ကိုယ္နဲ႔ တစ္ညစာေပ်ာ္ ဖို႔ ေခၚလာတဲ့ အေပ်ာ္မယ္ေလး ကို သူေတာင္းစား ကိုေပးၿပီး ေပ်ာ္ခို င္းလိုက္ေသာအခါ
ဘားတခုထဲကေန အရက္ေတြ အရမ္းကိုမူးေနတဲ့ လူတစ္ေယာက္ အရက္တစ္လုံး နဲ႔ ညည့္ဌက္ကေလးတစ္ေယာက္ ဆြဲၿပီး ထြက္လာသတဲ့….
အဲ့ဒီမွာပဲ ဘားအေရွ႕မွာ ေတာင္းရမ္း စားေသာက္ေနတဲ့ သူေတာင္းစား တစ္ေယာက္က ဗိုက္အရမ္းဆာေနတဲ့အတြက္ေၾကာင့္ …
သူ႔ကို အစားစားဖို႔ ေငြစေၾကးစ အနည္းငယ္ေလာက္ စြန႔္ၾကဲဖို႔ အမူးသမားကို ေတာင္းရမ္းပါေတာ့သတဲ့….
အဲ့ဒီမွာပဲ အမူးသမားကလည္း ငါ့မွာ ပိုက္ဆံေတာ့ မက်န္ေတာ့ဘူး…
မင္း ေသာက္ခ်င္ရင္ေတာ့ ေရာ့..ငါ့ အရက္ သာ ေသာက္လိုက္ေတာ့လို႔ အရက္ပုလင္း လွမ္းေပးေရာ…
အဲ့ဒီမယ္ သူေတာင္းစားက (ကၽြန္ေတာ္ အရက္ မေသာက္တတ္ပါဘူးခင္ဗ် ..ထမင္းစားဖို႔ ေငြသာလိုတာပါ) လို႔ ျပန္ေျပာသတဲ့…..
ဟာ….အဲ့ဒါဆိုလည္း ေရာ့ကြာ..ငါ့ ေဆးလိပ္ဗူး. .ေတာ္ေတာ့.. ပိုက္ဆံေတာ့ မရွိေတာ့ဘူး… ဆိုၿပီး ေဆးလိပ္ဗူး လွမ္းေပးေတာ့..
ကၽြန္ေတာ္ ေဆးလိပ္လည္း လုံးဝ မေသာက္တတ္ပါဘူး ခင္ဗ်….တဲ့….
ဟာ…မင္းဟာကလည္းကြာ..ငါလည္း ငါတတ္နို္င္သေလာက္ ေပးတာပဲကြာ…
ကိုင္းကြာ…ဒီေလာက္ေတာင္ရွိလွ. .ေရာ့ ကြာ.. ဒီမွာ ဒီညအတြက္ ငါေခၚလာတဲ့ ေကာင္မေလး …မင္း သူ႔ကိုသာ ေခၚသြားၿပီး. .ေပ်ာ္ပါးလိုက္ေတာ့ကြာ…
ပိုက္ဆံေတာ့ တကယ္ကို မရွိေတာ့လို႔ကြ… လို႔ ဆိုၿပီး သူေခၚလာတဲ့ ညည့္ဌက္ကေလးကို …
သူေတာင္းစားကို တစ္ညတာ ေပးဖို႔ ကမ္းလွမ္းလိုက္ေရာတဲ့….
အဲ့ဒီအခ်ိန္မွာပဲ..သူေတာင္းစားက…ေလသံနည္းနည္းေလး မာသြားၿပီး…..
(ကၽြန္ေတာ္ဟာ ေငြေၾကးမျပည့္စုံလို႔ အခုလို ေတာင္းရမ္း စားေသာက္ေနရေပမယ့္
ကၽြန္ေတာ့္ မိန္းမအေပၚမွာ အဲ့သလို သစၥာမရွိတဲ့ အလုပ္ကို မလုပ္နိုင္ဘူး…
ကၽြန္ေတာ္ တျခား မိန္းမနဲ႔ လည္း မေဖာက္ျပန္နိုင္ဘူး ထမင္းဖိုးသာ လိုခ်င္ပါတယ္) လို႔ ျပန္ေျပာလိုက္ပါေတာ့တယ္….
