Kaung For You Federal Private School တွင် ကျောင်းအပ်လက်ခံပြီး နာရီပိုင်းအတွင်း ကျောင်းသား ၁ သိန်းကျော် အပ်နှံ
ဧရာဝတီ၊ ဇွန် ၁၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာန၏ ပညာရေးစနစ်အတိုင်း သင်ကြားပေးမည့် Kaung For You Federal Private School တွင် ယနေ့ (ဇွန် ၁ ရက်) စတင်၍ အွန်လိုင်းမှတဆင့် ကျောင်းအပ်လက်ခံခဲ့ရာ နာရီပိုင်းအတွင်း ကျောင်းသား ၁ သိန်းကျော်ထိ လာရောက်အပ်နှံခဲ့ကြောင်း အဆိုပါကျောင်းက သတင်းထုတ်ပြန်သည်။
Kaung For You Education သည် ကျောင်းအပ်လက်ခံခြင်းကို ဇွန် ၁ ရက်နှင့် ၂ ရက်များတွင် လက်ခံမည်ဖြစ်ကြောင်း ကြေညာထားခဲ့ခြင်းဖြစ်ပြီး အပ်နှံမယ့်သူများ အနေဖြင့် ကျောင်း၏ Message Box မှတဆင့် Google Form ဖြင့် ဖြည့်ရခြင်း ဖြစ်သည်။
အဆိုပါ ကျောင်းတည်ထောင်သူ ဆရာကောင်း (K4U) က “ကျောင်းသား ၁ သိန်း ကျော်သွားပါပြီ။ ကျောင်းသား ၁ သောင်းကို အတော်စစ်ထုတ်ရမှာပါ။ ကျနော် ရင်မောနေရပါတယ် မိဘတို့ရယ်” ဟု Kaung For You Education လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
Kaung For You Education အနေဖြင့် လက်ခံနိုင်မည့် ကျောင်းသားဦးရေမှာ အယောက် ၁၀,၀၀၀ သာ ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး Kaung For You Education ကျောင်းတွင် KG မှ စတင်ကာ Grade 11 အထိ သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
ယခု နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီမှဖွင့်လှစ်သည့် အခြေခံကျောင်းများတွင် မတက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အသိအမှတ် ပြုထားသည့် ကျောင်းများမှာ Kaung For You Education အပြင် Free Online Educational Institution Myanmar (FOEIM)၊ Yangon Federal School၊ Interim Basic Education School – Thingangyun၊ New Myanmar Education၊ Nway Oo Federal School၊ Home-Based Learning Hlaing Thayar Township၊ Mandalay Federal School၊ Ayeyarwaddy Federal School တို့တွင် တက်ရောက်နိုင်ကြောင်း ကြေညာထားသည်။