အမေ အဆင်ပြေပါတယ်သားရယ် ဆိုတဲ့ အဖွားအိုတစ်ဦးရဲ့ အဖြစ်
အမေ…
ဘာလဲ သား
အိမ်မှာက လူတွေလည်း များလာပြီ။ အမေ့မြေးတွေက လူကြီးတွေ ဖြစ်လာတော့ သူ့အခန်းလေးနဲ့သူ နေချင် လာကြပြီ အမေ…
အသက် ၈၀ ကျော် ဒေါ်မြရွှေက ဆန်ပြုတ်လေးသောက်နေရာမှ ပန်းကန်ကို ဖယ်လိုက်ပြီး သားက ဘာလုပ်ချင်လို့လဲကွယ် ပွင့်ပွင့်လင်းလင်းပြောပေါ့
ဒီအိမ်ကိုဖျက်ပြီးတော့ တိုက်သစ်ဆောက်ချင်တယ်အမေ…
အိုကွယ် … ဒီအိမ်က မင်းအဖေ လစာ တစ်လ ၇ ကျပ်ခွဲရကတည်းက စုဆောင်းပြီး ဆောက်ထားတဲ့ အိမ်ပါကွယ်။
မိဘ လက်ငုတ်လက်ရင်းဆိုတာ မဖျက်ကောင်းပါဘူး။
ပြီးတော့ မင်းအဖေက သားစဉ် မြေးဆက် နေနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ တစ်အိမ်လုံးကို ကျွန်း၊ ပျဉ်းကတိုးတွေနဲ့ ဆောက်ထားတာဆိုတော့ နေလို့ ရနေသားပဲ
ရတော့ ရတာပေါ့အမေရယ် … ဒါပေမဲ့
ဘာလဲကွယ် ဒါပေမဲ့က
အမေ့ချွေးမက ဆိုင်လေးလည်း ဖွင့်ချင်တယ်။ ပြီးတော့ သူက ကျဉ်းကျဉ်းကျုတ်ကျုတ် မနေတတ်ဘူးတဲ့
အေးလေ … ငါ့သားကလည်း ဒီအိမ်အိုလေးမှာ မနေချင်တော့ဘူးနဲ့တူတယ် …
သားတိုက်သစ်ဆောက် ချင်ရင်လည်း ဒီအိမ်လေးကိုတော့ မဖျက်ပါနဲ့ကွယ်။
အမေသေမှ သားသဘော ဒါဆိုရင်အမေ … အမေ့အိမ်ရှေ့မှာ မြေကျယ်တာပဲ … နှစ်ထပ်တိုက်တစ်လုံး ဆောက်လိုက်မယ်နော်…
သားဆန္ဒရှိရင်လုပ်ပါကွယ်…
ဤသို့ဖြင့် ဒေါ်မြရွှေ ခြံဝင်းထဲတွင် နှစ်ထပ်တိုက်အိမ်ကြီးတစ်လုံး တစ်နှစ်အတွင်း အကောင်အထည်ပေါ်လာသည်။
အိမ်က လမ်းနှင့်ကပ်သွားသဖြင့် အောက်ထပ်ကို ကုန်စုံဆိုင်ခန်းဖွင့်သည်။
အိမ်ရှေ့က မြေဖို့ကာ ပိတ်ကာလိုက်သောကြောင့် အိမ်နောက်မှ သစ်သားအိမ်လေးအောက်တွင်ရေဝပ်လာ သည်။
ထို့ပြင် ပိုပြီးမှောင်သလိုလိုဖြစ်သဖြင့် ခြင်ပိုကိုက်သည်။
ဒေါ်မြရွှေ၏ သားကြီးက သူ့ဇနီးကို ငါတို့ အမေ့ကို တိုက်အပေါ်မှာ အခန်းတစ်ခန်းပေးရအောင်။ ဘုရားခန်းဘေးက အခန်း လွတ်နေတာပဲ။
