ၾကားသိရသမွ်

တစ်ခါအားသွင်းရုံနဲ့ (၁၂) နှစ် ကြာသည်အထိ အသုံးပြုနိုင်မည့် ဘက်ထရီကို ထုတ်လုပ်လိုက်သည့် ပညာရှင်

တစ်ခါအားသွင်းရုံနဲ့ (၁၂) နှစ် ကြာသည်အထိ အသုံးပြုနိုင်မည့် ဘက်ထရီကို ထုတ်လုပ်လိုက်သည့် ပညာရှင်

အားပြန်သွင်းစရာ မလိုဘဲ နှစ်ပေါင်း (၁၂) နှစ်ကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီကို ယူကရိန်း သိပ္ပံပညာရှင်တစ်ဦး ဟာ တီထွင် ဖန်တီးလိုက်ပါတယ်နော်။

အဲ့ဒီ ဘက်ထရီ ဟာ စမတ်ဖုန်းတွေ အတွက် သာမက ကားတွေ မှာပါ အသုံးပြုနိုင်ပါတယ်တဲ့။

တီထွင်ဖန်တီးခဲ့သူ ကတော့ ယူကရိန်း သိပ္ပံပညာရှင် Vladislav Kiselev ပါ။

သူဟာ Bioorganic Chemistry and Petrochemistry တက္ကသိုလ်ရဲ့ သုတေသီတစ်ဦး ဖြစ်သလို ယူကရိန်းအမျိုးသား သိပ္ပံကျောင်းရဲ့ ပါမောက္ခတစ်ဦး လည်း ဖြစ်ပါတယ် နော် ။

သူ ဖန်တီးလိုက်တဲ့ ဘက်ထရီကိုတော့ 2016 edition of Sikorsky Challenge မှာ မိတ်ဆက် ပြ သခဲ့တာပါ။

ဘက်ထရီရဲ့ ပုံစံဟာ မီးခြစ်ဆံဘူးနဲ့ တူပါတယ်။ ရေဒီယို ဓါတ်သတ္တိကြွ ပစ္စည်းလို့မှတ်ယူနိုင်တဲ့ tritium ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

တစ်ချို့ ရေဒီယို ဓါတ်သတ္တိကြွ ပစ္စည်းတွေကတော့ လူတွေကို အန္တရာယ် မဖြစ်စေနိုင်ကြောင်း၊ အန္တရာယ် မဖြစ်စေနိုင်တဲ့ အထဲမှာ tritium ဟာ တစ်ခု အပါအဝင်လို့ Vladislav Kiselev က ပြောခဲ့တယ်လို့ odditycentral.com မှာ ဖော်ပြထား တာပါ။

Crd..popularpostnews

Zawgyi ဖြင့် ဖတ်ရန်

တစ္ခါအားသြင္း႐ုံနဲ႕ (၁၂) ႏွစ္ ၾကာသည္အထိ အသုံးျပဳနိုင္မည့္ ဘက္ထရီကို ထုတ္လုပ္လိုက္သည့္ ပညာရွင္

အားျပန္သြင္းစရာ မလိုဘဲ ႏွစ္ေပါင္း (၁၂) ႏွစ္ၾကာ အသုံးျပဳနိုင္တဲ့ ဘက္ထရီကို ယူကရိန္း သိပၸံပညာရွင္တစ္ဦး ဟာတီထြင္ ဖန္တီးလိုက္ပါတယ္ေနာ္။

အဲ့ဒီ ဘက္ထရီ ဟာ စမတ္ဖုန္းေတြ အတြက္ သာမက ကားေတြ မွာပါ အသုံးျပဳနိုင္ပါတယ္တဲ့။

တီထြင္ဖန္တီးခဲ့သူ ကေတာ့ ယူကရိန္း သိပၸံပညာရွင္ Vladislav Kiselev ပါ။

သူဟာ Bioorganic Chemistry and Petrochemistry တကၠသိုလ္ရဲ႕ သုေတသီတစ္ဦး ျဖစ္သလို ယူကရိန္းအမ်ိဳးသား သိပၸံေက်ာင္းရဲ႕ ပါေမာကၡတစ္ဦး လည္း ျဖစ္ပါတယ္ ေနာ္ ။

သူ ဖန္တီးလိုက္တဲ့ ဘက္ထရီကိုေတာ့ 2016 edition of Sikorsky Challenge မွာ မိတ္ဆက္ ျပ သခဲ့တာပါ။

ဘက္ထရီရဲ႕ ပုံစံဟာ မီးျခစ္ဆံဘူးနဲ႕ တူပါတယ္။ ေရဒီယို ဓါတ္သတၱိႂကြ ပစၥည္းလို႔မွတ္ယူနိုင္တဲ့ tritium ကို အသုံးျပဳထားတာ ျဖစ္ပါတယ္။

တစ္ခ်ိဳ႕ ေရဒီယို ဓါတ္သတၱိႂကြ ပစၥည္းေတြကေတာ့ လူေတြကို အႏၱရာယ္ မျဖစ္ေစနိုင္ေၾကာင္း၊ အႏၱရာယ္ မျဖစ္ေစနိုင္တဲ့ အထဲမွာ tritium ဟာ တစ္ခု အပါအဝင္လို႔ Vladislav Kiselev က ေျပာခဲ့တယ္လို႔ odditycentral.com မွာ ေဖာ္ျပထား တာပါ။

Crd..popularpostnews