ချစ်ပရိသတ်ကြီးရေ ဒီနေ့လေးမှာပြောပြပေးသွားမှာကတော့ ကိုရွှေတို့ သားအမိ အကြောင်းလေးပဲ ဖြစ်ပါတယ်။ ဒီနေ့လစာထုတ်ရက် ကိုရွှေ တက်တက်ကြွကြွနှင့်အိမ်ပြန်လာခဲ့သည်။
မိန်းမဖို့ သားဖို့ သမီးဖို့က ဘာလေး စိတ်ထဲမှာ ခွဲတမ်းလေးချရင်း ပီတိလေးနဲ့အိမ်ပေါ်လှမ်းတက်နေတုန်း “ထွီ” သလိပ်တွေ အခဲလိုက်နဲ့စီးထွေးခံလိုက်ရတော့ ကိုရွှေ အပျော်စိတ်တွေ ဘယ်ရောက်မှန်း မသိတော့။
ပုဆိုးကိုဖြည်ဝတ် ခါချရင်း “အမေကတော့ လုပ်ချလိုက်ပြန်ပြီ အိမ်ပေါက်ဝလေးလည်း ကြည့်ပါအုန်း။ ကျွန်တော့ပုဆိုးပေကုန်ပြီ ညစ်ပတ်လိုက်တာ တကယ်ပဲ”
အမေအိုက ကဗျာကရာ “အမေမမြင်လိုက်လို့ပါသားရယ် ချောင်းတအားဆိုးနေတာ သလိပ်ဟက်လို့ရတုန်းလေး အမြန်ထွေးချလိုက်တာ အမေပြန်သုတ်ပေးမယ် လာ လာ သား အပေါ်တက်ခဲ့”
“နေပါအမေရာ ကိုယ်ဘာသာကိုယ် မိန်းမရေ မောတယ်ကွာ ရေခပ်ခဲ့အုန်း” ကိုရွှေ အမေ့ရဲ့လက်တွေကို ဖယ်လိုက်ပြီး အိမ်ပေါ်က ပက်လက်ကုလားထိုင်ပေါ် လှဲချလိုက်ရင်း သူ့မိန်းမနဲ့ ကလေးတွေ တန်းစီခေါ်နေတေ့သည်။
ရတဲ့လစာနှင့် ဝယ်ခြမ်းလာသည်များကို ခွဲတမ်းချနေတုန်း ကိုရွှေ အမေ့ဆီတစ်ချက် ကြည့်လိုက်သည်။ အမေက ဘုရားစင်ရှေ့ဘုရားရှိခိုးရင်း ချောင်းတဟွတ်ဟွတ် ဆိုးနေသည်။
“မိန်းမ အမေ ချောင်းတွေ တအားဆိုးနေပါ့လား ဆေးလေးဘာလေး ဝယ်မတိုက်ဘူးလား” “ရှင့်အမေက ဒီဆေးလည်းမကြိုက် ဟိုဆေးဆိုလည်းဘာဖြစ်နဲ့ နေပါစေ။
အရမ်းအဆိုးကြီးလည်းမဟုတ်ပါဘူး မနက်မှ အဆုတ်ပုံလေး ဘာလေး ဝယ်တိုက်လိုက်မယ်”ကိုရွှေ ဘာမှမပြောတော့ သူ့မိန်းမပြောတာလဲ ဟုတ်ပါတယ်လေ ရှေးရိုးဆန်တဲ့သူ့အမေအကြောင်း သူသာအသိဆုံးမလား။
သူတို့မိသားစုလေးက ကုမ္ပဏီလခစား သူ့ဝင်ငွေနှင့်အကျပ်တည်းကြီး မဟုတ်ပေမယ့် သိပ်အချောင်လည်ကြီးလည်းမဟုတ် အဖေမရှိတည်းက သားအမိနှစ်ယောက် ရုန်းကန်လာရင်း သူအိမ်ထောင်ပြုတော့ အမေ့ကိုအပါခေါ်ရသည်။
အိမ်ငှါးဘဝနှင့် သူတို့သားအမိကို အိမ်ပေါ် နေခွင့်ပြုခဲ့တဲ့ သူ့မိန်းမကိုပဲ ကျေးဇူးတင်နေမိတော့သည်။ယောက္ခထီး ယောက္ခမ မရှိကြတော့ သူ့အမေ ကိုမိန်းမက အမေလိုသဘောထားမှာ မလွဲနိုင်ပါ။
နေ့တိုင်းသူက အိမ်မှာမရှိပေမယ့် သူပြန်လာတိုင်း အမြဲပြုံးရွှင်နေတဲ့အမေ့မျက်နှာကို ကြည့်တာနှင့်သူသိနိုင်သည်။အမေ့ဆီက တစ်ခါမှ တိုင်တောသံကြားရဖို့ဝေးလို့အမေ ပျော်နေတဲ့ အကြောင်းသာ အမြဲကြားရတတ်တယ်။
သူ့ရုံးပိတ်ရက်ရောက်လို့မိသားစု တစ်နေရာရာကို အလည်သွားတိုင်း အမေဘယ်တော့မှ မလိုက်ချေ။သားတစ်ယောက်အနေနဲ့ ခေါ်ရမည့်တာဝန်ကရှိပေမယ့် ခေါ်တိုင်းငြင်းလေ့ရှိတဲ့ အမေ့ကြောင့် သူမခေါ်ဖြစ်ခဲ့တာ ကြာပါပြီ။
ခုတစ်လောလေး သူသတိထားမိသည်မှာ အမေ့ကြည့်ရတာ အတော်လေး ပိန်သွားပုံရတယ်။ ချောင်းဆိုးသံ မကြားရတော့လို့ နေကောင်းသွားပြီ အထင်နဲ့ ဒီအတိုင်း နေမိသည်။
ဒီနေ့အလုပ်ကပြန်လာတော့ မရောက်တာ ကြာပြီဖြစ်တဲ့ အမေ့အခန်းလေးထဲ သူဝင်သွားခဲ့သည်။အမေ့လက်ထဲမှာ အဝတ်တစ်ခုကို သည်းကြီးမည်းကြီး ချုပ်နေသည်။
နှစ်ပေမီးချောင်းက သိပ်အလင်းကြီးမဟုတ်တော့ အမေမျက်စိပျက်တော့မှာပဲ ဟူသောစိတ်ဖြင့် စိတ်ထဲအနည်းငယ် စိတ်တိုသွားမိရင်း “အမေ ညဘက်ကြီး ဘာတွေ ဒီလောက်ချုပ်နေတာလဲ ကိုယ့်အသက်လဲကိုယ်ကြည့်အုန်း။
မမြင်မစမ်းနဲ့အမေရယ် ချထား ချထား ” သူ့အသံက စိတ်ထဲကစိုးရိမ်မိပေမယ့် ပြောနေကျအတိုင်း လေသံကမာသွားသည်။ ရုတ်တရက်မို့အမေလည်းလန့်သွားပုံရသည်။ “ဘာမှမဟုတ်ပါဘူးသားရယ် အမေအင်္ကျီအပြဲလေး ချုပ်နေတာပါ”