သူေတာင္းစားက အဲ့ဒီလိုလည္း ျပန္လည္း ျပန္ေျပာလိုက္ေရာ…
အမူးသမားက ခ်က္ခ်င္း ကို …(မင္း.. မင္း… မင္း…..အခုခ်က္ခ်င္း ငါ့နဲ႔ လိုက္ခဲ့ေတာ့…
အခု ခ်က္ခ်င္း ငါ့အိမ္ကို လိုက္ခဲ့ေတာ့…အိမ္ေရာက္ရင္ မင္းကို ညစာလည္း ေကၽြးမယ္..
မင္း မိန္းမ စားဖို႔အတြက္လည္း ညစာ ထည့္ေပးလိုက္မယ္….အျပန္က်ရင္လည္း ေဒၚလာ ၅၀၀ ထည့္ေပးလိုက္မယ္..
အခု ခ်က္ခ်င္းသာ ငါနဲ႔ လိုက္ခဲ့ေတာ့) လို႔ ေျပာလိုက္ပါေတာ့သတဲ့….
အဲ့ဒီမွာပဲ ေဘးက တခ်ိန္လုံး ရပ္ၾကည့္ေနတဲ့ အေပ်ာ္မယ္ေလးက အရမ္း အံ့ၾသသြားၿပီး…
(ရွင္က ႐ုတ္တရက္ႀကီး ဘယ္လိုျဖစ္လို႔ ဒီ သူေတာင္းစားကို အိမ္ေခၚ ထမင္းေကၽြး ၿပီး ေဒၚလာ ၅၀၀ ေပးဖို႔ ဆုံးျဖတ္လိုက္ရတာလဲ) လို႔ ေမးလိုက္ေတာ့..
အမူးသမားက (ေအး..ဒီေခတ္ ဒီအခါ အရက္မေသာက္၊ ေဆးလိပ္မေသာက္၊ အေပ်ာ္အပါး မလိုက္စားဘဲ …
အိမ္က မိန္းမတစ္ေယာက္တည္းကိုပဲ သစၥာရွိရွိ ခ်စ္တဲ့ေကာင္မ်ိဳးေတြ ေနာက္ဆုံး တေန႔ ဘယ္ဘဝ ေရာက္သြားလဲ ဆိုတာ အိမ္က မိန္းမကို ျပခ်င္လို႔) တဲ့…။
စထွာဘာ..စထွာဘာ…
ေမာင္အန္ဒီ (ဒါးတန္း)
ကိုယ်နဲ့ တစ်ညစာပျော် ဖို့ ခေါ်လာတဲ့ အပျော်မယ်လေး ကို သူတောင်းစား ကိုပေးပြီး ပျော်ခို င်းလိုက်သောအခါ
ဘားတခုထဲကနေ အရက်တွေ အရမ်းကိုမူးနေတဲ့ လူတစ်ယောက် အရက်တစ်လုံး နဲ့ ညည့်ဌက်ကလေးတစ်ယောက် ဆွဲပြီး ထွက်လာသတဲ့….
အဲ့ဒီမှာပဲ ဘားအရှေ့မှာ တောင်းရမ်း စားသောက်နေတဲ့ သူတောင်းစား တစ်ယောက်က ဗိုက်အရမ်းဆာနေတဲ့အတွက်ကြောင့် …
သူ့ကို အစားစားဖို့ ငွေစကြေးစ အနည်းငယ်လောက် စွန့်ကြဲဖို့ အမူးသမားကို တောင်းရမ်းပါတော့သတဲ့….
အဲ့ဒီမှာပဲ အမူးသမားကလည်း ငါ့မှာ ပိုက်ဆံတော့ မကျန်တော့ဘူး…
မင်း သောက်ချင်ရင်တော့ ရော့..ငါ့ အရက် သာ သောက်လိုက်တော့လို့ အရက်ပုလင်း လှမ်းပေးရော…
အဲ့ဒီမယ် သူတောင်းစားက (ကျွန်တော် အရက် မသောက်တတ်ပါဘူးခင်ဗျ ..ထမင်းစားဖို့ ငွေသာလိုတာပါ) လို့ ပြန်ပြောသတဲ့…..
