ဗဟုသုတ

လှေဦးတိုက်,လှည်းဦးတိုက်,လမ်းဉီးတိုက်မှာ မနေကောင်းဘူး၊ သုံးလမ်းဆုံတဲ့ လမ်းဆုံကို မျက်နှာမူပြီး အိမ်မဆောက်သင့်ဘူးဆိုတာ…
















ကိုဝင်းဇော်(သစ်တော)

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်းဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်လှည်းဦးတိုက်၊ လှေဦးတိုက်အိမ်၊ မြေနေရာမှာ နေသင့်၊မနေသင့်မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာနည်းမှာရော

ဖုန်းရွှေပညာမှာရောအပြောများတဲ့လှည်းဦးတိုက်၊ လှေဦးတိုက်မှာအနေမကောင်းဘူး၊ လှည်းလမ်း၊ကားလမ်း၊လူသွားလမ်းသုံးလမ်းဆုံတဲ့လမ်းဆုံကိုမျက်နှာမူပြီးအိမ်မဆောက်သင့်ဘူး။ဖုန်းရွှေပညာစာအုပ်မှာတော့(T)ပုံလမ်းဆုံ

လမ်းခွလို့ဆိုထားတယ်ဒီလိုမြေအနေအထားမျိုးကိုလည်း မြို့ပြအိမ်နေယာအကွက်တွေပေါ်မှာ အတွေ့များပါတယ် လှည်းဦးတိုက်၊ လှေဦးတိုက် မြေနေရာပေါ်မှာအိမ်ဆောက်၊တိုက်ဆောက်ထားတာအများကြီးရှိပါတယ်

လှည်းဦးတိုက်ေ လှဦးတိုက်အိမ်ကတော့ခိုက်တယ်အဲဒီအိမ်မှာ နေတဲ့သူတွေဟာစီးပွားတိုးတက်မှုမရှိဘူးအိမ်တွင်းရေးအိမ်ထောင်ရေးတွေမှာလည်းအဆင်မပြေဖြစ်မယ်ဖုန်းရွှေပညာမှာရောမြန်မာ့ရိုးရာရှေးထုံးအစဉ်လာနည်းမှာရောမနေသင့်မနေထိုက်တဲ့ အိမ်နေရာအနေအထားမျိုးဖြစ်နေတယ်

ဒါပေမယ့်မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာ နည်းမှာတော့လှည်းဦးတိုက်၊ လှေဦးတိုက် နေရာမျိုး၊ အိမ်မျိုး၊ အဆောက်အဦးမျိုးမှာ စတိုးဆိုင်၊ လ္ဘက်ရည်ဆိုင်ဈေးဆိုင်တွေဖွင့်ရင်တော့ ကောင်းတယ်။ ဖွင့်သင့်တယ်လို့ပြောထားတယ်

စောစောကပြောခဲ့တဲ့အတိုင်းပဲဗီဒီယို၊ရုပ်ရှင်ရုံ၊ကာရာအိုကေခန်းမ၊ပျော်ပွဲစားရုံ၊အရက်ဆိုင်၊ဘီယာဆိုင်တွေကိုဖွင့်ရင်အကောင်းဆုံးပေါ့အမှန်တော့ဈေးကွက်မြင်ကွင်းအကောင်းဆုံးဖြစ်နေလို့ပဲယုတ္တိဗေဒဆင်ခြင်တုံတရားနဲ့စဉ်းစားကြည့်မယ်

မျက်နှာချင်းဆိုင်၊ ရှေ့တူရှုလမ်းရဲ့ဟိုးအဝေးကတောင်ကိုယ့်ရဲ့ဆိုင်၊ကိုယ့်ရဲ့ပွဲရုံကိုမြင်နေရတယ်သုံးဘက်မြင်ကွင်း(3D) ဖြစ်နေတယ် ဈေးကွက်မြင်ကွင်း အားသာမှုရှိလို့ ပြောရင်မှန်တယ် လူနေရင် ခိုက်တယ်ဆိုတာ ပြန်ပြီးစဉ်းစားကြည့်ပါ