“ဒါအမေ့အင်္ကျီမဟုတ်ပါဘူး ကျွန်တော့်မိန်းမအင်္ကျီလည်းမဟုတ်ဘူး” သူ အမေ့လက်ထဲက ဆွဲယူကြည့်လိုက်တော့ အမျိုးသမီးရင်ဖုံးအဖြူလေးကို နှိပ်စေ့လေးတွေ တပ်နေခြင်း ဖြစ်နေသည်။
“အမေ ဒါဘာလုပ်တာလဲသူများအင်္ကျီတွေဘာလို့ ကြယ်သီးယူတပ်နေတာလဲ အမေ့မှာဘာသုံးစရာရှိလို့တုန်း ဘယ်လောက်များရလို့လဲအမေရာ မချုပ်နဲ့ ကိုယ့်အသက်လည်းပြန်ကြည့်အုန်း ၇၀ကျော်နေပြီ
သူများတွေမြင်ရင် ကျွန်တော်နွားဖြစ်အောင်လား အမေက ”ပြောရင်းနှင့်လေသံတွေ မာသွားတော့ အမေက မျက်ရည်လည်သော မျက်ဝန်းနှင့် သူ့သားကိုငေးကြည့်နေရှာတယ်။
“အေးပါ သားရယ် မလုပ်နဲ့ဆိုလည်း အမေမလုပ်တော့ပါဘူး အမေ့ကြောင့် ငါ့သားဂုဏ်မပျက်စေရပါဘူးကွယ် အမေ ကတိပေးတယ်နော်သား သွား သွား သားပင်ပန်းလာတယ် နားချည်တော့”
“အင်း ဒါဆိုလဲပြီးရော နောက်တစ်ခါထပ်မမြင်ရစေနဲ့နော် အမေ ” သူ အမေ့အခန်းထဲက ထွက်လာတော့ ချောင်းတစ်ချက် ဟန့်သံကြားလိုက်သလိုမို့
“မိန်းမ မင်းမပြောဘူးလား ငါ့အမေမမြင်မစမ်းနဲ့ ဘယ်တုန်းတည်းက ယူချုပ်နေမှန်း ငါလဲမသိရပါလား” “အဲ့ဒါပဲလေ ကျွန်မပြောလည်း ရှင့်အမေကပြောရမှာမို့လို့လား ကျွန်မလည်း ကိုယ့်အိမ်အလုပ်နဲ့ကိုယ် မအားရတဲ့ကြား
နေရာတကာတော့ ဘယ်လိုက်ကြည့်နေနိုင်မလဲ ရှင့်သားသမီးတွေက ဘာညာစမာကလာဆိုပြီး သူ့မိန်းမရဲ့ ညည်းချင်းတွေကို ဆက်နားမထောင်တော့ပဲ သူအိပ်လိုက်တယ်။
အမေကတော့လေ ဘာတွေလုပ်မှန်းကိုမသိဘူး အေးဆေးနေလို့ရရဲ့သားနဲ့ မနေနိုင်ဘူး သက်ပြင်းမှုတ်ထုတ်လိုက်ရင်း သူအိပ်ပျော်တော့သည်။
ဒီနေ့ကိုရွှေ အိမ်ပြန်လာတော့သူ့မိန်းမက စီးပြောပါ၏။ “ကိုရွှေရေ ကျွန်မအမျိုးတွေနဲ့ ဘုရားဖူးသွားမလို့ ကလေးနှစ်ယောက်ခေါ်သွားမယ်။
အမေ့စားသောက်ရေးအတွက် ကျွန်မတူမလေး ခေါ်ထားပေးခဲ့မယ်” “ဘယ်တော့လဲကွ မင်းက ဗြုန်းစားကြီး ငါတော့လိုက်မရဘူး မင်းတို့သားအမိပဲလား အမေရော” သူ့စကားမဆုံးခင် အမေက ဝင်ပြောတယ်။
“ချွေးမက ခေါ်ပါတယ်သားရယ် အမေမလိုက်နိုင်လို့ပါ ခရီးပမ်းတဲ့ဒဏ် မခံနိုင်ဘူးလေ”သူ့မိန်းမက ဘာတစ်ခွန်းမှ ဝင်မပြော ဘောက်ဆတ်ဆတ်နဲ့သူ့လက်ထဲက အိတ်ကိုယူပြီး အခန်းထဲဝင်သွားတယ်။
အမေကထုံးစံအတိုင်း ဘုရားဆက်ရှိခိုးလို့ ပြေးလွှားဆော့နေတဲ့ သားနဲ့သမီးက ဖွားအေကိုပတ်ပြေးနေတယ် ။ အမေက ဝတ်ပြုပြီး သူ့အနားသို့လျှောက်လာရင်း
“သားလဲ လိုက်ချင်လိုက်သွားလေ မိသားစုပျော်ပျော်ပါးပါး ခရီးရှည်သွားရခဲတယ် အမေ့အတွက် ဘာမှမပူနဲ့ တူမလေးလာမယ် ပြောတယ်မလား သား အလုပ်ရှင်ကိုခွင့်တောင်း ကြည့်ပါလား ”
“နေပါစေအမေ မလိုက်တော့ဘူး သူ့အမျိုးတွေနဲ့ သွားပါစေ နောက်ကြုံမှမိသားစု သက်သက်သွားမယ်” အမေက ဘာမှထပ်မပြောတော့ အဲ့ဒိညက အမေ့အခန်းလေးဆီက ချောင်းသံတွေ ဆက်တိုက် ကြားရသည်။
သူ ကြားပေမယ့် တနေကုန်ပင်ပန်း လာတာကြောင့် မျက်လုံးတွေ မဖွင့်နိုင် မိန်းမကတော့ ခရီးသွားဖို့ညလုံးပေါက်ပြင်ဆင်ချက် ပြုတ်နေသည်။ တရေးနိုးတော့ အမေ့ချောင်းသံ မကြားရတော့ချေ။
အမေသက်သာပြီထင်သည် ခေါင်းအုံးပေါ် ပြန်လှဲချရင်း သူပြန်၍အိပ်ပျော် သွားတော့သည်။ နောက်နေ့မနက် မိန်းမနှင့်ကလေးတွေ ခရီးထွက်သွားကြတော့ အမေကသူ့အတွက်ထမင်းချိုင့် ပြင်ဆင်ပေးနေသည်။
“အမေ ညကချောင်းသံကြားတယ် နေမကောင်းရင် ဆေးခန်းလေး သွားပါလား ဘေးအိမ်က မကြူသမီးလေး အဖော်ခေါ်သွားလေ ဒါမှမဟုတ် သား ပြန်လာခဲ့ရမလား ” “သက်သာနေပါပြီ သားရယ် အမေ့အတွက်မပူနဲ့ ကဲ သွား သွား ”
