Unicode
သတိ မန္တလေး မြို့ကြီးမှာ နေ့စဉ်နေ့တိုင်း ဆိုင်ကယ်ပျောက်ဖုန်းအလုခံရ. ပိုက်ဆံအိပ်အလုခံရ. အဲ့ထက်ဆိုးတာ
ကရိုက်လုပြီး အသက်သေဆုံးသည်အထိ လွန်လွန်ကျူးကျူး လုယက်ခြင်း အဖွဲလိုက် ဓားဖြင့်ခုတ် ပြီးရိုက်လုခြင်း
နေစဉ်နေတိုင်း တမြို့လုံး တစ်နေရာ မဟုတ် တစ်နေရာ ဖြစ်နေတာပါ။အခုအချိန်မှာ ဘယ်သူကို မှ အားကိုးလို့မရ
မှန်းအားလုံးအသိပါ။ဒါကြောင့် မိမိကိုယ်ကို (အထူး)သတိကြီးကြီး ထားပြီးနေထိုင် ကြပါရန် သတိပေးအပ်ပါသည်။
၁။ ဆိုင်ကယ်စီးလျှင် ဖုန်းမပြောပါနှင့်၊ ဆွဲလုပါတယ်။ဖုန်း ၊ ပိုက်ဆံ အိပ် ခါးကြား မထိုးပါနဲ့။
၂။ ပိုက်ဆံအိပ်ထဲ တွင် မလိုအပ်ဘဲ ပိုက်ဆံ အများကြီး မထည်ပါနဲ့၊ မှတ်ပုံတင် မိတ္တူသာ ထည့်ထားပါလိုင်စင်ATM. အရေးကြီး ကဒ်များ မလိုအပ်ပဲ ပိုက်ဆံအိပ်ထဲ မထည့်ပါနဲ့ ၊ ဖုန်း ကာဗာ နောက်မှာ မထားပါနဲ့။အခိုးခံရအလုခံရတဲ့အချိန် ဖုန်းတင်မဟုပ်ပဲအဲ့ဒါ တေပါ အကုန်ပါသွား နိုင်လို့ပါ။
၃။ အမျိုးသမီးများ ဖြစ်နိုင်လျှင် တစ်ယောက်တည်းဆိုင်ကယ်မစီးပါနဲ့။ တစ်ယောက်ထဲ စီးလျှင်လည်းဆိုင်ကယ်ရပ် မနားပါနဲ့။ မိမိ သွားမည့် လမ်းကြောင်း ကို လမ်းမကြီးတေက သာ သွားပါ။ရပ်နားမည်ဆိုလျှင်လည်း ဘေး ဘယ်ညာကြည့်ပြီးစိတ်ချရမည့် နေရာမှာသာ ရပ်နားပါ။
၄။ မိမိစီးထားသော ဆိုင်ကယ် တန်ဖိုး ထက် ALarm. မည်သော သော့ဝယ်ရန် မနှမြော ပါနဲ့။ဈေးဆိုင်ထဲ ဝင်မည်ဆိုလျှင် သော့သေခြာခတ်ပြီးစိတ်ချမှ ဝင်ပါ။
၅။ အခုနောက်ပိုင်း အိမ်ထဲ တေပါ ဝင်ခိုးနေသည် ဖြစ်တဲ့အတွက် ခြံဝင်ထဲမှာ မထားပါနဲ့ အိမ်ထဲထိ သွင်းပါ။အဆောင် အိမ်ငှား များဆိုလျှင်လည်း Alarm. သော့ တပ်ဆင်ပါ။ သံကြိုးထပ်ခတ်ပါ။ ဘယ်လောက်မ. မပင်ပန်းပါဘူးအထက်ပါ အကြောင်းအရာတေက. ဒုတိယ အကြိမ်သတိပေးစကား ပါ။
ပထမ. တစ်ကြိမ် မနှစ်က. ၈ လပိုင်းလောက်တုန်းကတစ်ကြိမ် ရေးထားပါတယ်။ဆိုတော့ အကြိမ်ကြိမ် ဖြစ်လာရင် တော့ သူခိုးကို အပြစ်မတင်ချင်တော့ဘူး။နောက်တစ်ခုက. ဖြစ်တက်တဲ့ နေရာတေ ဈေးဆိုင်တေ တင်ပေးကြပါ။အဲ့နေရာတေ ရောက်ရင် သတိရှိအောင်ပါ။ကျန်တော် သိသလောက် တင်ပေးပါမယ်။သိသူများလည်း နေရာတေ ဆိုင်တေ တင်ကြပါ။
စက်မှု ၁။ ကနောင်မင်းသားကြီးလမ်း ၅၄ ၅၅. ပတ်ဝန်းကျင်၂။ ကနောင်မင်းသားကြီး လမ်း၆၆ ၆၇. အနီး၃ ။ ၆၂ စက်မှု လမ်းတစ်လျောက် ညဘက် အဖြစ်များ၄ ။မြစ်ငယ်အထွက် ညနေဘက် အဖြစ်များ ၆ယောက်အုပ်စု ၅ ။ တံခွန်တိုင် အနီး ၇၄ ၇၃ Danko ပတ်ဝန်းကျင် အမြန်လမ်း၆။ မြဝတီမင်းကြီးလမ်း ၇။ မနော်မြို့သစ်ဈေး ၆၆ ၆၅ ပတ်ဝန်းကျင် ၉။ ၇၃ နှင့် မနော် လမ်းဆုံ ပတ်ဝန်းကျင် ၁၀။ မြို့ပတ်လမ်း၁၁ ။ ၃၅ ၃၆. ကြား ၅၄ ၅၅. ပတ်ဝန်းကျင် အနီးတစ်ဝိုက်လူအရမ်းပျတ်တော့ အဖြစ်များဖြစ်နေကျနေရာ တေ အများကြီးပါ။သိသူများလည်း မန့်ပေးကြပါ။
နောက်ဆုံး တစ်ချက်က. ဈေးဆိုင်တေပါ။ဘယ်ဆိုင်ဝင်ဝင် ဇတ်သော့ Alarm သော့ သေခြာ ခတ်ပါ။ စိတ်မချသေးရင် သံကြိုးခတ်ပါ။သတိပေးတါ။ သတိပေးနေတာပါ။ သတိက ပိုတယ်လို့ကို မရှိပါဘူ။နေတိုင်း နေတိုင်းကြား နေရ မြင်နေရ. တာပါ။မိမိကိုယ်တိုင်ဂရု စိုက်နိုင်မှ သတိထားနိုင်မှ ရမှာပါ။
မန္တလေးမှက. ဆိုင်ကယ်မရှိရင် အလုပ်သမားတေအဖို့ ခြေထောက်ပြတ် သလိုပါပဲ။အခုခေတ်က တရုပ်ဘီးတောင် ၁၀ အောက်မကျဘူး။တန်ဖိုးထားကျပါ။ ဂရုစိုက်ကြပါ။အမှားပါရင်လည်း ခွင့်လွတ်ပါ။ မေတ္တာဖြင့်Crd နော်ရထာ