အိမ်ကမှောင်ပြီး အောက်မှာ ရေဝပ်နေတော့ အမေခြင်ကိုက်တယ်…
အို … အပေါ်မှာ ကလေးတွေ ကျယ်ကျယ်ဝန်းဝန်း နေပါစေ။ ပြီးတော့ သူတို့က ဂိမ်းကစား၊ တီဗီကြည့်၊ စာကျက် အနှောင့်အယှက်ဖြစ်ပါတယ်”
အမေအိုကား အိမ်အိုလေးထဲတွင် တစ်ယောက်တည်း ကျန်ခဲ့ရှာသည်။ နေ့ချင်းညချင်း ပိုပြီး အိုစာသလို ဖြစ်သွားသည်။
ဟဲ့ … အငယ်ကောင် ချစ်တူးလေး … ဖွားဖွားဆီ လာပါဦး မိချို … ဖွားဖွားကို လာနင်းပေးဦးလေ
မာလာရေ … ဖွားဖွားကို တရားခွေလာဖွင့်ပေးပါဦး
ဒေါ်မြရွှေက တကြော်ကြော် သာအော်နေသည်။ သူ့ထံကို မည်သူမျှ ရောက်မလာ။
ထမင်းစားချိန် အိမ်ရှေ့ စားပွဲလေးပေါ်တွင် လာတင်သွားသည်။ သူတို့စားစေချင်တာတွေ လာတင်သွားသည်။
ခါတိုင်းလို ရေခဲသေတ္တာဖွင့်ကာ ရွေး၍မရ။ ချိုချို ချဉ်ချဉ်လေးတွေ သူတို့စားသည့်အထဲမှ နှိုက်စား၍မရ။
ကျွေးတာစားအဆင့်ကို ရောက်လာသည်။ ပိုဆိုးသည်က တစ်ယောက်တည်း အထီးကျန်လာခြင်းဖြစ်သည်။
သားရေ … မာလာကို အမေနဲ့ လာထားပါလား…
အမေ့မြေးကြီးက စာကျက်နေရပြီအမေ။ နောက်ဆုံးနှစ်ဆိုတော့ ဂရုစိုက်နေရတယ်…
အမေ့ဆီမှာလည်း စာကျက်လို့ရတာပဲ…
အမေ့ဆီမှာ ခြင်ကိုက်တာနဲ့ သူနေမှာ မဟုတ်ဘူး အမေအို ဝမ်းနည်းသွားသည်။
သူနှင့်ခြင်ဆေး ဓာတ်မတည့်။ ခြင်ဆေးနံ့လည်း မခံနိုင်။
စားချိန်လေးပဲ အပြင်ထွက်ကာ ကျန်တချိန်လုံးခြင်ထောင်ထဲနှင့် ခုတင်ပေါ်နေရသည်မှာ ခြေထောက်တွေ ညောင်းလာသည်။
သားရေ အမေ အိမ်ထဲနေရတာကြာပြီကွယ် ဘုန်းကြီးကျောင်း သွားချင်တယ်၊ ဥပုသ်သွားစောင့်မလို့
အိမ်မှာပဲ တီဗီက သီလယူလိုက်ပါလားအမေ … ဒီမှာက မနက်ဆို ဘယ်သူမှ အားကြတာ မဟုတ်ဘူး
မင်းတို့ မအားတာပါကွယ် … အမေ အားနေတာပဲ အမေ့ဘာသာ သွားမှာပေါ့
ဒါဆိုလည်း သွားလေ အောင်မြင့်ကို ပို့ခိုင်းလိုက်မယ်…
