အနုပညာ
”သူမ ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ် လမ်းတွဲလေး မကြာခင်ပြသ‌တော့မယ် ဆိုတဲ့အကြောင်း အသိပေးလာတဲ့ နန်းစန္ဒာလှထွန်း”
ပရိသတ်ကြီး​ရေနန်းစန္ဒာလှထွန်းကတော့ MRTV -4မှာ ပြသခဲ့တဲ့ ” ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲမှာရေဝတီဆိုတဲ့ကာရိုက်တာလေးနဲ့ ပရိသတ်ရင်ထဲ အရင်ဆုံးရောက်ရှိခဲ့သူလေးပါ။ ပရိသတ်တွေတခဲနက်အားပေးခဲ့ရတဲ့ အရိပ်ဇာတ်လမ်းတွဲမှာလည်း နာစ့်မဆရာမလေး ”သက် သက်”အနေနဲ့ ပုရိသပရိသတ်တွေတ ဖြုတ်ဖြုတ်ကြွေခဲ့ရသူလေးပါ။
နန်းစန္ဒာလှထွန်းကတော့ ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲတိုင်းမှာလည်း အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ ဇာတ်လမ်းတွဲမင်းသမီးစစ်စစ်တစ်လက်ဖြစ်တာကြောင့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝါရင့်အနု ပညာရှင်တွေကတောင်ချီးကျုးရတဲ့အထိပါပဲနော်။ဒါ့အပြင်စီနီယာအနုပညာမောင် နှမတွေအပေါ် ရိုသေလေးစားကာ အမြဲရင်းနှီဖော်ရွေတတ်တဲ့မင်းသမီးတစ်လက်ပါ။
လက်ရှိပြသနေတဲ့ သရဖူဇာတ်လမ်းတွဲမှာ Special Guest အနေနဲ့ပါဝင်အားဖြည့်ထားတာဖြစ်ပြီး သူမပါဝင်ခဲ့တဲ့အခန်းလေးဟာဆိုရင်လည်းTiktokထိအောင် လူကြိုက်များကာဆော့ကစားနေကြတာပါ။သရဖူဇာတ်လမ်းတွဲ အပြီးမှာ ပြသမယ့်ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့”ဒေါင်းယာဥ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲမှာ တော့ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ထားပြီး ၂.၆.၂၀၂၂ မှာပြသတော့မယ့်အကြောင်းအသိပေးလာခဲ့တာပါ။
ပရိသတ်တွေလည်း စာရေးဆရာကြီးနွမ်ဂျာသိုင်းရဲ့အောင်မြင်ကျော်ကြားတဲ့ ”ဒေါင်းယာဥ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” စာအုပ်ကို ဇာတ်လမ်းတွဲအဖြစ်ပြန်လည်ပုံဖော်ထားတာကြောင့် အားပေးစောင့်မျှော်ကြည့်ရှူကြပါဦးနော်။
Credit – CeleGabar
Soure -NanSandarHlaHtun
Credit – CeleGabar