ၾကားသိရသမွ်

ဆရာဝန်ဇနီးဖြစ်သူကဆေးရုံ၌သူနာပြုအမျိုးသမီးတစ်ဦးကိုအုတ်နံရံပြင်မှာSee more

ဆရာဝန်ဇနီးဖြစ်သူကဆေးရုံ၌သူနာပြုအမျိုးသမီးတစ်ဦးကိုအုတ်နံရံပြင်မှာSee more

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စေတီတောင်တိုက်နယ် ဆေးရုံ၌ တာဝန်ထမ်းဆောင်နေသည့် သူနာပြုအမျိုးသမီးတစ်ဦးကို မေလ ၁၀ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် ဆရာဝန်၏ ဇနီးဖြစ်သူက ရိုက်နှက်ခဲ့၍ သတိမေ့လုနီးပါးဖြစ်ခဲ့ရသည်ဟု ကာယကံရှင်က ပြောသည်

ရိုက်နှက်ခံရသူမှာ သူနာပြု မနွေးနွေးနှင်းသန့်(၂၃ နှစ်) ဖြစ်ပြီး ၎င်းမှာ ရေချိုးရန်ပြင်ဆင်နေစဉ် စေတီတောင်တိုက်နယ်ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာညီညီမောင်၏ ဇနီးဖြစ်သူ ဒေါ်နွယ်နွယ်ဦးက လာရောက်ကာ အုတ်နံရံ၌ဦးခေါင်းကို အချက်ပေါင်းများစွာ ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု မနွေးနွေးနှင်းသန့်က ပြောသည်။

“ကျွန်မက ရေချိုးဖို့ လုပ်နေတာ။ အဲဒီအချိန်မှာ ရေချိုးခန်းတံခါး ခေါက်သံကြားလိုက်တယ်။ ကျွန်မက အဖော်ဆရာမတွေထင်လို့ တံခါးဖွင့်ကြည့်လိုက်တယ်။ တံခါးဖွင့်တော့ ဆရာမယားဖြစ်နေတယ်။ ကျွန်မက ဘာကိစ္စရှိပါလဲမေးတော့။ သူမက နင်အားလား၊ နင့်ကိုပြောစရာရှိတယ်။ နင်ဟာ အားမနာ လုပ်တယ်။

ဖန်ခွက်တွေကို ငါခွဲတယ်လို့ပြောတယ်။ အဲလိုပြောပြီးတော့ သူမက ပါးကို ရိုက်တယ်။ ဆံပင်ဆွဲလို့ အကြိမ်ပေါင်းများစွာ ရိုက်တယ်။ သူမက ကျွန်မထက် အားလည်းကြီး အရပ်လည်း ရှည်တော့ ဘာမှ လုပ်ဖို့ အခွင့်တောင်မရဘူး။ ကျွန်မဦးခေါ-င်းကို ကိုင်ပြီးတော့ အုတ်နံရံတွေမှာလည်းအချက်ပေါင်းများစွာထုတယ်။

ကျွန်မ နာကျင်လို့အော်တော့မှ အနီးမှာ ရှိတဲ့လူတွေလာမှ ကျွန်မကိုလွှတ်ပေးလိုက်တယ်။ ကျွန်မ သတိမေ့လုနီးပါး ဖြစ်သွားတယ်”ဟု သူမက ပြောသည်။စေတီတောင်အုပ်ချုပ်ရေးမှူး ဦးကျော်သန်းကလည်း အဆိုပါဖြစ်စဉ်မှာ မှန်ကန်ကြောင်းနှင့် ၎င်းထံတွင် သူနာပြုမနွေးနွေးနှင်းသန့်က တိုင်ချက် ဖွင့်ခဲ့သည်ဟု ပြောသည်။

“သူနာပြုတွေ ပြောကြားချက်အရ ဆရာဝန်မယားက သူ့ကို လာပြီး တော့ရိုက်နှက်ခဲ့တယ်။ အဲဒါကို ကျွန်တော့်ဆီမှာတော့ တိုင်ချက်ဖွင့်တယ်။ ကျွန်တော်လက်ခံလိုက်တယ်။ ဒီနေ့နံနက်က ဆရာဝန်ကိုယ်တိုင် သူ့မယားကို စစ်တွေကိုပို့လိုက်တယ်။ သင်္ဘောနဲ့။ သူကတော့ ဆေးရုံမှာကျန်ခဲ့တယ်”ဟု ပြောသည်