ချွေးမက
အို … အစ်ကိုကလည်း ကားက သမီးကြီးကို ကျောင်းပို့ရမှာလေ ပြီးတော့ဈေးမှာ ကုန်ထုပ်ဝင်ယူခိုင်းထားတယ်…
နေပါစေ သားရယ် အမေ ဆိုက်ကားနဲ့ပဲ သွားမယ်…
အောင်မြင့်ရေ ဆိုက်ကားတစ်စီး သွားခေါ်အမေအိုက ဆိုက်ကားနှင့် ဘုန်းကြီးကျောင်းကိုလာခဲ့သည်။
အခိုက်အတန့်လေးတွင် စိတ်ချမ်းသာလိုက် သည်မှာမည်သို့ ပြောရမည်ပင်မသိ။ ဘုန်းကြီးကျောင်းရောက်သော် ဆရာတော်က…
ဒကာမကြီး
ဘုရား
တိုက်သစ်ကြီးနဲ့ဆိုတော့ နေရထိုင်ရတာ ဇိမ်ကျနေမှာပေါ့…
တပည့်တော်က အိမ်လေးထဲမှာပဲ နေခဲ့တယ်ဘုရား
ဘာဖြစ်လို့လဲ ဒကာမကြီး
တိုက်က အပေါ်ထပ်ဆိုတော့ ဆင်းရတက်ရ မလွယ်ပါဘူးဘုရား … သားကတော့ အခန်းတစ်ခန်းနဲ့ ကျကျနန အထားသား။
သူတို့က အဲကွန်းတွေနဲ့ဆိုတော့လည်း အေးတယ်ဘုရား။ တပည့်တော်က မနေတတ်ပါဘူး…။
သို့သော် ဒေါ်မြရွှေက တိုးတိုးလေး ပြောလိုက်မိသည်မှာ တော်ပါသေးရဲ့ သီလမယူရသေးလို့..။ ။
Zawgyi
အေမ အဆင္ေျပပါတယ္သားရယ္ ဆိုတဲ့ အဖြားအိုတစ္ဦးရဲ႕ အျဖစ္
အေမ…
ဘာလဲ သား
အိမ္မွာက လူေတြလည္း မ်ားလာၿပီ။ အေမ့ေျမးေတြက လူႀကီးေတြ ျဖစ္လာေတာ့ သူ႔အခန္းေလးနဲ႔သူ ေနခ်င္ လာၾကၿပီ အေမ…
အသက္ ၈၀ ေက်ာ္ ေဒၚျမေ႐ႊက ဆန္ျပဳတ္ေလးေသာက္ေနရာမွ ပန္းကန္ကို ဖယ္လိုက္ၿပီး သားက ဘာလုပ္ခ်င္လို႔လဲကြယ္ ပြင့္ပြင့္လင္းလင္းေျပာေပါ့
ဒီအိမ္ကိုဖ်က္ၿပီးေတာ့ တိုက္သစ္ေဆာက္ခ်င္တယ္အေမ…
အိုကြယ္ … ဒီအိမ္က မင္းအေဖ လစာ တစ္လ ၇ က်ပ္ခြဲရကတည္းက စုေဆာင္းၿပီး ေဆာက္ထားတဲ့ အိမ္ပါကြယ္။
မိဘ လက္ငုတ္လက္ရင္းဆိုတာ မဖ်က္ေကာင္းပါဘူး။
ၿပီးေတာ့ မင္းအေဖက သားစဥ္ ေျမးဆက္ ေနႏိုင္ေအာင္ဆိုတဲ့ရည္႐ြယ္ခ်က္ေတြနဲ႔ တစ္အိမ္လုံးကို ကြၽန္း၊ ပ်ဥ္းကတိုးေတြနဲ႔ ေဆာက္ထားတာဆိုေတာ့ ေနလို႔ ရေနသားပဲ
ရေတာ့ ရတာေပါ့အေမရယ္ … ဒါေပမဲ့
ဘာလဲကြယ္ ဒါေပမဲ့က