သူလည်း အမေပြင်ပေးတဲ့ ထမင်းချိုင့်ဆွဲပြီး အလုပ်ကို လာခဲ့ပါတော့သည်။ တစ်နေ့လုံး အလုပ်ထဲမှာ စိတ်နစ်နေတာနှင့် အမေ့ကိုသတိမရနိုင်ပေ။ ညနေ အလုပ်ပြီးလို့ ကားမှတ်တိုင်တွင် ကားစောင့်နေစဉ်မှာပဲ
“ဗျို့ ကိုရွှေ ခင်ဗျားမိန်းမ မရှိတော့ လွတ်လပ်ရေးရနေတာပေါ့လေ ဟုတ်လား ဟား ဟား ” “ဟား ဟား မဟုတ်ရပါဘူးဗျာ ခင်ဗျားကတော့ ပြောတော့မယ် ဒါနဲ့ခင်ဗျားလက်ထဲက ကော်ဖီမစ် အထုတ်ကြီးတွေ နှစ်ထုတ်သုံးထုတ်ဝယ်ပြီး
ဒီလောက်အများကြီး ဘာလုပ်ဖို့တုန်း ဧကန္တ အိမ်ကမိန်းမကို မျက်နှာလုပ်ဖို့ထင်တယ်” “အဟား မိန်းမဖို့ မဟုတ်ဘူး အိမ်ကအမေအတွက်ပါဗျာ မနက်ဖြန်တိုင်း ဆွမ်းလေးလောင်းချင်လို့တဲ့ မိန်းမကိုပြောမနေတော့ပါဘူးဗျာ
ကိုယ့်အမေတွက် ကိုယ်ပဲဝယ်ပေးရမှာပေါ့ မဟုတ်ဘူးလား ”ကိုရွှေ စိတ်ထဲ အမေ့ကို ပြေးမြင်မိသွားသည်။ ကိုဝင်းမြင့်နှင့်သူသည် လခစားဘဝတူချင်း ဖြစ်သည့်အပြင် ကိုယ့်ထက်ပင် သားသမီးဦးရေ များပြား၍
သူ့ထက် အနည်းငယ် ကျပ်တည်းရှာသူ “သွားအုန်းမယ် ကိုရွှေ ခင်ဗျားအမေရော နေကောင်းလား မတွေ့တာကြာပြီ ကျွန်တော်မေးတဲ့အကြောင်း ပြောလိုက်ပါအုန်း
” သူ ခေါင်းငိုက်စိုက်ရင်း လိုင်းကားပေါ်အရောက် အတွေးတွေ ခေါင်းထဲမှာ အလုအယက် ဝင်နေတော့သည် ။ အမေသည် သူအိမ်ထောင်ကျပြီးသည့်နောက်ပိုင်းတစ်ခါမျှ မမှာဖူးသလို ဘာလိုချင်သည် ညာလိုချင်သည် မပူဆာခဲ့ဖူး။
သူကလည်း မမေးမိခဲ့ မိန်းမလက်ထဲ ပိုက်ဆံအပ်လိုက်လျှင် သင့်သလို စီမံပေးလိမ့်မည်ဟု သူမှတ်ယူခဲ့သည် နောက်ပြီး အိမ်ပေါ်တွင် မပူပင် မကြောင့်ကျ နေနေရတော့ အမေ့လို သက်ကြီးရွယ်အိုအတွက် ဘာမှလိုအပ်မည်ဟု သူမထင်ခဲ့မိ။ အမေ့အပေါ်တွင် တာဝန်မကျေသလို ခံစားမှုတွေက ရင်ထဲကိုတင်းကျပ်လာစေသလို ရှက်စိတ်တွေတရိပ်ရိပ် ထိုးတက်လာခဲ့သည်။ လမ်းတလျှောက် ဈေးတန်းတွေ
ငေးကြည့်ရင်း သစ်သီးတန်းကို မြင်တော့ နီးရာမှတ်တိုင်မှာဆင်းပြီး ပန်းသီးအလုံးလှလှ ၅လုံး ဆင်းဝယ်ခဲ့သည်။ ဒီနေ့အမေ့နားမှာ သူအချိန်ကုန်မည် ပန်းသီးတွေကို ကိုယ်တိုင်စိပ်ကျွေးမည်။
အမေအိပ်ခါနီး အမေ့ကိုနင်းနှိပ်ပေးရင်း မပြောဖြစ်တာကြာပြီဖြစ်တဲ့ သူငယ်စဉ်ကအကြောင်းတွေ ပြောရင်းအမေ့ကို ပျော်ရွှင်အောင်ထားမည် ။ အတွေးနဲ့တင် သူ့ရင်ထဲကတင်းကျပ်မှုတွေ ချက်ချင်းလွင့်ပါးသလို
အိမ်အပြန်ခြေလှမ်းတွေ ပေါ့ပါးသွက်လက်နေသည်။ အမေ သားအမေ့ကို ပစ်ထားခဲ့မိတဲ့ အချိန်တွေ အတော်ကြာပြီပဲ။သားအမေ့ကို မချစ်လို့ မဟုတ်တာတော့ သေချာပါတယ်။ ဒီနေ့ကစ သားနဲ့အမေ အရင်လို နွေးနွေးထွေးထွေးနေကြမယ်။
ကိုရွှေရဲ့ မျက်နှာပြင် ပျော်ရွှင်မှု အထင်းသားနှင့်အိမ်ပေါ်အတက်မှာတော့” ကိုရွှေ ခင်ဗျားအမေ သွေးအန်လို့ ဆေးရုံကိုခုပဲပို့ခဲ့ရတယ် ခင်ဗျားဆီ ဆက်သွယ်လို့မရတာနဲ့ ကျွန်တော်လည်း ရောက်ရောက်ချင်း ခင်ဗျားကိုလာပြောတာ”
” ဗျာ ” ကိုရွှေရဲ့ ရင်ဝကိုဆီးအကန်ခံလိုက်ရတာမျှ သက်သာအုန်းမည်။ လေးညှို့က ပစ်လိုက်သည့် မြှားတစ်စင်းနှယ်သူချက်ချင်းတဟုန်ထိုး ဆေးရုံသို့ လိုက်သွားသည်။
“ကိုရွှေ လာပြီဟေ့ ဖယ်ပေးလိုက် ” အိမ်နီးချင်းတွေက မျက်နှာမကောင်းစွာနဲ့ သူ့ကို လမ်းဖယ်ပေးကြသည်။ အမေ့ကို သူမြင်လိုက်ရတဲ့ အချိန်အမေ့အင်္ကျီရင်ဘတ် တစ်ခုလုံး သွေးစသွေးနတွေ ပြန့်ကျဲလျက်
