သစ်ခွပန်းလေးတွေဟာ အမျိုးသမီးတွေ သဘောကျတဲ့ ပန်းတွေထဲက တစ်မျိုးအပါအဝင်ပါပဲ။ သင့်အိမ်က သစ်ခွပန်းလေး မရှင်နိုင်တော့တဲ့အခါ လွှင့်မပစ်လိုက်ပါနဲ့။ သစ်ခွပန်းလေးတွေ ပြန်လည်ရှင်သန်လာနိုင်အောင် စိုက်ပျိုးနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။
အဆင့် ၁

သစ်ခွပန်းကို အိုးထဲကနေ ထုတ်လိုက်ပြီး အမြစ်တွေကို ကြည့်ပါ။ အမြစ်အဖြူရောင်နဲ့ အမြစ်အစိမ်းရောင်ကိုလည်း ရှာကြည့်ပါ။ အပင်မှာ အရွက်တွေမရှိတော့ရင်တောင် အမြစ်တွေက အစာချက်နိုင်ပါတယ်။ အမြစ်တွေက ရေနဲ့လေထံကနေ အာဟာရတွေစုပ်ယူပြီး အပင်ကို ရှင်သန်လာအောင် ပြုလုပ်ပေးနိုင်ပါတယ်။
အဆင့် ၂

သစ်ခွပန်းကို ရေညှိုနဲ့စိုက်တာက အကောင်းဆုံးနည်းလမ်းပါပဲ။ အမြစ်မှာ မှိုစွဲတာကို ရေညှိက ကာကွယ်ပေးပါတယ်။ တစ်ချိန်တည်းမှာပဲ ရေညှိက အပင်ကို အစိုဓာတ်လည်း ထိန်းသိမ်းပေးထားပါတယ်။
– သစ်ခွအိုးနဲ့ အမြင့်ချင်းတူ သို့မဟုတ် သစ်ခွအိုးထက် အနည်းငယ်မြင့်တဲ့ ဖန်ကရားလေးတစ်ခုကိုယူပါ။
– ဖန်ကရားထဲကို RO ရေအနည်းငယ်ထည့်ပါ။
– အဲဒီနောက် ရေညှိကို ၃ လက်မမြင့်အောင် ထည့်ပါ။
– သစ်ခွရဲ့ အမြစ်အခြောက်တွေကို ကတ်ကြေးနဲ့ညှပ်ပြီး ရေညှိတွေပေါ်မှာ တင်လိုက်ပါ။ ရေညှိထဲကို သစ်ခွအမြစ်တွေ မမြှုပ်လိုက်ပါနဲ့။ မြှုပ်လိုက်ရင် အမြစ်တွေ ပုပ်သွားတတ်ပါတယ်။ ကတ်ကြေးက ညစ်ပတ်နေလို့လည်း မဖြစ်ပါဘူး။
– ဖန်ကရားလေးကို နေရောင်ခြည်ရတဲ့ ပြူတင်းပေါက်တစ်ခုမှာ တင်ထားပါ။ နှစ်ပတ်လောက်ကြာရင် သစ်ခွဖူးအသစ်လေးတွေ စတင်ထွက်လာတာကို တွေ့ရမှာပါ။
အဆင့် ၃

နှစ်ပတ်လောက်ကြာပြီးနောက်မှာတော့ သစ်ခွအသစ်လေးတွေက ထွက်လာပါပြီ။ သစ်ခွအသစ်လေးတွေကနေ အရွက်လေးတွေ၊ အမြစ်လေးတွေ ထွက်လာပြီဆိုရင် အပင်ဟောင်းကနေ ခွဲလိုက်ပါ။- အိုးတစ်ခုထဲမှာ RO ရေအနည်းငယ်ထည့်ပါ။
– အဲဒီထဲမှာ ရေညှိအနည်းငယ်ထပ်ထည့်ပါ။
– သစ်ခွပင်ပေါက်လေးကို အိုးထဲ ထည့်လိုက်လို့ရပါပြီ။ အချိန်အနည်းငယ်စောင့်ပြီးရင် သစ်ခွပင်ပေါက်လေးက အရွက်တွေ၊ အမြစ်တွေ ပေါက်လာပါတယ်။
အဆင့် ၄

