လူအများစုမှာ အိမ်မွေးတိရစ္ဆာန်အဖြစ် ခွေးလေး၊ ကြောင်လေးတွေကို အများဆုံးမွေးမြူထားကြကာ အသားစားမိကျောင်းတွေကိုတော့ မွေးစားဖို့မပြောနဲ့ ဘယ်သူကမှ အနားပင်မကပ်ရဲကြပါ။
သို့ပေမယ့် ထိုင်ဝမ်နိုင်ငံမှ အသက်၂၀ကျော်အရွယ် မိန်းကလေးတစ်ဦးသည် မိကျောင်းမွေးမြူရေးပိုင်ရှင်တစ်ဦးဆီကနေ မိကျောင်းပေါက်လေးတွေကို ဝယ်ယူပြီးတော့ အချစ်ဆုံးသူငယ်ချင်း မိတ်ဆွေတွေလို သတ်မှတ်ပြီးတော့ ပြုစုစောင့်ရှောက်ပေးခဲ့သည်။
မိန်းကလေးသည် အပြင်မှာသူငယ်ချင်းတွေနဲ့ ထွက်လည်မည့်အစား မိကျောင်းပေါက်လေးတွေကိုသာ ပိုပြီးဂရုစိုက်ကာ နွေးထွေးစွာဆက်ဆံပေးခဲ့ခြင်းဖြင့် မိကျောင်းပေါက်လေးတွေကလည်း သူတို့ရဲ့သခင်ပေါ်သိတတ်ကာ အတူအိပ် အတူစားဘဝနဲ့ ရန်မပြုပဲ အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့သည်။
မိန်းကလေးသည် သူမရဲ့ အိမ်မွေး တိရစ္ဆာန်မိကျောင်းတွေနဲ့အတူ တစ်နေ့တာဖြတ်သန်းပုံကို လိုင်းပေါ်တွင် မျှဝေခဲ့ရာ မြင်တွေ့သူများမှ မိန်းကလေးအစား ထိတ်လန့်နေကြပြီး အန္တရာယ်ပြုလာမည်ကို စိုးရိမ်ခဲ့ကြသည်။
Rain (For Ialinks)
Unicode
အိမ်မွေးတိရစ္ဆာန်အဖြစ် မိကျောင်း၆ကောင်ကို မွေးစားထားပြီး သူငယ်ချင်းမိတ်ဆက်တွေလို တပူးပူးတကပ်ကပ်နေခဲ့သော မိန်းကလေး

လေးစားလျက်