“အမေ ဘယ်လိုဖြစ်တာလဲအမေရယ် ဒီလောက်ဖြစ်နေတာ သားမသိရပါလား သားကိုဘာလို့မပြောတာလဲ အမေရယ် လုပ်ကြပါအုန်းဗျာ ဒေါက်တာ ဒေါက်တာတွေ ဘယ်မှာလဲ ကျွန်တော့အမေ ဘာဖြစ်တာလဲ ဘယ်သူမှ လာမကြည့်ကြဘူးလား ”
စကားတွေဗလုံးဗထွေးနှင့် ဆို့နင့်အက်ကွဲနေသည့် သူ့အသံကို နားထောင်ရင်း အိမ်နီးချင်း အမျိုးသမီးတွေဆီက ရှိုက်သံတွေ ထွက်လာသည်။
အမေ၏ ဖြူဖျော့နေသော မျက်နှာမှမျက်ရည်ပြည့်နေသည့် မျက်ဝန်းအစုံသည် သားကို စိတ်မချသလို ငေးစိုက်ကြည့်နေရှာလေသည်။
သွေးစွန်းနေသော အမေ့နှုတ်ခမ်းများသည် မဟတစ်ဟနှင့် တစ်ခုခုပြောရန် အားယူနေသည့်နှယ် “ကိုရွှေ ခင်ဗျားအမေ ခင်ဗျားမလာခင်လေးတင် အသက်ထွက် သွားရှာတယ် ကျွန်တော်တို့ဆေးရုံကို အပို့နောက်ကျသွားတယ်
ခင်ဗျားအိမ်မှာ ဘယ်အချိန်ထဲက ဖြစ်နေတယ်မသိ ဆန်ခံသီလရှင်လေးတွေက ဒကာမကြီး ထွက်လောင်းနေကျ မလောင်းလို့စိတ်ပူပြီး အိမ်ထဲဝင်ကြည့်မှ ကျွန်တော်တို့ သိရတာ ဆေးရုံကိုရောက်တဲ့အထိ အသက်ပါလာသေးတယ်
ခုနလေးကမှ ” စကားသံတွေ သူ့နားထဲတွင်မကြားတစ်ချက် ကြားတစ်ချက် အမေ့ ရင်ခွင်ထဲ ခေါင်းတိုးရင်း အံကိုကြိတ်ခဲ၍ မျက်ရည်တွေတွေကျနေမိသည်။ သူ့နှလုံးသားလဲ တစ်စစီ ကြွေကျသလို ဆို့နင့်မှုကို နှိုင်းပြစရာ ရှာမတွေ့တော့
“အမေရယ် သားမိုက်ကိုခွင့်မလွှတ်ပါနဲ့သားကြောင့်ခုလိုဖြစ်ရတာ သူများကတောင် အမေ့ကိုဂရုစိုက်မေးဖော် ရခဲ့ပေမယ့် သားမေးဖို့သတိမရခဲ့ဘူး သားပြန်လာတဲ့အထိလေး ခဏဖြစ်ဖြစ်စောင့်ပါအုန်းလား အမေရယ်
အမေ့သလိပ်တွေ ဆီးတွေ ဝမ်းတွေ သားမရွံတော့ပါဘူး သားမိုက်ရဲ့မျက်နှာတည့်တည့်ကို ထွေးပစ်လိုက်စမ်းပါအမေရယ်” နဘေးက ကြည့်နေသူတွေလဲ မျက်ရည် မဆည်နိုင်တော့
“ကိုရွှေ လုပ်စရာရှိတာလေး ဆက်လုပ်ရအောင်ပါ ဖြစ်ပြီးမှတော့ ဘာမှမတတ်နိုင်ဘူးလေ ဖြေသိမ့်နိုင်အောင်သာ ကြိုးစားပါဗျာ ”အမေ့အပေါ် တာဝန်ကျေဖို့ သူဆုံးဖြတ်မိခဲ့သည့် နေ့မှ အမေသည် သူ့ကိုစွန့်ခွါသွားခဲ့လေပြီ
အမေ့ကို ကျစ်ကျစ်ပါအောင် ဖက်ထားသော သူ့အား အိမ်နီးချင်းများက အတင်းဆွဲခွါကြရင်း အမေ့လက်ကလေးက ခုတင်အောက်ကို တွဲလောင်းလေး ထွက်ကျလာသည်
“ကိုရွှေ ရှင့်အမေလက်မှာ ချိတ်ထားတဲ့ အိတ်လေးက ဘာလဲမသိဘူး ဖွင့်ကြည့်ပါလား ” သူသည် အမေ့နားမှာ ဒူးထောက် ထိုင်ချလိုက်ရင်းအမေ့လက်မှာ ချိတ်ထားတဲ့အိတ်လေးကို ဝမ်းနည်းစွာဖြင့်ဖွင့်ကြည့်လိုက်တယ်။
အားလုံးကလည်း ဘာဖြစ်မည်ကို သိချင်ကြသဖြင့် ကိုရွှေ အာရုံစိုက်နေကြစဉ် “အမေရယ် ” ” ဝုန်း “ဟူသော အသံနှင့်အတူ ကိုရွှေ ၏ခန္ဓာကိုယ်ကြီး ဆေးရုံကြမ်းခင်းပေါ်သို့ အရုပ်ကြိုးပြတ် နောက်ပြန် လဲကျသွားသည်။
“ဟာ ဟဲ့ ဟဲ့ လုပ်ကြပါဦး ကိုရွေ ကိုရွှေ သတိထားလေ” ကိုရွှေ ကို ပြေးပွေ့သူက ပွေ့လိုက်ကြပြီး သူ၏အမေလက်ထဲက အိတ်လေးကို သိချင်စိတ်ဖြင့် ဖြန့်ကြည့်ကြသောအခါ
“သားကြီး၃၂နှစ်ပြည့် မွေးနေ့လှူဖို့အမေ့ချွေးနဲစာလေး” ဟူသော စာတန်းပါ စာအိတ်လေး သွေးစွန်းနေတဲ့ အပ်ချည်လုံးနှင့် အပ်ကလေးတစ်ခု စိပ်ပုတီးလေးတစ်ကုံးနှင့်အတူ စာအိတ်ကိုဖွင့်ကြည့်လိုက်တော့
တစ်ထောင်တန်ခပ်နွမ်းနွမ်းလေး ငါးရွက်ကထပ်ရက်သား အားလုံး၏ မျက်ဝန်းအိမ်တို့သည် မတိုင်ပင်ရဘဲနှင့် မျက်ရည်မိုးတို့သည်းထန်စွာ ရွာသွန်းကြလေတော့သည်။
ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း ဒီစာလေးဖတ်ပြီး ကိုယ်တွေက အမှုမဲ့အမှတ်မဲ့ နေလိုက်မိပေမယ့် အိမ်ကမိဘတွေကို တစ်ခါတစ်လေမှာ ပစ်ထားမိသလို အော်ငေါက်ဆူပူမိသလို ဖြစ်နေတတ်တယ်။
