Unicode
စစ်ဘေးရှောင်တွေကို ထောက်ပံ့နေတယ်ဆိုတဲ့ သတင်းဟာ အမှားသာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းလိုက်တဲ့ အဆိုတော် ချယ်ရီသင်း ပရိသတ်ကြီးရေ အဆိုတော်ချယ်ရီသင်းကတော့ အချစ်သီချင်းလေးတွေ သီဆိုရာမှာအောင်မြင်မှု ရရှိနေတဲ့ လူငယ်ကြိုက် အဆိုတော်မလေး တစ် ဉီးပဲ ဖြစ်ပါတယ်နော်။
သူမဟာ တော်လှန်ရေး အစမှာ ပါဝင်ခဲ့သော်လည်း အခုနောက်ပိုင်းမှာတော့ သီချင်းတွေကိုသာ ဆက်တိုက်ဆိုသလို သီဆိုနေခဲ့ပြီဖတော်လှန်ရေးကိစ္စတွေမှာ တိတ်ဆိတ် နေခဲ့ပါတယ်။
သို့ပေမယ့် ယခုအခါမှာတော့ AACမှတဆင့် စစ်ဘေးရှောင်တွေကို ထောက်ပံ့ လှူဒါန်းနေတယ် ဆိုတဲ့ သတင်းများ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး အခုလို ဖြေရှင်းလာခဲ့ပါတယ်။
“အခုလက်ရှိ ပြန့်နှံ့နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ချယ်တကယ် ဘာမှကို မသိရပါဘူး။ တိုက်ဆိုင်လွန်းတာ ကလည်း မနေ့က ချယ် ဘန်ကောက်ကို သူငယ်ချင်းကအဖော်ခေါ်တဲ့ အတွက်
မနေ့ကဘဲ ရောက်တယ် ရောက်ရောက်ချင်း လေဆိပ်က ထွက်ထွက်ချင်း အခုသတင်းတွေကို တွေ့လိုက်ရတယ်။ တော်တော်ကို တုန်လှုပ်သွားမိပါတယ်။ ဘယ်သူတွေကများ တိုက်ခိုက်ချင်လို့ အခုလို ရည်ရွယ်ချက်ရှိရှိ လုပ်တာလဲ စဉ်းစားလို့ကို မရဘူး။
ဒီဘန်ကောက် ခရီးစဉ်ကလည်း လွန်ခဲ့တဲ့တစ်လလောက်ထဲက စီစဉ်ထားတဲ့ tripပါ၊ အတိအကျ ပြောရရင် လေယာဉ်လက်မှတ်တောင် May 11ရက်ထဲက အသွားအပြန် ဖြတ်ထားခဲ့တာပါ။အခုတော့ တိုက်ခိုက်တဲ့ သူကတော့ ဝမ်းသာ နေမှာပါ။
အိမ်ကမိသားစုကလည်း တော်တော့်ကို စိတ်ထိခိုက် နေကြပါတယ်။ ချယ့် အနေအထားနဲ့ အခုလိုအချိန်မှာ ဘယ်လိုလုပ် လှူနိုင်မှာလဲ။ ဘာအလုပ်တွေ လုပ်နေရလို့လဲ။ တကယ်လုပ်မှတော့ အဲ့လိုစာရွက်စာတမ်းနဲ့ ဂုဏ်ဆာပီး လှူပါ့မလား
တင်ပါ့မလား ချယ်လည်း မြန်မာနိုင်ငံထဲမှာ နေနေတာပဲ ချယ့်ကို ဒုက္ခရောက်စေချင်လို့ စာရွက်စာတမ်းတွေ တမင် ဖန်တီးပြီးချယ် ခရီးထွက်တဲ့ အချိန်နဲ့တိုက်တိုက်ဆိုင်ဆိုင် တမင်ကို တင်လိုက်တာ အခုတော့ အားလုံးစိတ်ဒုက္ခတွေ ရောက်နေရတယ်။
အခုခရီး လေယာဉ်လက်မှတ်ကလဲ visit visa နဲ့သွားတဲ့အတွက် အသွားအပြန် ဖြတ်ထားခဲ့တာပါ။ ဒီလို စာအရှည်ကြီးတွေလဲ မရေးချင်ပါဘူး၊ မူရင်း source ကိုသာ သေချာရှာပြီး လေ့လာ စေချင်ပါတယ်” ဆိုပြီး
အဆိုတော် ချယ်ရီသင်းက ထွက်ပေါ်နေတဲ့ သတင်းများနဲ့ပတ်သက် ပြီး ပြန်လည် ဖြေရှင်း လာတာပဲ ဖြစ်ပါတယ် နော် ပရိသတ်ကြီး။ စစ်ကောင်စီထောက်ခံသူတွေမှ ချယ်ရီသင်းရဲ့ အိမ်ကို ချိပ်ပိတ်ရန် ပိုင်ဆိုင်မှုများကို သိမ်းယူရန် တိုက်တွန်း ရေးသားလျှက်
ရှိတဲ့အတွက်လည်း အဆိုတော်ချယ်ရီသင်းတို့ မိသားစုဟာ စိုးရိမ်ပူပန်မှုများနဲ့ ကြုံတွေ့ ရင်ဆိုင်နေရတာ ဖြစ်တဲ့အတွက် အခုလိုဖြေရှင်း ရေးသား ပြောဆိုလာရတာ ဖြစ်တယ်လို့ သိရပါတယ်။
credit
Zawgyi
credit