
ကောင်လေးသည် ဈာပနာအခမ်းအနားတွေမှာသာ အသုံးပြုသော လွမ်းသူ့ပန်းခွေကို ဝယ်ယူကာ Crushနေသော မိန်းကလေးအား သူ့ဘဝတစ်လျှောက်လုံး သေသည့်တိုင် သူမတစ်ယောက်တည်းကိုသာ ချစ်သွားမည်ဆိုသည့် ရည်ရွယ်ချက်နဲ့ ဒူးထောက်ပြီးတော့ ချစ်ခွင့်ပန်ခဲ့သည်။

Rain (For Ialinks)
Unicode
စျာပနာအခမ်းအနားမှာ အသုံးပြုသော လွမ်းသူ့ပန်းခွေနဲ့အတူ ချစ်ခွင့်ပန်ခဲ့၍ မိန်းကလေးဆီကနေ လိုချင်သောအဖြေမရပဲ မုန်းတီးခြင်းကိုသာ ခံလိုက်ရသည့် ကောင်လေး

တရုတ်နိုင်ငံမှ အသက်၂၀ကျော်အရွယ် ကောင်လေးတစ်ဦးသည် တိတ်တခိုးချစ်နေရသော လုပ်ဖော်ကိုင်ဖက်မိန်းကလေးတစ်ဦးကို ချစ်ခွင့်ပန်ဖို့ရာ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် လွမ်းသူ့ပန်းခွေကြောင့် မိန်းကလေးရဲ့ ငြိုငြင်ခြင်းကိုသာ ခံလိုက်ရသည်။
ကောင်လေးသည် စျာပနာအခမ်းအနားတွေမှာသာ အသုံးပြုသော လွမ်းသူ့ပန်းခွေကို ဝယ်ယူကာ Crushနေသော မိန်းကလေးအား သူ့ဘဝတစ်လျှောက်လုံး သေသည့်တိုင် သူမတစ်ယောက်တည်းကိုသာ ချစ်သွားမည်ဆိုသည့် ရည်ရွယ်ချက်နဲ့ ဒူးထောက်ပြီးတော့ ချစ်ခွင့်ပန်ခဲ့သည်။

ကောင်လေးရဲ့ ချစ်ခွင့်ပန်ခြင်းကို ဖြတ်သွားဖြတ်လာသူများကလည်း စိတ်ဝင်တစားနဲ့ ကြည့်နေကြရာ သူယူလာသောပန်းစည်းကြောင့် မိန်းကလေးခမျာ အများမှ လှောင်ရယ်နေ၍ ရှက်သွားပြီး သူ့အချစ်ကို ငြင်းဆန်ခဲ့သည်။
Rain (For Ialinks)



