ၾကားသိရသမွ်

စိတ်တွေတအားညစ်လာလို့ စိတ်ပြေလက်ပျောက် မြို့ပက်ဘတ်စ်ကားစီးခဲ့ရာမှ ယာဉ်မောင်းကောင်လေးဆီကနေ နွေးထွေးနှစ်သိမ့်မှုတွေရပြီး လက်ထပ်ခွင့်တောင်းတာကိုပါ ခံလိုက်ရသော မိန်းကလေး..See more. ..

လူသားတို့သည် မိသားစုရေးဖြစ်ဖြစ် အလုပ်ကိစ္စပဲဖြစ်ဖြစ် အဆင်မပြေတာတွေကြုံရသည့်အခါ စိတ်ဖိစီးမှုဒဏ်ကို မခံစားနိုင်သည့်ချိန်တွင် စိတ်ပြေလက်ပျောက် ဖြစ်စေဖို့ ခရီးထွက်ပစ်တာမျိုးတွေ ပြုလုပ်တတ်ကြသည်။

ယခုတွင်လည်း တရုတ်နိုင်ငံ Jilinမြို့တွင် နေထိုင်သော အသက်၂၅နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဘာလုပ်လုပ်အဆင်မပြေပဲ အိမ်ကလူတွေနဲ့လည်း စိတ်ဖိစီးနေရကာ စိတ်တွေအရမ်းညစ်ခဲ့ရ၍ စိတ်ပြေပျောက်စေရန် မြို့ပက်ဘတ်စ်ကားတစ်စီးကို လိုက်စီးခဲ့သည်။

မိန်းကလေးသည် ကားစီးနေချိန်မှာ မျက်နှာလေးက ငြိုးနွမ်းနေပြီး သူများတွေကားပေါ်ဆင်းသွားသော်လည်း မဆင်းနိုင်သေးပဲ ဖြစ်နေရာ ယာဉ်မောင်းကောင်လေးမှ အကြောင်းစုံသိရှိပြီးနောက် နှစ်သိမ့်အားပေးခဲ့သည်။

သူတို့နှစ်ဦးသည် ထိုနေ့ကစပြီး အဆက်အသွယ်မပြတ်တော့ပဲနဲ့ ၂နှစ်အကြာလောက် ချစ်ကြိုက်ခဲ့ပြီးချိန်မှာတော့ ကောင်လေးသည် သူတို့စတွေ့ခဲ့သော ဘတ်စ်ကားပေါ်မှာ ရောင်စုံပူဖောင်းလေးတွေ ချိတ်ဆွဲပြီးတော့ ခရီးသည်တွေအများကြီးရဲ့ရှေ့မှာ ချစ်သူမိန်းကလေးကို ဒူးထောက်ပြီးတော့ ရိုမက်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့သည်။

Rain (For Ialinks)

Unicode

စိတ်တွေတအားညစ်လာလို့ စိတ်ပြေလက်ပျောက် မြို့ပက်ဘတ်စ်ကားစီးခဲ့ရာမှ ယာဉ်မောင်းကောင်လေးဆီကနေ နွေးထွေးနှစ်သိမ့်မှုတွေရပြီး လက်ထပ်ခွင့်တောင်းတာကိုပါ ခံလိုက်ရသော မိန်းကလေး

လူသားတို့သည် မိသားစုရေးဖြစ်ဖြစ် အလုပ်ကိစ္စပဲဖြစ်ဖြစ် အဆင်မပြေတာတွေကြုံရသည့်အခါ စိတ်ဖိစီးမှုဒဏ်ကို မခံစားနိုင်သည့်ချိန်တွင် စိတ်ပြေလက်ပျောက် ဖြစ်စေဖို့ ခရီးထွက်ပစ်တာမျိုးတွေ ပြုလုပ်တတ်ကြသည်။

ယခုတွင်လည်း တရုတ်နိုင်ငံ Jilinမြို့တွင် နေထိုင်သော အသက်၂၅နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဘာလုပ်လုပ်အဆင်မပြေပဲ အိမ်ကလူတွေနဲ့လည်း စိတ်ဖိစီးနေရကာ စိတ်တွေအရမ်းညစ်ခဲ့ရ၍ စိတ်ပြေပျောက်စေရန် မြို့ပက်ဘတ်စ်ကားတစ်စီးကို လိုက်စီးခဲ့သည်။

မိန်းကလေးသည် ကားစီးနေချိန်မှာ မျက်နှာလေးက ငြိုးနွမ်းနေပြီး သူများတွေကားပေါ်ဆင်းသွားသော်လည်း မဆင်းနိုင်သေးပဲ ဖြစ်နေရာ ယာဉ်မောင်းကောင်လေးမှ အကြောင်းစုံသိရှိပြီးနောက် နှစ်သိမ့်အားပေးခဲ့သည်။

သူတို့နှစ်ဦးသည် ထိုနေ့ကစပြီး အဆက်အသွယ်မပြတ်တော့ပဲနဲ့ ၂နှစ်အကြာလောက် ချစ်ကြိုက်ခဲ့ပြီးချိန်မှာတော့ ကောင်လေးသည် သူတို့စတွေ့ခဲ့သော ဘတ်စ်ကားပေါ်မှာ ရောင်စုံပူဖောင်းလေးတွေ ချိတ်ဆွဲပြီးတော့ ခရီးသည်တွေအများကြီးရဲ့ရှေ့မှာ ချစ်သူမိန်းကလေးကို ဒူးထောက်ပြီးတော့ ရိုမက်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့သည်။

လေးစားလျှက်..crd. Credit. Rain (For Ialinks)