အေမ့ေခြၽးမက ဆိုင္ေလးလည္း ဖြင့္ခ်င္တယ္။ ၿပီးေတာ့ သူက က်ဥ္းက်ဥ္းက်ဳတ္က်ဳတ္ မေနတတ္ဘူးတဲ့
ေအးေလ … ငါ့သားကလည္း ဒီအိမ္အိုေလးမွာ မေနခ်င္ေတာ့ဘူးနဲ႔တူတယ္ …
သားတိုက္သစ္ေဆာက္ ခ်င္ရင္လည္း ဒီအိမ္ေလးကိုေတာ့ မဖ်က္ပါနဲ႔ကြယ္။
အေမေသမွ သားသေဘာ ဒါဆိုရင္အေမ … အေမ့အိမ္ေရွ႕မွာ ေျမက်ယ္တာပဲ … ႏွစ္ထပ္တိုက္တစ္လုံး ေဆာက္လိုက္မယ္ေနာ္…
သားဆႏၵရွိရင္လုပ္ပါကြယ္…
ဤသို႔ျဖင့္ ေဒၚျမေ႐ႊ ၿခံဝင္းထဲတြင္ ႏွစ္ထပ္တိုက္အိမ္ႀကီးတစ္လုံး တစ္ႏွစ္အတြင္း အေကာင္အထည္ေပၚလာသည္။
အိမ္က လမ္းႏွင့္ကပ္သြားသျဖင့္ ေအာက္ထပ္ကို ကုန္စုံဆိုင္ခန္းဖြင့္သည္။
အိမ္ေရွ႕က ေျမဖို႔ကာ ပိတ္ကာလိုက္ေသာေၾကာင့္ အိမ္ေနာက္မွ သစ္သားအိမ္ေလးေအာက္တြင္ေရဝပ္လာ သည္။
ထို႔ျပင္ ပိုၿပီးေမွာင္သလိုလိုျဖစ္သျဖင့္ ျခင္ပိုကိုက္သည္။
ေဒၚျမေ႐ႊ၏ သားႀကီးက သူ႔ဇနီးကို ငါတို႔ အေမ့ကို တိုက္အေပၚမွာ အခန္းတစ္ခန္းေပးရေအာင္။ ဘုရားခန္းေဘးက အခန္း လြတ္ေနတာပဲ။
အိမ္ကေမွာင္ၿပီး ေအာက္မွာ ေရဝပ္ေနေတာ့ အေမျခင္ကိုက္တယ္…
အို … အေပၚမွာ ကေလးေတြ က်ယ္က်ယ္ဝန္းဝန္း ေနပါေစ။ ၿပီးေတာ့ သူတို႔က ဂိမ္းကစား၊ တီဗီၾကည့္၊ စာက်က္ အေႏွာင့္အယွက္ျဖစ္ပါတယ္”
အေမအိုကား အိမ္အိုေလးထဲတြင္ တစ္ေယာက္တည္း က်န္ခဲ့ရွာသည္။ ေန႔ခ်င္းညခ်င္း ပိုၿပီး အိုစာသလို ျဖစ္သြားသည္။
ဟဲ့ … အငယ္ေကာင္ ခ်စ္တူးေလး … ဖြားဖြားဆီ လာပါဦး မိခ်ိဳ … ဖြားဖြားကို လာနင္းေပးဦးေလ
မာလာေရ … ဖြားဖြားကို တရားေခြလာဖြင့္ေပးပါဦး
ေဒၚျမေ႐ႊက တေၾကာ္ေၾကာ္ သာေအာ္ေနသည္။ သူ႔ထံကို မည္သူမွ် ေရာက္မလာ။
ထမင္းစားခ်ိန္ အိမ္ေရွ႕ စားပြဲေလးေပၚတြင္ လာတင္သြားသည္။ သူတို႔စားေစခ်င္တာေတြ လာတင္သြားသည္။
ခါတိုင္းလို ေရခဲေသတၱာဖြင့္ကာ ေ႐ြး၍မရ။ ခ်ိဳခ်ိဳ ခ်ဥ္ခ်ဥ္ေလးေတြ သူတို႔စားသည့္အထဲမွ ႏႈိက္စား၍မရ။
