ၾကားသိရသမွ်

နေအိမ်ဘုရားစင်ရှေ့မှာ ချီး ထိုင်ယိုထားခဲ့ပြီး သေတ္တာနှစ်လုံးနဲ့ ရွှေထည် သိန်း(၂၀၀) ဖိုးခိုးယူသွားတဲ့ ဖြစ်ရပ်

နေအိမ်ဘုရားစင်ရှေ့မှာ ချီး ထိုင်ယိုထားခဲ့ပြီး သေတ္တာနှစ်လုံးနဲ့ ရွှေထည် သိန်း(၂၀၀) ဖိုးခိုးယူသွားတဲ့ ဖြစ်ရပ်

တနိုင်းမြို့ ဆင်မ်ဆာ့ရပ်ကွက် ချောင်းတဖက်ကမ်းရှိ ဒိုးလေး ဆီဆိုင် ဦးအောင်တိုး၏နေအိမ်အား ယမန်နံနက် (၃း၃၀)ချိန်ခန့်က နေအိမ်တံခါးအား ကလန့်ဖွင့်၍ ဦးအောင်တိုး အိပ်နေသည့်အခန်းအတွင်းမှသေတ္တာ (၂)လုံးပျောက်ဆုံးသွားကြောင်းသိရှိရပါသည်။

ပိုင်ရှင်း ဦးအောင်တိုးမှ နံနက် (၄)နာရီခန့် အိပ်ရာမှနိုးလာစဉ် ပျောက်ဆုံးသေတ္တာများအား အိမ်းသားများနှင့်အတူလိုက်လံရှာဖွေနေစဉ် အနီးရှိ တံတားလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များသို့ သွားရောက်အကြောင်းကြားခဲ့ပြီးနောက်

အနီးနားပတ်ဝန်းကျင်းများသို့ လိုက်ရှာဖွေရာ ဇေယျာသီရိဘုန်းကြီးကျောင်းအနီးရှိ သစ်ပင်၌တဲထိုးသည့်နေရာမှ သေတ္တာ (၁)လုံးနှင့်သံဘုတ်လေအတွင်းမှသေတ္တာ(၁)လုံးတို့အား၎င်းတို့အိမ်သားအဖွဲ့ပြန်လည်တွေ့ရှိခဲ့ပါသည်။

၎င်းပျောက်ဆုံးသေတ္တာထဲများတွင် ရွှေ(၁၀)ကျပ်သားခန့် စိန်လက်စွပ်(၁)ကွင်း ငွေသား သိန်း (၃၀)ကျပ်နှင့်ဖုံး(၂)လုံးငွေသားနှင့်ကာလတန်ဘိုးသိန်း(၂၀၀)ခန့်ရှိကြောင်း အိမ်ပိုင်ရှင် ဦးအောင်တိုးမှပြောသည် ခိုးယူသွားသည့် အခန်း ဘုရားစဉ်ရှေ့တွင် သူခိုးများ ချီးယိုသည့် ပုံကိုတွေ့ရှိကြောင်း ဒါထူးဆန်းတယ်ဗျာလို့ ဆိုပါတယ်။

ဖြစ်စဉ်အား တနိုင်းရဲတပ်ဖွဲ့သို့အကြောင်းကြားပြီးဖြစ်ကြောင်း လောလောဆယ် ရဲတပ်ဖွဲ့ကတော့ အပူတပြင်းလိုက်လံရှာဖွေလျက်ရှိပြီး သံသယရှိသူများနှင့်ပြစ်မှုကျူးလွန်သူဟုယူဆသူများ စုံစမ်းမှုများပြုလုပ်နေပါတယ် အမှုဖွင့်ကိုလည်း ရဲစခန်းမှာလုပ်နေတယ်လို့ ပြောပါတယ်။

တနိုင်းမြို့မှာတော့ မကြာခဏ ခိုးမှုဖြစ်နေရာကနေ အခုဖောက်ထွန်းမှုဖြစ်လာခြင်းအပေါ် ပြည်သူများ ပူးပေါင်းပါဝင် လုပ်ကြမှလျော့ကြမယ် တနိုင်းမှာအနယ်နယ်အရပ်ကလာရောက်နေထိုင်သူများနေခြင်းကြောင့် တာဝန်ရှိသူများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မြို့မိ/ဖများ ဒေသခံပြည်သူ ဟန်ချက်ညီညာ စီမံချက်တစ်ခုရေးဆွဲခြင်း့ဖြင့် ဆောင်ရွက်ကြမှ တနိုင်းဒေသ တရားဥပဒေစိုးမိုးမည်ဖြစ်ပါသည်။

ပိုင်ရှင် ဦးအောင်တိုး ကတော့ တနိုင်းမှာ ခိုးမှုတွေများလာရာကနေ အခု ဖောက်ထွန်းမှုဖြစ်လာတာကြောင့် မလုံခြုံတော့ဘူးလို့ခံစားလာရတယ်ဗျာ ဒါကြောင့်် သက်ဆိုင်တာဝန်ရှိသူများမှ ပြည်သူများအား တရားဥဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့မျှော်လင့်ပါတယ်လို့ ပြောကြားပါသည်။

တနိုင်း အထူးဟစ်တိုင်-Aung Kyaing