သင်ရွေးချယ်လိုက်တဲ့ လက်စွပ်ဘူးလေးကပြောပြပေးမယ့် သင့်ရဲ့လက်တွဲဖော်အကြောင်း
နံပါတ် ၁
သင့်ရဲ့လက်တွဲဖော်က သင့်အပေါ်မှီခိုတာမျိုးမရှိဘဲ ကိုယ့်အားကိုယ်ကိုးတတ်တဲ့သူမျိုးပါ။ သူ့ဘဝမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချတိုင်း သင့်ကိုပါအမြဲ ထည့်သွင်းစဉ်းစားလေ့ရှိပါတယ်။ သင့်ကိုလည်း လိုက်ချုပ်ချယ်တာမျိုးမလုပ်ပဲ ယုံကြည်မှုအပြည့်နဲ့ လွတ်လပ်ခွင့်တွေ ပေးထားတတ်ပါတယ်။
ဒါ့အပြင် သင့်ကို အဖက်ဖက်က ကူညီပံ့ပိုးတာမျိုးတွေ လုပ်ပေးတက်ပါသေးတယ်။ သင့်ရဲ့လက်တွဲဖော်က သင့်ကိုပိုပြီးကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်အောင် တည်ဆောက်ပေးပြီး သင့်ရဲ့ဘေးနားမှာ အမြဲကောင်းအတူ၊ ဆိုးအတူ ရှိနေပေးတတ်ပါတယ်။
နံပါတ် ၂
သင့်ရဲ့လက်တွဲဖော်က ပေးဆပ်သူတစ်ယောက်ပါ။ ပြောရမယ်ဆိုရင် အပေးပဲရှိပြီး အယူမရှိတာမျိုးပေါ့။ တစ်ဖက်လူ အဆင်ပြေနေရင်ကိုပဲ သူ့ဘက်က ကျေနပ်ပြီး ပျော်ရွှင်နေတဲ့သူမျိုးပါ။ သင်ဟာ တစ်ခါတစ်ရံသင့်ရဲ့လက်တွဲဖော်ကိုတောင် အားနာနေရတတ်ပါတယ်။
ဘာလို့လဲဆိုတော့ သူက သင့်ကိုအဆင်ပြေအောင် လုပ်ပေးနေရတာနဲ့ပဲ သူကိုယ်သူ ဂရုစိုက်ဖို့တောင် မေ့နေတတ်လို့ပါ။ သင့်ရဲ့မိသားစုကိုလည်း အရမ်းချစ်ပေးတက်ပြီး သင်နဲ့ပတ်သက်တဲ့လူတိုင်းနဲ့ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံတတ်ပါတယ်။ သင့်ရဲ့အားနည်းချက်တွေကို လက်ခံပေးပြီး အတိုင်းအစမရှိအောင် သင့်ကိုတန်ဖိုးထားပြီး ချစ်ပေးတတ်ပါတယ်။
နံပါတ် ၃
သင့်ရဲ့လက်တွဲဖော်က ပျော်ပျော်နေတက်သူတစ်ယောက်ပါ။ သင့်မှာ စိတ်ညစ်စရာတွေရှိနေရင်တောင် သူ့အနားရောက်သွားရင် ပျော်ရွှင်ပြီး စိတ်ပေါ့ပါးသွားတတ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့အားနည်းချက်ကတော့ တစ်ဖက်သားကို အရမ်းတွယ်တာတတ်တာပါပဲ။
သူဟာ သင်နဲ့ပတ်သက်ရင် အရာအားလုံးကို အလျော့ပေးဆက်ဆံတတ်ပါတယ်။ ရန်ဖြစ်ပြီး စိတ်ဆိုးစိတ်ကောက်ရင်လည်း အကြာကြီးမနေနိုင်ပဲ ပြန်အဆင်ပြေအောင် ကြိုးစားတတ်ပါသေးတယ်။ ဘာလို့လဲဆိုတော့ သင်နဲ့ပတ်သတ်တဲ့ဆက်ဆံရေးကို အရမ်းတန်ဖိုးထားတဲ့အတွက် ဖြစ်ပါတယ်။
နံပါတ် ၄
သင့်ရဲလက်တွဲဖော်က ရည်မှန်းချက်ကြီးသူတစ်ယောက်ပါ။ သူတို့မှာ ရည်မှန်းချက်အကြီးကြီးတွေဖြစ်ပြီး အဲဒီအရာတွေကို အမြဲသင်နဲ့အတူ ဖန်တီးချင်တဲ့စိတ်ရှိနေတတ်ပါတယ်။ သူတို့က ရည်မှန်းချက်ကြီးသလောက် သင့်ရဲ့ရည်မှန်းချက်တွေကိုလည်း ကူညီပံ့ပိုးပေးတတ်ပါသေးတယ်။
ပြောရရင် သင်တို့နှစ်ယောက်က တစ်ယောက်ရည်မှန်းချက်ကို တစ်ယောက်ကကူညီပံ့ပိုးနေကြတာပါ။ သင့်မှာအရှုံးတွေနဲ့ ရင်ဆိုင်နေရရင် သင့်ရဲ့လက်တွဲဖော်က သင့်ကိုအမြဲအားပေးလေ့ရှိပါတယ်။ သင့်ကိုထိန်းချုပ်တာမျိုးတွေ၊ ချုပ်ချယ်တာမျိုးတွေမလုပ်ဘဲ သင့်ဆန္ဒတွေကို အမြဲအလေးပေးလေ့ရှိပါတယ်။
Credit
Zawgyi
နံပါတ် ၁
နံပါတ် ၂
နံပါတ် ၃
နံပါတ် ၎
Credit