ေကြၽးတာစားအဆင့္ကို ေရာက္လာသည္။ ပိုဆိုးသည္က တစ္ေယာက္တည္း အထီးက်န္လာျခင္းျဖစ္သည္။
သားေရ … မာလာကို အေမနဲ႔ လာထားပါလား…
အေမ့ေျမးႀကီးက စာက်က္ေနရၿပီအေမ။ ေနာက္ဆုံးႏွစ္ဆိုေတာ့ ဂ႐ုစိုက္ေနရတယ္…
အေမ့ဆီမွာလည္း စာက်က္လို႔ရတာပဲ…
အေမ့ဆီမွာ ျခင္ကိုက္တာနဲ႔ သူေနမွာ မဟုတ္ဘူး အေမအို ဝမ္းနည္းသြားသည္။
သူႏွင့္ျခင္ေဆး ဓာတ္မတည့္။ ျခင္ေဆးနံ႔လည္း မခံႏိုင္။
စားခ်ိန္ေလးပဲ အျပင္ထြက္ကာ က်န္တခ်ိန္လုံးျခင္ေထာင္ထဲႏွင့္ ခုတင္ေပၚေနရသည္မွာ ေျခေထာက္ေတြ ေညာင္းလာသည္။
သားေရ အေမ အိမ္ထဲေနရတာၾကာၿပီကြယ္ ဘုန္းႀကီးေက်ာင္း သြားခ်င္တယ္၊ ဥပုသ္သြားေစာင့္မလို႔
အိမ္မွာပဲ တီဗီက သီလယူလိုက္ပါလားအေမ … ဒီမွာက မနက္ဆို ဘယ္သူမွ အားၾကတာ မဟုတ္ဘူး
မင္းတို႔ မအားတာပါကြယ္ … အေမ အားေနတာပဲ အေမ့ဘာသာ သြားမွာေပါ့
ဒါဆိုလည္း သြားေလ ေအာင္ျမင့္ကို ပို႔ခိုင္းလိုက္မယ္…
ေခြၽးမက
အို … အစ္ကိုကလည္း ကားက သမီးႀကီးကို ေက်ာင္းပို႔ရမွာေလ ၿပီးေတာ့ေဈးမွာ ကုန္ထုပ္ဝင္ယူခိုင္းထားတယ္…
ေနပါေစ သားရယ္ အေမ ဆိုက္ကားနဲ႔ပဲ သြားမယ္…
ေအာင္ျမင့္ေရ ဆိုက္ကားတစ္စီး သြားေခၚအေမအိုက ဆိုက္ကားႏွင့္ ဘုန္းႀကီးေက်ာင္းကိုလာခဲ့သည္။
အခိုက္အတန႔္ေလးတြင္ စိတ္ခ်မ္းသာလိုက္ သည္မွာမည္သို႔ ေျပာရမည္ပင္မသိ။ ဘုန္းႀကီးေက်ာင္းေရာက္ေသာ္ ဆရာေတာ္က…
ဒကာမႀကီး
ဘုရား
တိုက္သစ္ႀကီးနဲ႔ဆိုေတာ့ ေနရထိုင္ရတာ ဇိမ္က်ေနမွာေပါ့…
တပည့္ေတာ္က အိမ္ေလးထဲမွာပဲ ေနခဲ့တယ္ဘုရား
ဘာျဖစ္လို႔လဲ ဒကာမႀကီး
တိုက္က အေပၚထပ္ဆိုေတာ့ ဆင္းရတက္ရ မလြယ္ပါဘူးဘုရား … သားကေတာ့ အခန္းတစ္ခန္းနဲ႔ က်က်နန အထားသား။
သူတို႔က အဲကြန္းေတြနဲ႔ဆိုေတာ့လည္း ေအးတယ္ဘုရား။ တပည့္ေတာ္က မေနတတ္ပါဘူး…။
သို႔ေသာ္ ေဒၚျမေ႐ႊက တိုးတိုးေလး ေျပာလိုက္မိသည္မွာ ေတာ္ပါေသးရဲ႕ သီလမယူရေသးလို႔..။ ။