အချိန်တွေ ကြာပြီးနောက် သစ်ခွပင်ပေါက်လေးတွေကနေ အမြစ်ကြီးတွေ ထွက်လာပါပြီ။ အမြစ်က အဖြူရောင်လည်း ထွက်သလို အစိမ်းရောင်လည်း ထွက်ပါတယ်။ အပင်ကနေ အစိမ်းရောင်အရွက်လေးတွေလည်း ထွက်လာပါပြီ။
အဲဒီအချိန်ဆိုရင် သစ်ခွကို အိုးအကြီးထဲမှာ ထပ်မံပြောင်းရွှေ့ပြီး စိုက်လို့ရပါပြီ။ သစ်ခွပင်ကို စိုက်ပြီးရင် ရေကို အပတ်တိုင်းလောင်းပေးဖို့ လိုပါတယ်။ ရေပိုက်ခေါင်းက ရေတွေမှာ ကလိုရင်းတွေ ပါတာကြောင့် သစ်ခွပန်းကို မလောင်းသင့်ပါဘူး။
အဆင့် ၅

ဒီအချိန်မှာတော့ သစ်ခွပင်ကို နေရောင်ခြည် တိုက်ရိုက်မရတဲ့နေရာမှာ ထားပါ။ အရှေ့ဘက်လှည့်ထားတဲ့ ပြူတင်းပေါက်မှာ ထားတာတော့ အကောင်းဆုံးပါ။ မြောက်ဘက်ကျတဲ့ ပြူတင်းပေါက်မှာထားရင်တော့ သစ်ခွပန်းပင်အတွက် နေရောင်ခြည်ကောင်းကောင်း မရနိုင်ပါဘူး။
အဆင့် ၆