ဟာ….အဲ့ဒါဆိုလည်း ရော့ကွာ..ငါ့ ဆေးလိပ်ဗူး. .တော်တော့.. ပိုက်ဆံတော့ မရှိတော့ဘူး… ဆိုပြီး ဆေးလိပ်ဗူး လှမ်းပေးတော့..
ကျွန်တော် ဆေးလိပ်လည်း လုံးဝ မသောက်တတ်ပါဘူး ခင်ဗျ….တဲ့….
ဟာ…မင်းဟာကလည်းကွာ..ငါလည်း ငါတတ်နိုင်သလောက် ပေးတာပဲကွာ…
ကိုင်းကွာ…ဒီလောက်တောင်ရှိလှ. .ရော့ ကွာ.. ဒီမှာ ဒီညအတွက် ငါခေါ်လာတဲ့ ကောင်မလေး …မင်း သူ့ကိုသာ ခေါ်သွားပြီး. .ပျော်ပါးလိုက်တော့ကွာ…
ပိုက်ဆံတော့ တကယ်ကို မရှိတော့လို့ကွ… လို့ ဆိုပြီး သူခေါ်လာတဲ့ ညည့်ဌက်ကလေးကို …
သူတောင်းစားကို တစ်ညတာ ပေးဖို့ ကမ်းလှမ်းလိုက်ရောတဲ့….
အဲ့ဒီအချိန်မှာပဲ..သူတောင်းစားက…လေသံနည်းနည်းလေး မာသွားပြီး…..
(ကျွန်တော်ဟာ ငွေကြေးမပြည့်စုံလို့ အခုလို တောင်းရမ်း စားသောက်နေရပေမယ့်
ကျွန်တော့် မိန်းမအပေါ်မှာ အဲ့သလို သစ္စာမရှိတဲ့ အလုပ်ကို မလုပ်နိုင်ဘူး…
ကျွန်တော် တခြား မိန်းမနဲ့ လည်း မဖောက်ပြန်နိုင်ဘူး ထမင်းဖိုးသာ လိုချင်ပါတယ်) လို့ ပြန်ပြောလိုက်ပါတော့တယ်….
သူတောင်းစားက အဲ့ဒီလိုလည်း ပြန်လည်း ပြန်ပြောလိုက်ရော…
အမူးသမားက ချက်ချင်း ကို …(မင်း.. မင်း… မင်း…..အခုချက်ချင်း ငါ့နဲ့ လိုက်ခဲ့တော့…
အခု ချက်ချင်း ငါ့အိမ်ကို လိုက်ခဲ့တော့…အိမ်ရောက်ရင် မင်းကို ညစာလည်း ကျွေးမယ်..
မင်း မိန်းမ စားဖို့အတွက်လည်း ညစာ ထည့်ပေးလိုက်မယ်….အပြန်ကျရင်လည်း ဒေါ်လာ ၅၀၀ ထည့်ပေးလိုက်မယ်..
အခု ချက်ချင်းသာ ငါနဲ့ လိုက်ခဲ့တော့) လို့ ပြောလိုက်ပါတော့သတဲ့….
အဲ့ဒီမှာပဲ ဘေးက တချိန်လုံး ရပ်ကြည့်နေတဲ့ အပျော်မယ်လေးက အရမ်း အံ့သြသွားပြီး…
(ရှင်က ရုတ်တရက်ကြီး ဘယ်လိုဖြစ်လို့ ဒီ သူတောင်းစားကို အိမ်ခေါ် ထမင်းကျွေး ပြီး ဒေါ်လာ ၅၀၀ ပေးဖို့ ဆုံးဖြတ်လိုက်ရတာလဲ) လို့ မေးလိုက်တော့..
အမူးသမားက (အေး..ဒီခေတ် ဒီအခါ အရက်မသောက်၊ ဆေးလိပ်မသောက်၊ အပျော်အပါး မလိုက်စားဘဲ …
အိမ်က မိန်းမတစ်ယောက်တည်းကိုပဲ သစ္စာရှိရှိ ချစ်တဲ့ကောင်မျိုးတွေ နောက်ဆုံး တနေ့ ဘယ်ဘဝ ရောက်သွားလဲ ဆိုတာ အိမ်က မိန်းမကို ပြချင်လို့) တဲ့…။
စထှာဘာ..စထှာဘာ…
မောင်အန်ဒီ (ဒါးတန်း)