ယခုပြဿနာမှာ သူမအပေါ် မကျေနပ်ချက်များရှိရာမှ ယခုလိုရိုက်နှက်ခြင်းဖြစ်သည်ဟု သူမက ဆက်လက်ပြောသည်။”ဆေးရုံမှာက သူနာပြုသုံးယောက်ရှိတယ်။ အဲဒီထဲမှာ ကျွန်မက အသက် အငယ်ဆုံးပါ။ ဒီနှစ် ၁ လပိုင်း ၁၁ ရက်နေ့က ဆရာဝန်က ကျွန်မဖုန်းကို မက်ဆေ့ပို့တယ်။ သူမက်ဆေ့ပို့ထားတာကိုလည်း screenshot ရိုက်ထားတယ်။

သူကအရက်မူးပြီးတော့ အတူတူအိပ်ဖို့မလား၊ အိပ်နေယာလားဆိုပြီး မက်ဆေ့ ပို့ပါတယ်။ အဲဒီစာကိုမြင်တာနဲ့ ကျွန်မ အရမ်းငိုပါတယ်။ မိုးလင်းတော့ ကျွန်မဘူးသီးတောင်ကို ပြန်ခဲ့ပါတယ်။ ကျွန်မအိမ်မှာ ၄ ၊ ၅ ရက်နေပြီးတာတောင် သူက တောင်းပန်စာမပို့ခဲ့ဘူး။ အဲဒီတော့ ကျွန်မမိဘတွေနဲ့သွားပြီးတော့ မြို့နယ်ဆရာဝန်ကြီးကိုသွားတိုင်ခဲ့တယ်။

နောက်ပြီးမှ ဆရာညီညီမောင်က သူ့မယားနဲ့မှားလို့ ပို့မိတာလို့ ပြောပါတယ်။ တောင်းပန်တာ မဟုတ်ဘူး။ နောက်တစ်ခုက သြင်္ကန်တွင်းမှာ ဆရာမယားက ရုံးက ဖန်ခွက်တွေကို ခွဲတာကို သွားပြောလို့ စကားအချေအတင်ဖြစ်ခဲ့တယ်။ အဲဒါတွေကြောင့် ကျွန်မကို လာပြီးသေအောင် ရိုက်နှက်တာပါ။”ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စေတီတောင်တိုက်နယ်ဆေးရုံကြီးမှ ဆရာဝန်ကြီး ဒေါက်တာညီညီမောင်နှင့် ဇနီးဖြစ်သူတို့အပါအဝင် ဘူးသီးတောင်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းတို့ကို Narinjara က မေလ ၁၁ ရက်န့ကနေ ယနေ့ မေ ၁၂ ရက် နံနက် ၈ နာရီအထိဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ယင်းအပြင် ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ၎င်းအနေဖြင့် ဒေါက်တာ ညီညီအောင်၏ကိစ္စကို ကြားသိရသော်လည်း ဖြေကြားပိုင်ခွင့်မရှိကြောင်း ပြောသည်။

“ကျွန်တော်တို့မှာက ဌာနတွေအများကြီး ရှိပါတယ်။ ဆရာတို့က ကိုဗစ်ဆေးထိုးတဲ့ကိစ္စတွေကိုပဲ ဖြေကြားပေးတာ။ ဒီကိစ္စတွေကို ဖြေဖို့မတတ်ဘူး။ ဖြေပိုင်ခွင့်လည်း မရှိဘူး။ ဒီကိစ္စကို ဆရာတို့လည်း ကြားနေရပါတယ်။ ဒါပေမဲ့ ဖြေလို့ မရဘူး”ဟု ပြောသည်

အဆိုပါကိစ္စဖြစ်ပြီးနောက် မေလ ၁၁ ရက်နေ့တွင် ဒေါက်တာညီညီမောင်အား စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့တာဝန်ခန့်အပ် လိုက်သည်ဟု ပြည်နယ်ကုသရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ဒေါက်တာညီညီမောင်မှာ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဖြစ်ပြီး ၎င်းကို လုပ်ငန်းလိုအပ်ချက်အရ ဘူးသီးတောင်မြို့နယ် စေတီတောင်တိုက်နယ်ဆေးရုံတွင် ယာယီတာဝန်ချထားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

နိရဥၥရာ

လေးစားလျက်