သစ်ခွပင်အတွက် နေ့ဘက်မှာဆိုရင် ၇၅ ဒီဂရီဖာရင်ဟိုက်နဲ့ ညဘက်မှာဆိုရင်တော့ ၆၅ ဒီဂရီဖာရင်ဟိုက် လိုအပ်ပါတယ်။ အမြင့်ဆုံးအပူချိန်ကတော့ ၉၀ ဒီဂရီဖာရင်ဟိုက်ထက် မပိုသင့်ပါဘူး။ ဒါ့အပြင် ၃၀ ဒီဂရီဖာရင်ဟိုက်အောက်လည်း မထားသင့်ပါဘူး။
Zombie (lovemedia)
သစ္ခြပန္းေလးေတြဟာ အမ်ိဳးသမီးေတြ သေဘာက်တဲ့ ပန္းေတြထဲက တစ္မ်ိဳးအပါအဝင္ပါပဲ။ သင့္အိမ္က သစ္ခြပန္းေလး မရွင္နိုင္ေတာ့တဲ့အခါ လႊင့္မပစ္လိုက္ပါနဲ႔။ သစ္ခြပန္းေလးေတြ ျပန္လည္ရွင္သန္လာနိုင္ေအာင္ စိုက္ပ်ိဳးနိုင္မယ့္ နည္းလမ္းေလးေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။
အဆင့္ ၁
သစ္ခြပန္းကို အိုးထဲကေန ထုတ္လိုက္ၿပီး အျမစ္ေတြကို ၾကည့္ပါ။ အျမစ္အျဖဴေရာင္နဲ႔ အျမစ္အစိမ္းေရာင္ကိုလည္း ရွာၾကည့္ပါ။ အပင္မွာ အရြက္ေတြမရွိေတာ့ရင္ေတာင္ အျမစ္ေတြက အစာခ်က္နိုင္ပါတယ္။ အျမစ္ေတြက ေရနဲ႔ေလထံကေန အာဟာရေတြစုပ္ယူၿပီး အပင္ကို ရွင္သန္လာေအာင္ ျပဳလုပ္ေပးနိုင္ပါတယ္။
အဆင့္ ၂
သစ္ခြပန္းကို ေရညႇိုနဲ႔စိုက္တာက အေကာင္းဆုံးနည္းလမ္းပါပဲ။ အျမစ္မွာ မွိုစြဲတာကို ေရညႇိက ကာကြယ္ေပးပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ေရညႇိက အပင္ကို အစိုဓာတ္လည္း ထိန္းသိမ္းေပးထားပါတယ္။
– သစ္ခြအိုးနဲ႔ အျမင့္ခ်င္းတူ သို႔မဟုတ္ သစ္ခြအိုးထက္ အနည္းငယ္ျမင့္တဲ့ ဖန္ကရားေလးတစ္ခုကိုယူပါ။
– ဖန္ကရားထဲကို RO ေရအနည္းငယ္ထည့္ပါ။
– အဲဒီေနာက္ ေရညႇိကို ၃ လက္မျမင့္ေအာင္ ထည့္ပါ။
– သစ္ခြရဲ့ အျမစ္အေျခာက္ေတြကို ကတ္ေၾကးနဲ႔ညႇပ္ၿပီး ေရညႇိေတြေပၚမွာ တင္လိုက္ပါ။ ေရညႇိထဲကို သစ္ခြအျမစ္ေတြ မျမႇုပ္လိုက္ပါနဲ႔။ ျမႇုပ္လိုက္ရင္ အျမစ္ေတြ ပုပ္သြားတတ္ပါတယ္။ ကတ္ေၾကးက ညစ္ပတ္ေနလို႔လည္း မျဖစ္ပါဘူး။
– ဖန္ကရားေလးကို ေနေရာင္ျခည္ရတဲ့ ျပဴတင္းေပါက္တစ္ခုမွာ တင္ထားပါ။ ႏွစ္ပတ္ေလာက္ၾကာရင္ သစ္ခြဖူးအသစ္ေလးေတြ စတင္ထြက္လာတာကို ေတြ႕ရမွာပါ။
အဆင့္ ၃
ႏွစ္ပတ္ေလာက္ၾကာၿပီးေနာက္မွာေတာ့ သစ္ခြအသစ္ေလးေတြက ထြက္လာပါၿပီ။ သစ္ခြအသစ္ေလးေတြကေန အရြက္ေလးေတြ၊ အျမစ္ေလးေတြ ထြက္လာၿပီဆိုရင္ အပင္ေဟာင္းကေန ခြဲလိုက္ပါ။
– အိုးတစ္ခုထဲမွာ RO ေရအနည္းငယ္ထည့္ပါ။
– အဲဒီထဲမွာ ေရညႇိအနည္းငယ္ထပ္ထည့္ပါ။
– သစ္ခြပင္ေပါက္ေလးကို အိုးထဲ ထည့္လိုက္လို႔ရပါၿပီ။ အခ်ိန္အနည္းငယ္ေစာင့္ၿပီးရင္ သစ္ခြပင္ေပါက္ေလးက အရြက္ေတြ၊ အျမစ္ေတြ ေပါက္လာပါတယ္။
အဆင့္ ၄
အခ်ိန္ေတြ ၾကာၿပီးေနာက္ သစ္ခြပင္ေပါက္ေလးေတြကေန အျမစ္ႀကီးေတြ ထြက္လာပါၿပီ။ အျမစ္က အျဖဴေရာင္လည္း ထြက္သလို အစိမ္းေရာင္လည္း ထြက္ပါတယ္။ အပင္ကေန အစိမ္းေရာင္အရြက္ေလးေတြလည္း ထြက္လာပါၿပီ။
အဲဒီအခ်ိန္ဆိုရင္ သစ္ခြကို အိုးအႀကီးထဲမွာ ထပ္မံေျပာင္းေရႊ႕ၿပီး စိုက္လို႔ရပါၿပီ။ သစ္ခြပင္ကို စိုက္ၿပီးရင္ ေရကို အပတ္တိုင္းေလာင္းေပးဖို႔ လိုပါတယ္။ ေရပိုက္ေခါင္းက ေရေတြမွာ ကလိုရင္းေတြ ပါတာေၾကာင့္ သစ္ခြပန္းကို မေလာင္းသင့္ပါဘူး။
အဆင့္ ၅
ဒီအခ်ိန္မွာေတာ့ သစ္ခြပင္ကို ေနေရာင္ျခည္ တိုက္ရိုက္မရတဲ့ေနရာမွာ ထားပါ။ အေရွ႕ဘက္လွည့္ထားတဲ့ ျပဴတင္းေပါက္မွာ ထားတာေတာ့ အေကာင္းဆုံးပါ။ ေျမာက္ဘက္က်တဲ့ ျပဴတင္းေပါက္မွာထားရင္ေတာ့ သစ္ခြပန္းပင္အတြက္ ေနေရာင္ျခည္ေကာင္းေကာင္း မရနိုင္ပါဘူး။
အဆင့္ ၆
သစ္ခြပင္အတြက္ ေန႔ဘက္မွာဆိုရင္ ၇၅ ဒီဂရီဖာရင္ဟိုက္နဲ႔ ညဘက္မွာဆိုရင္ေတာ့ ၆၅ ဒီဂရီဖာရင္ဟိုက္ လိုအပ္ပါတယ္။ အျမင့္ဆုံးအပူခ်ိန္ကေတာ့ ၉၀ ဒီဂရီဖာရင္ဟိုက္ထက္ မပိုသင့္ပါဘူး။ ဒါ့အျပင္ ၃၀ ဒီဂရီဖာရင္ဟိုက္ေအာက္လည္း မထားသင့္ပါဘူး။
Zombie (lovemedia)