မိဘတွေရင်ထဲက စကားတွေကို မိဘတွေပြောမှ သိရမယ်ဆိုပေမယ့် သားသမီးတွေရင်ထဲကစကားတွေကိုလည်း သားသမီးတွေပြောမှ မိဘတွေက သိရမှာပါ။
နည်းနည်းလေးဖျားရင်တောင် ဆေးခန်းသွားပြဖို့မပြောပဲ ကိုယ်ကိုယ်တိုင်လိုက်ပို့ပေးတာက ပိုကောင်းပါတယ်။
ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးမှာ ကိုယ်ချစ်ရတဲ့မိသားစုလေးနဲ့အတူတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
မူရသ်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်။
Zawgyi
ခ်စ္ပရိသတ္ႀကီးေရ ဒီေန႔ေလးမွာေျပာျပေပးသြားမွာကေတာ့ ကိုေရႊတို႔ သားအမိ အေၾကာင္းေလးပဲ ျဖစ္ပါတယ္။ ဒီေန႔လစာထုတ္ရက္ ကိုေရႊ တက္တက္ႂကြႂကြႏွင့္အိမ္ျပန္လာခဲ့သည္။
မိန္းမဖို႔ သားဖို႔ သမီးဖို႔က ဘာေလး စိတ္ထဲမွာ ခြဲတမ္းေလးခ်ရင္း ပီတိေလးနဲ႔အိမ္ေပၚလွမ္းတက္ေနတုန္း “ထြီ” သလိပ္ေတြ အခဲလိုက္နဲ႔စီးေထြးခံလိုက္ရေတာ့ ကိုေရႊ အေပ်ာ္စိတ္ေတြ ဘယ္ေရာက္မွန္း မသိေတာ့။
ပုဆိုးကိုျဖည္ဝတ္ ခါခ်ရင္း “အေမကေတာ့ လုပ္ခ်လိုက္ျပန္ၿပီ အိမ္ေပါက္ဝေလးလည္း ၾကည့္ပါအုန္း။ ကၽြန္ေတာ့ပုဆိုးေပကုန္ၿပီ ညစ္ပတ္လိုက္တာ တကယ္ပဲ”
အေမအိုက ကဗ်ာကရာ “အေမမျမင္လိုက္လို႔ပါသားရယ္ ေခ်ာင္းတအားဆိုးေနတာ သလိပ္ဟက္လို႔ရတုန္းေလး အျမန္ေထြးခ်လိုက္တာ အေမျပန္သုတ္ေပးမယ္ လာ လာ သား အေပၚတက္ခဲ့”
“ေနပါအေမရာ ကိုယ္ဘာသာကိုယ္ မိန္းမေရ ေမာတယ္ကြာ ေရခပ္ခဲ့အုန္း” ကိုေရႊ အေမ့ရဲ့လက္ေတြကို ဖယ္လိုက္ၿပီး အိမ္ေပၚက ပက္လက္ကုလားထိုင္ေပၚ လွဲခ်လိုက္ရင္း သူ႔မိန္းမနဲ႔ ကေလးေတြ တန္းစီေခၚေနေတ့သည္။
ရတဲ့လစာႏွင့္ ဝယ္ျခမ္းလာသည္မ်ားကို ခြဲတမ္းခ်ေနတုန္း ကိုေရႊ အေမ့ဆီတစ္ခ်က္ ၾကည့္လိုက္သည္။ အေမက ဘုရားစင္ေရွ႕ဘုရားရွိခိုးရင္း ေခ်ာင္းတဟြတ္ဟြတ္ ဆိုးေနသည္။
“မိန္းမ အေမ ေခ်ာင္းေတြ တအားဆိုးေနပါ့လား ေဆးေလးဘာေလး ဝယ္မတိုက္ဘူးလား” “ရွင့္အေမက ဒီေဆးလည္းမႀကိဳက္ ဟိုေဆးဆိုလည္းဘာျဖစ္နဲ႔ ေနပါေစ။
အရမ္းအဆိုးႀကီးလည္းမဟုတ္ပါဘူး မနက္မွ အဆုတ္ပုံေလး ဘာေလး ဝယ္တိုက္လိုက္မယ္”ကိုေရႊ ဘာမွမေျပာေတာ့ သူ႔မိန္းမေျပာတာလဲ ဟုတ္ပါတယ္ေလ ေရွးရိုးဆန္တဲ့သူ႔အေမအေၾကာင္း သူသာအသိဆုံးမလား။
သူတို႔မိသားစုေလးက ကုမၸဏီလခစား သူ႔ဝင္ေငြႏွင့္အက်ပ္တည္းႀကီး မဟုတ္ေပမယ့္ သိပ္အေခ်ာင္လည္ႀကီးလည္းမဟုတ္ အေဖမရွိတည္းက သားအမိႏွစ္ေယာက္ ႐ုန္းကန္လာရင္း သူအိမ္ေထာင္ျပဳေတာ့ အေမ့ကိုအပါေခၚရသည္။
အိမ္ငွါးဘဝႏွင့္ သူတို႔သားအမိကို အိမ္ေပၚ ေနခြင့္ျပဳခဲ့တဲ့ သူ႔မိန္းမကိုပဲ ေက်းဇူးတင္ေနမိေတာ့သည္။ေယာကၡထီး ေယာကၡမ မရွိၾကေတာ့ သူ႔အေမ ကိုမိန္းမက အေမလိုသေဘာထားမွာ မလြဲနိုင္ပါ။
ေန႔တိုင္းသူက အိမ္မွာမရွိေပမယ့္ သူျပန္လာတိုင္း အျမဲျပဳံးရႊင္ေနတဲ့အေမ့မ်က္ႏွာကို ၾကည့္တာႏွင့္သူသိနိုင္သည္။အေမ့ဆီက တစ္ခါမွ တိုင္ေတာသံၾကားရဖို႔ေဝးလို႔အေမ ေပ်ာ္ေနတဲ့ အေၾကာင္းသာ အျမဲၾကားရတတ္တယ္။
သူ႔႐ုံးပိတ္ရက္ေရာက္လို႔မိသားစု တစ္ေနရာရာကို အလည္သြားတိုင္း အေမဘယ္ေတာ့မွ မလိုက္ေခ်။သားတစ္ေယာက္အေနနဲ႔ ေခၚရမည့္တာဝန္ကရွိေပမယ့္ ေခၚတိုင္းျငင္းေလ့ရွိတဲ့ အေမ့ေၾကာင့္ သူမေခၚျဖစ္ခဲ့တာ ၾကာပါၿပီ။
ခုတစ္ေလာေလး သူသတိထားမိသည္မွာ အေမ့ၾကည့္ရတာ အေတာ္ေလး ပိန္သြားပုံရတယ္။ ေခ်ာင္းဆိုးသံ မၾကားရေတာ့လို႔ ေနေကာင္းသြားၿပီ အထင္နဲ႔ ဒီအတိုင္း ေနမိသည္။
