ၾကားသိရသမွ်

သဝန်တိုပြီး ဇနီးသည်ကို နှစ် ၂၀ကြာ စကားမပြောပဲ စိတ်ကောက်နေခဲ့သည့် ခင်ပွန်း..See more. ..

သဝန်တိုပြီး ဇနီးသည်ကို နှစ် ၂၀ကြာ စကားမပြောပဲ စိတ်ကောက်နေခဲ့သည့် ခင်ပွန်း

သဝန်တို အူတိုခြင်းများသည် ချစ်တဲ့သူအပေါ်တွင်အများဆုံးဖြစ်လေ့ရှိပြီး စိတ်ဆိုးစိတ်ကောက်ကြကာ မခေါ်မပြောတွေဖြစ်ကြသည်ကို ချစ်တတ်သူတိုင်း ကြုံဖူးကြမှာပါ။

ယခုအခါတွင်လည်း ဂျပန်နိုင်ငံမှ Otou Yumi နှင့် Katayama အမည်ရှိသော ဇနီးမောင်နှံနှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် အရမ်းချစ်ကြပြီး လက်ထပ်ဖြစ်ခဲ့ရာ သားသမီး သုံးယောက်ပင် ပိုင်ဆိုင်ထားသည်။

သို့သော်လည်း တစ်နေ့တွင် ဇနီးမောင်နှံနှစ်ဦးသည် အချင်းချင်း စကားများရန်ဖြစ်ပြီးနောက် စိတ်ကောက်ကြီးသော ခင်ပွန်းဖြစ်သူသည် နှစ် ၂၀ကြာသည်ထိ ဇနီးသည်အား စကားမပြောတော့ပေ။

ဇနီးသည်မှာ စကားလိုက်ပြေပေမယ့် ခင်ပွန်းဖြစ်သူက အမူအရာသာ လုပ်ပြခဲ့သည့်အတွက် သားသမီးများမှလည်း အနေခက်လာကာ ဒေသခံချစ်သူစုံတွဲများ ပြန်လည်ပေါင်းစည်းရေးအဖွဲ့အား အကူအညီတောင်းခဲ့ရသည်။

ထိုစဥ် သူတို့နှစ်ဦးပထမဆုံး တွေ့ခဲ့ကြသည့် ပန်းခြံတွင် နှစ်ယောက်လုံးခေါ်ခဲ့ရာမှ ပထမဆုံးကြိမ်ဖြင့် ခင်ပွန်းသည်မှ စကားစပြောခဲ့ပြီး သဝန်တိုရခြင်းအကြောင်းမှာ ဇနီးသည်က သားသမီးတွေကိုသာ အရေးပေး ဂရုစိုက်လွန်းပြီး သူ့အားအဖက်မလုပ်ပဲ ပစ်ထားသလို ခံစားရသောကြောင့် ဟုဆိုခဲ့သည်။

Zawgyi

သဝန်တိုပြီး ဇနီးသည်ကို နှစ် ၂၀ကြာ စကားမပြောပဲ စိတ်ကောက်နေခဲ့သည့် ခင်ပွန်း

သဝန်တို အူတိုခြင်းများသည် ချစ်တဲ့သူအပေါ်တွင်အများဆုံးဖြစ်လေ့ရှိပြီး စိတ်ဆိုးစိတ်ကောက်ကြကာ မခေါ်မပြောတွေဖြစ်ကြသည်ကို ချစ်တတ်သူတိုင်း ကြုံဖူးကြမှာပါ။

ယခုအခါတွင်လည်း ဂျပန်နိုင်ငံမှ Otou Yumi နှင့် Katayama အမည်ရှိသော ဇနီးမောင်နှံနှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် အရမ်းချစ်ကြပြီး လက်ထပ်ဖြစ်ခဲ့ရာ သားသမီး သုံးယောက်ပင် ပိုင်ဆိုင်ထားသည်။

သို့သော်လည်း တစ်နေ့တွင် ဇနီးမောင်နှံနှစ်ဦးသည် အချင်းချင်း စကားများရန်ဖြစ်ပြီးနောက် စိတ်ကောက်ကြီးသော ခင်ပွန်းဖြစ်သူသည် နှစ် ၂၀ကြာသည်ထိ ဇနီးသည်အား စကားမပြောတော့ပေ။

ဇနီးသည်မှာ စကားလိုက်ပြေပေမယ့် ခင်ပွန်းဖြစ်သူက အမူအရာသာ လုပ်ပြခဲ့သည့်အတွက် သားသမီးများမှလည်း အနေခက်လာကာ ဒေသခံချစ်သူစုံတွဲများ ပြန်လည်ပေါင်းစည်းရေးအဖွဲ့အား အကူအညီတောင်းခဲ့ရသည်။

ထိုစဉ် သူတို့နှစ်ဦးပထမဆုံး တွေ့ခဲ့ကြသည့် ပန်းခြံတွင် နှစ်ယောက်လုံးခေါ်ခဲ့ရာမှ ပထမဆုံးကြိမ်ဖြင့် ခင်ပွန်းသည်မှ စကားစပြောခဲ့ပြီး သဝန်တိုရခြင်းအကြောင်းမှာ ဇနီးသည်က သားသမီးတွေကိုသာ အရေးပေး ဂရုစိုက်လွန်းပြီး သူ့အားအဖက်မလုပ်ပဲ ပစ်ထားသလို ခံစားရသောကြောင့် ဟုဆိုခဲ့သည်။

လေးစားလျှက်..crd.Credit