လှည်းဦးတိုက်၊လှေဦးတိုက်အိမ်ကိုခိုးခြင်၊ဝှက်ချင်လုယက်တိုက် ခိုက်ချင်တဲ့လူတွေက အဝေးကကြည့်ပြီး ထောက်လှမ်းလို့လွယ်ကူတယ်လှည်းတွေ၊ကားတွေ ရှေ့တူရှုလမ်းကတည့်တည့်မောင်းလာပြီးကိုယ့်အိမ်ရှေ့မှာဘယ်ညာကွေ့သွားရင်

ဖုန်တွေဟာအိမ်ထဲတန်းဝင်လာမှာပဲရှေ့တူရှုလမ်းကအသုဘချလာပြီဆိုပါတော့အဲဒီအနိဋ္ဌာရုံမြင်ကွင်းကြီးကိုအချိန်တော်တော်ကြာကြာမြင်တွေ့နေရမယ်ရွာတွေမှာဆိုရင်လှည်းဦးတိုက်၊ လှေဦးတိုက်တဲတွေတွေကို ရှေ့တူရှုလှည်းလမ်းက

လာတဲ့နွားအုပ်၊ကျွဲအုပ်ထဲက တစ်ကောင်စ၊ နှစ်ကောင်စကျွံဝင်လာတာမျိုးကို ခနခဏခံရတယ်ဒါကယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့လှည်းဦးတိုက်၊လှေဦးတိုက်မှာနေမကောင်းဘူးအိမ်မဆောက်သင့်ဘူးလို့ပြောတာပါဒါပေမယ့်ဒီလို

လှည်းဦးတိုက်၊လှေဦးတိုက် နေရာမျိုးမှာအိမ်ဆောက်မိပြီ၊အိမ်ဆောက်ထားပြီဆိုင်ရင်ဘယ်လိုကွာကွယ်မလဲ၊ဒါကလွယ်ပါတယ်။တံခါးမကြီးကိုလမ်းနဲ့တည့်တည့်နေရာကပြောင်းပေးလိုက်ရမယ်ဒီနည်းထက် ပိုကောင်းတာကတော့

တံခါးရဲ့အပေါ်ဘက်၊အိမ်အဝင်အဝတံခါးရဲ့အပေါ်ဘက်မှာ မှန်တစ်ချပ်ကာထား ၊ချိတ်ဆွဲထားရမယ်လှည်းဦးတိုက်၊လှေဦးတိုက် အိမ်တွေမှာမှန်ထောင်ထားတာ၊မှန်ချိတ်ထားတာ တွေ့ရတယ်တချို့မှန်ချပ်တွေက သေးလွန်းတယ်

တချို့မှန်ချပ်တွေက ကြီးလွန်းတယ်ခြောက်လက်မပတ်လည်စတုရန်းပုံပုံရိပ်ထင်တဲ့မှန်တစ်ချပ်ဖြစ်ရမယ်မှန်တစ်ချပ်ရဲအလယ်မှာအနီရောင်နဲ့စတုရန်းအကွက်လေး(1″or 2″)ပတ်လည်အကွက်လေးရေးထားရမယ်အိမ်ဝမှာ

အသောက ပင်တွေစိုက်ထားတာမျိုးအုတ်တံတိုင်းမြင့်မြင့်ကာထားတာမျိုး၊ ရေပန်းတစ်ခုတပ်ထားတာမျိုးနဲ့လည်းကာကွယ်နိုင်တယ်ဆိုပေမယ့်မြေအနေအထားအရမဖြစ်နိုင်ပါဘူး၊မှန်ချပ်ကပ်တာ၊ချိတ်တာပဲကောင်းပါတယ်အရေးကြီးဆုံးကတော့

ပုံလမ်းဆုံကြက်လျှာစွန်းပုံမြေနေရာတြိဂံမြေကွက်ပေါ်မှာ ဆောက်ထားတဲ့အိမ်ကအရှောင်သင့်ဆုံးအခိုက်ဆုံးမြေနေရာပါမိတ်ဆွေများအားလုံး ဆောင်ရန် ရှောင်များသိ၍ စီးပွားလာဘ်လာဘများပြည့်စုံပြီးကြီးပွားတိုးတက်ကြပါစေ

ကိုဝင်းဇော်(သစ်တော)