားလို့ မေမေက ၄၆နှစ်ပဲရှိသေးတယ် ညီမလေးက ၁၅နှစ်ပါဆိုတဲ့ စကားသံတွေထွက်လာတဲ့သူတွေကိုငေးကြည့်ရင်း ပြောစရာစကားတွေက နှုတ်ဖျားမှာဆွံ့အနေခဲ့တယ်။
ကိုယ်ကသာ ဘယ်လိုအားပေးရမလည်း စကားလုံးရွေးနေစဥ်မှာပဲ သူတို့က ထင်းခွေသူခွေ ရေခပ်သူခပ်နဲ့ ပုံမှန်အခြေအနေနဲ့ နေသားကျနေကြပါပြီ။
ဒီနေ့ ကျနော်စာရေးစဥ်မှာပဲ မိုးတွေကအုံ့ဆိုင်းပြီး တဒိန်းဒိန်းခြိမ်းလို့နေပါတယ်။ နောက်ထပ်ဘယ်သူတွေစခန်းကို စွန့်ခွာနှုတ်ဆက်ကြဦးမလည်း…ဟုတ်ကဲ့ကျနော်ပါ။
အသက်ရှင်နေသ၍ ခွဲခွာခြင်းဆိုတာ ကျနော်တို့မယဥ်ပါးတဲ့မိတ်ဆွေပါပဲ လို့ ရေးသားထားတာကို တွေ့ရပါတယ်။
သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ရေးသားထားတဲ့ လွတ်မြောက်နယ်မြေက ဝမ်းနည်းစရာအဖြစ်အပျက်တွေကို ပရိသတ်တွေကလဲ စိတ်မကောင်းဖြစ်နေကြတာပဲ ဖြစ်ပါတယ်။
အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်.
Crd#