ဒီေန႔အလုပ္ကျပန္လာေတာ့ မေရာက္တာ ၾကာၿပီျဖစ္တဲ့ အေမ့အခန္းေလးထဲ သူဝင္သြားခဲ့သည္။အေမ့လက္ထဲမွာ အဝတ္တစ္ခုကို သည္းႀကီးမည္းႀကီး ခ်ဳပ္ေနသည္။
ႏွစ္ေပမီးေခ်ာင္းက သိပ္အလင္းႀကီးမဟုတ္ေတာ့ အေမမ်က္စိပ်က္ေတာ့မွာပဲ ဟူေသာစိတ္ျဖင့္ စိတ္ထဲအနည္းငယ္ စိတ္တိုသြားမိရင္း “အေမ ညဘက္ႀကီး ဘာေတြ ဒီေလာက္ခ်ဳပ္ေနတာလဲ ကိုယ့္အသက္လဲကိုယ္ၾကည့္အုန္း။
မျမင္မစမ္းနဲ႔အေမရယ္ ခ်ထား ခ်ထား ” သူ႔အသံက စိတ္ထဲကစိုးရိမ္မိေပမယ့္ ေျပာေနက်အတိုင္း ေလသံကမာသြားသည္။ ႐ုတ္တရက္မို႔အေမလည္းလန္႔သြားပုံရသည္။ “ဘာမွမဟုတ္ပါဘူးသားရယ္ အေမအကၤ်ီအျပဲေလး ခ်ဳပ္ေနတာပါ”
“ဒါအေမ့အကၤ်ီမဟုတ္ပါဘူး ကၽြန္ေတာ့္မိန္းမအကၤ်ီလည္းမဟုတ္ဘူး” သူ အေမ့လက္ထဲက ဆြဲယူၾကည့္လိုက္ေတာ့ အမ်ိဳးသမီးရင္ဖုံးအျဖဴေလးကို ႏွိပ္ေစ့ေလးေတြ တပ္ေနျခင္း ျဖစ္ေနသည္။
“အေမ ဒါဘာလုပ္တာလဲသူမ်ားအကၤ်ီေတြဘာလို႔ ၾကယ္သီးယူတပ္ေနတာလဲ အေမ့မွာဘာသုံးစရာရွိလို႔တုန္း ဘယ္ေလာက္မ်ားရလို႔လဲအေမရာ မခ်ဳပ္နဲ႔ ကိုယ့္အသက္လည္းျပန္ၾကည့္အုန္း ၇၀ေက်ာ္ေနၿပီ
သူမ်ားေတြျမင္ရင္ ကၽြန္ေတာ္ႏြားျဖစ္ေအာင္လား အေမက ”ေျပာရင္းႏွင့္ေလသံေတြ မာသြားေတာ့ အေမက မ်က္ရည္လည္ေသာ မ်က္ဝန္းႏွင့္ သူ႔သားကိုေငးၾကည့္ေနရွာတယ္။
“ေအးပါ သားရယ္ မလုပ္နဲ႔ဆိုလည္း အေမမလုပ္ေတာ့ပါဘူး အေမ့ေၾကာင့္ ငါ့သားဂုဏ္မပ်က္ေစရပါဘူးကြယ္ အေမ ကတိေပးတယ္ေနာ္သား သြား သြား သားပင္ပန္းလာတယ္ နားခ်ည္ေတာ့”
“အင္း ဒါဆိုလဲၿပီးေရာ ေနာက္တစ္ခါထပ္မျမင္ရေစနဲ႔ေနာ္ အေမ ” သူ အေမ့အခန္းထဲက ထြက္လာေတာ့ ေခ်ာင္းတစ္ခ်က္ ဟန္႔သံၾကားလိုက္သလိုမို႔
“မိန္းမ မင္းမေျပာဘူးလား ငါ့အေမမျမင္မစမ္းနဲ႔ ဘယ္တုန္းတည္းက ယူခ်ဳပ္ေနမွန္း ငါလဲမသိရပါလား” “အဲ့ဒါပဲေလ ကၽြန္မေျပာလည္း ရွင့္အေမကေျပာရမွာမို႔လို႔လား ကၽြန္မလည္း ကိုယ့္အိမ္အလုပ္နဲ႔ကိုယ္ မအားရတဲ့ၾကား
ေနရာတကာေတာ့ ဘယ္လိုက္ၾကည့္ေနနိုင္မလဲ ရွင့္သားသမီးေတြက ဘာညာစမာကလာဆိုၿပီး သူ႔မိန္းမရဲ့ ညည္းခ်င္းေတြကို ဆက္နားမေထာင္ေတာ့ပဲ သူအိပ္လိုက္တယ္။
အေမကေတာ့ေလ ဘာေတြလုပ္မွန္းကိုမသိဘူး ေအးေဆးေနလို႔ရရဲ့သားနဲ႔ မေနနိုင္ဘူး သက္ျပင္းမႈတ္ထုတ္လိုက္ရင္း သူအိပ္ေပ်ာ္ေတာ့သည္။
ဒီေန႔ကိုေရႊ အိမ္ျပန္လာေတာ့သူ႔မိန္းမက စီးေျပာပါ၏။ “ကိုေရႊေရ ကၽြန္မအမ်ိဳးေတြနဲ႔ ဘုရားဖူးသြားမလို႔ ကေလးႏွစ္ေယာက္ေခၚသြားမယ္။
အေမ့စားေသာက္ေရးအတြက္ ကၽြန္မတူမေလး ေခၚထားေပးခဲ့မယ္” “ဘယ္ေတာ့လဲကြ မင္းက ျဗဳန္းစားႀကီး ငါေတာ့လိုက္မရဘူး မင္းတို႔သားအမိပဲလား အေမေရာ” သူ႔စကားမဆုံးခင္ အေမက ဝင္ေျပာတယ္။
“ေခၽြးမက ေခၚပါတယ္သားရယ္ အေမမလိုက္နိုင္လို႔ပါ ခရီးပမ္းတဲ့ဒဏ္ မခံနိုင္ဘူးေလ”သူ႔မိန္းမက ဘာတစ္ခြန္းမွ ဝင္မေျပာ ေဘာက္ဆတ္ဆတ္နဲ႔သူ႔လက္ထဲက အိတ္ကိုယူၿပီး အခန္းထဲဝင္သြားတယ္။
အေမကထုံးစံအတိုင္း ဘုရားဆက္ရွိခိုးလို႔ ေျပးလႊားေဆာ့ေနတဲ့ သားနဲ႔သမီးက ဖြားေအကိုပတ္ေျပးေနတယ္ ။ အေမက ဝတ္ျပဳၿပီး သူ႔အနားသို႔ေလၽွာက္လာရင္း
“သားလဲ လိုက္ခ်င္လိုက္သြားေလ မိသားစုေပ်ာ္ေပ်ာ္ပါးပါး ခရီးရွည္သြားရခဲတယ္ အေမ့အတြက္ ဘာမွမပူနဲ႔ တူမေလးလာမယ္ ေျပာတယ္မလား သား အလုပ္ရွင္ကိုခြင့္ေတာင္း ၾကည့္ပါလား ”
“ေနပါေစအေမ မလိုက္ေတာ့ဘူး သူ႔အမ်ိဳးေတြနဲ႔ သြားပါေစ ေနာက္ၾကဳံမွမိသားစု သက္သက္သြားမယ္” အေမက ဘာမွထပ္မေျပာေတာ့ အဲ့ဒိညက အေမ့အခန္းေလးဆီက ေခ်ာင္းသံေတြ ဆက္တိုက္ ၾကားရသည္။
သူ ၾကားေပမယ့္ တေနကုန္ပင္ပန္း လာတာေၾကာင့္ မ်က္လုံးေတြ မဖြင့္နိုင္ မိန္းမကေတာ့ ခရီးသြားဖို႔ညလုံးေပါက္ျပင္ဆင္ခ်က္ ျပဳတ္ေနသည္။ တေရးနိုးေတာ့ အေမ့ေခ်ာင္းသံ မၾကားရေတာ့ေခ်။
အေမသက္သာၿပီထင္သည္ ေခါင္းအုံးေပၚ ျပန္လွဲခ်ရင္း သူျပန္၍အိပ္ေပ်ာ္ သြားေတာ့သည္။ ေနာက္ေန႔မနက္ မိန္းမႏွင့္ကေလးေတြ ခရီးထြက္သြားၾကေတာ့ အေမကသူ႔အတြက္ထမင္းခ်ိဳင့္ ျပင္ဆင္ေပးေနသည္။
“အေမ ညကေခ်ာင္းသံၾကားတယ္ ေနမေကာင္းရင္ ေဆးခန္းေလး သြားပါလား ေဘးအိမ္က မၾကဴသမီးေလး အေဖာ္ေခၚသြားေလ ဒါမွမဟုတ္ သား ျပန္လာခဲ့ရမလား ” “သက္သာေနပါၿပီ သားရယ္ အေမ့အတြက္မပူနဲ႔ ကဲ သြား သြား ”
သူလည္း အေမျပင္ေပးတဲ့ ထမင္းခ်ိဳင့္ဆြဲၿပီး အလုပ္ကို လာခဲ့ပါေတာ့သည္။ တစ္ေန႔လုံး အလုပ္ထဲမွာ စိတ္နစ္ေနတာႏွင့္ အေမ့ကိုသတိမရနိုင္ေပ။ ညေန အလုပ္ၿပီးလို႔ ကားမွတ္တိုင္တြင္ ကားေစာင့္ေနစဥ္မွာပဲ
“ဗ်ိဳ႕ ကိုေရႊ ခင္ဗ်ားမိန္းမ မရွိေတာ့ လြတ္လပ္ေရးရေနတာေပါ့ေလ ဟုတ္လား ဟား ဟား ” “ဟား ဟား မဟုတ္ရပါဘူးဗ်ာ ခင္ဗ်ားကေတာ့ ေျပာေတာ့မယ္ ဒါနဲ႔ခင္ဗ်ားလက္ထဲက ေကာ္ဖီမစ္ အထုတ္ႀကီးေတြ ႏွစ္ထုတ္သုံးထုတ္ဝယ္ၿပီး
ဒီေလာက္အမ်ားႀကီး ဘာလုပ္ဖို႔တုန္း ဧကႏၲ အိမ္ကမိန္းမကို မ်က္ႏွာလုပ္ဖို႔ထင္တယ္” “အဟား မိန္းမဖို႔ မဟုတ္ဘူး အိမ္ကအေမအတြက္ပါဗ်ာ မနက္ျဖန္တိုင္း ဆြမ္းေလးေလာင္းခ်င္လို႔တဲ့ မိန္းမကိုေျပာမေနေတာ့ပါဘူးဗ်ာ
ကိုယ့္အေမတြက္ ကိုယ္ပဲဝယ္ေပးရမွာေပါ့ မဟုတ္ဘူးလား ”ကိုေရႊ စိတ္ထဲ အေမ့ကို ေျပးျမင္မိသြားသည္။ ကိုဝင္းျမင့္ႏွင့္သူသည္ လခစားဘဝတူခ်င္း ျဖစ္သည့္အျပင္ ကိုယ့္ထက္ပင္ သားသမီးဦးေရ မ်ားျပား၍
သူ႔ထက္ အနည္းငယ္ က်ပ္တည္းရွာသူ “သြားအုန္းမယ္ ကိုေရႊ ခင္ဗ်ားအေမေရာ ေနေကာင္းလား မေတြ႕တာၾကာၿပီ ကၽြန္ေတာ္ေမးတဲ့အေၾကာင္း ေျပာလိုက္ပါအုန္း
” သူ ေခါင္းငိုက္စိုက္ရင္း လိုင္းကားေပၚအေရာက္ အေတြးေတြ ေခါင္းထဲမွာ အလုအယက္ ဝင္ေနေတာ့သည္ ။ အေမသည္ သူအိမ္ေထာင္က်ၿပီးသည့္ေနာက္ပိုင္းတစ္ခါမၽွ မမွာဖူးသလို ဘာလိုခ်င္သည္ ညာလိုခ်င္သည္ မပူဆာခဲ့ဖူး။
သူကလည္း မေမးမိခဲ့ မိန္းမလက္ထဲ ပိုက္ဆံအပ္လိုက္လၽွင္ သင့္သလို စီမံေပးလိမ့္မည္ဟု သူမွတ္ယူခဲ့သည္ ေနာက္ၿပီး အိမ္ေပၚတြင္ မပူပင္ မေၾကာင့္က် ေနေနရေတာ့ အေမ့လို သက္ႀကီးရြယ္အိုအတြက္ ဘာမွလိုအပ္မည္ဟု သူမထင္ခဲ့မိ။ အေမ့အေပၚတြင္ တာဝန္မေက်သလို ခံစားမႈေတြက ရင္ထဲကိုတင္းက်ပ္လာေစသလို ရွက္စိတ္ေတြတရိပ္ရိပ္ ထိုးတက္လာခဲ့သည္။ လမ္းတေလၽွာက္ ေစ်းတန္းေတြ
ေငးၾကည့္ရင္း သစ္သီးတန္းကို ျမင္ေတာ့ နီးရာမွတ္တိုင္မွာဆင္းၿပီး ပန္းသီးအလုံးလွလွ ၅လုံး ဆင္းဝယ္ခဲ့သည္။ ဒီေန႔အေမ့နားမွာ သူအခ်ိန္ကုန္မည္ ပန္းသီးေတြကို ကိုယ္တိုင္စိပ္ေကၽြးမည္။
အေမအိပ္ခါနီး အေမ့ကိုနင္းႏွိပ္ေပးရင္း မေျပာျဖစ္တာၾကာၿပီျဖစ္တဲ့ သူငယ္စဥ္ကအေၾကာင္းေတြ ေျပာရင္းအေမ့ကို ေပ်ာ္ရႊင္ေအာင္ထားမည္ ။ အေတြးနဲ႔တင္ သူ႔ရင္ထဲကတင္းက်ပ္မႈေတြ ခ်က္ခ်င္းလြင့္ပါးသလို
အိမ္အျပန္ေျခလွမ္းေတြ ေပါ့ပါးသြက္လက္ေနသည္။ အေမ သားအေမ့ကို ပစ္ထားခဲ့မိတဲ့ အခ်ိန္ေတြ အေတာ္ၾကာၿပီပဲ။သားအေမ့ကို မခ်စ္လို႔ မဟုတ္တာေတာ့ ေသခ်ာပါတယ္။ ဒီေန႔ကစ သားနဲ႔အေမ အရင္လို ေႏြးေႏြးေထြးေထြးေနၾကမယ္။
ကိုေရႊရဲ့ မ်က္ႏွာျပင္ ေပ်ာ္ရႊင္မႈ အထင္းသားႏွင့္အိမ္ေပၚအတက္မွာေတာ့” ကိုေရႊ ခင္ဗ်ားအေမ ေသြးအန္လို႔ ေဆး႐ုံကိုခုပဲပို႔ခဲ့ရတယ္ ခင္ဗ်ားဆီ ဆက္သြယ္လို႔မရတာနဲ႔ ကၽြန္ေတာ္လည္း ေရာက္ေရာက္ခ်င္း ခင္ဗ်ားကိုလာေျပာတာ”
” ဗ်ာ ” ကိုေရႊရဲ့ ရင္ဝကိုဆီးအကန္ခံလိုက္ရတာမၽွ သက္သာအုန္းမည္။ ေလးညႇို႔က ပစ္လိုက္သည့္ ျမႇားတစ္စင္းႏွယ္သူခ်က္ခ်င္းတဟုန္ထိုး ေဆး႐ုံသို႔ လိုက္သြားသည္။
“ကိုေရႊ လာၿပီေဟ့ ဖယ္ေပးလိုက္ ” အိမ္နီးခ်င္းေတြက မ်က္ႏွာမေကာင္းစြာနဲ႔ သူ႔ကို လမ္းဖယ္ေပးၾကသည္။ အေမ့ကို သူျမင္လိုက္ရတဲ့ အခ်ိန္အေမ့အကၤ်ီရင္ဘတ္ တစ္ခုလုံး ေသြးစေသြးနေတြ ျပန္႔က်ဲလ်က္
“အေမ ဘယ္လိုျဖစ္တာလဲအေမရယ္ ဒီေလာက္ျဖစ္ေနတာ သားမသိရပါလား သားကိုဘာလို႔မေျပာတာလဲ အေမရယ္ လုပ္ၾကပါအုန္းဗ်ာ ေဒါက္တာ ေဒါက္တာေတြ ဘယ္မွာလဲ ကၽြန္ေတာ့အေမ ဘာျဖစ္တာလဲ ဘယ္သူမွ လာမၾကည့္ၾကဘူးလား ”
စကားေတြဗလုံးဗေထြးႏွင့္ ဆို႔နင့္အက္ကြဲေနသည့္ သူ႔အသံကို နားေထာင္ရင္း အိမ္နီးခ်င္း အမ်ိဳးသမီးေတြဆီက ရွိုက္သံေတြ ထြက္လာသည္။
အေမ၏ ျဖဴေဖ်ာ့ေနေသာ မ်က္ႏွာမွမ်က္ရည္ျပည့္ေနသည့္ မ်က္ဝန္းအစုံသည္ သားကို စိတ္မခ်သလို ေငးစိုက္ၾကည့္ေနရွာေလသည္။
ေသြးစြန္းေနေသာ အေမ့ႏႈတ္ခမ္းမ်ားသည္ မဟတစ္ဟႏွင့္ တစ္ခုခုေျပာရန္ အားယူေနသည့္ႏွယ္ “ကိုေရႊ ခင္ဗ်ားအေမ ခင္ဗ်ားမလာခင္ေလးတင္ အသက္ထြက္ သြားရွာတယ္ ကၽြန္ေတာ္တို႔ေဆး႐ုံကို အပို႔ေနာက္က်သြားတယ္
ခင္ဗ်ားအိမ္မွာ ဘယ္အခ်ိန္ထဲက ျဖစ္ေနတယ္မသိ ဆန္ခံသီလရွင္ေလးေတြက ဒကာမႀကီး ထြက္ေလာင္းေနက် မေလာင္းလို႔စိတ္ပူၿပီး အိမ္ထဲဝင္ၾကည့္မွ ကၽြန္ေတာ္တို႔ သိရတာ ေဆး႐ုံကိုေရာက္တဲ့အထိ အသက္ပါလာေသးတယ္
ခုနေလးကမွ ” စကားသံေတြ သူ႔နားထဲတြင္မၾကားတစ္ခ်က္ ၾကားတစ္ခ်က္ အေမ့ ရင္ခြင္ထဲ ေခါင္းတိုးရင္း အံကိုႀကိတ္ခဲ၍ မ်က္ရည္ေတြေတြက်ေနမိသည္။ သူ႔ႏွလုံးသားလဲ တစ္စစီ ေႂကြက်သလို ဆို႔နင့္မႈကို ႏွိုင္းျပစရာ ရွာမေတြ႕ေတာ့
“အေမရယ္ သားမိုက္ကိုခြင့္မလႊတ္ပါနဲ႔သားေၾကာင့္ခုလိုျဖစ္ရတာ သူမ်ားကေတာင္ အေမ့ကိုဂ႐ုစိုက္ေမးေဖာ္ ရခဲ့ေပမယ့္ သားေမးဖို႔သတိမရခဲ့ဘူး သားျပန္လာတဲ့အထိေလး ခဏျဖစ္ျဖစ္ေစာင့္ပါအုန္းလား အေမရယ္
အေမ့သလိပ္ေတြ ဆီးေတြ ဝမ္းေတြ သားမရြံေတာ့ပါဘူး သားမိုက္ရဲ့မ်က္ႏွာတည့္တည့္ကို ေထြးပစ္လိုက္စမ္းပါအေမရယ္” နေဘးက ၾကည့္ေနသူေတြလဲ မ်က္ရည္ မဆည္နိုင္ေတာ့
“ကိုေရႊ လုပ္စရာရွိတာေလး ဆက္လုပ္ရေအာင္ပါ ျဖစ္ၿပီးမွေတာ့ ဘာမွမတတ္နိုင္ဘူးေလ ေျဖသိမ့္နိုင္ေအာင္သာ ႀကိဳးစားပါဗ်ာ ”အေမ့အေပၚ တာဝန္ေက်ဖို႔ သူဆုံးျဖတ္မိခဲ့သည့္ ေန႔မွ အေမသည္ သူ႔ကိုစြန္႔ခြါသြားခဲ့ေလၿပီ
အေမ့ကို က်စ္က်စ္ပါေအာင္ ဖက္ထားေသာ သူ႔အား အိမ္နီးခ်င္းမ်ားက အတင္းဆြဲခြါၾကရင္း အေမ့လက္ကေလးက ခုတင္ေအာက္ကို တြဲေလာင္းေလး ထြက္က်လာသည္
“ကိုေရႊ ရွင့္အေမလက္မွာ ခ်ိတ္ထားတဲ့ အိတ္ေလးက ဘာလဲမသိဘူး ဖြင့္ၾကည့္ပါလား ” သူသည္ အေမ့နားမွာ ဒူးေထာက္ ထိုင္ခ်လိုက္ရင္းအေမ့လက္မွာ ခ်ိတ္ထားတဲ့အိတ္ေလးကို ဝမ္းနည္းစြာျဖင့္ဖြင့္ၾကည့္လိုက္တယ္။
အားလုံးကလည္း ဘာျဖစ္မည္ကို သိခ်င္ၾကသျဖင့္ ကိုေရႊ အာ႐ုံစိုက္ေနၾကစဥ္ “အေမရယ္ ” ” ဝုန္း “ဟူေသာ အသံႏွင့္အတူ ကိုေရႊ ၏ခႏၶာကိုယ္ႀကီး ေဆး႐ုံၾကမ္းခင္းေပၚသို႔ အ႐ုပ္ႀကိဳးျပတ္ ေနာက္ျပန္ လဲက်သြားသည္။
“ဟာ ဟဲ့ ဟဲ့ လုပ္ၾကပါဦး ကိုေရြ ကိုေရႊ သတိထားေလ” ကိုေရႊ ကို ေျပးေပြ႕သူက ေပြ႕လိုက္ၾကၿပီး သူ၏အေမလက္ထဲက အိတ္ေလးကို သိခ်င္စိတ္ျဖင့္ ျဖန္႔ၾကည့္ၾကေသာအခါ
“သားႀကီး၃၂ႏွစ္ျပည့္ ေမြးေန႔လႉဖို႔အေမ့ေခၽြးနဲစာေလး” ဟူေသာ စာတန္းပါ စာအိတ္ေလး ေသြးစြန္းေနတဲ့ အပ္ခ်ည္လုံးႏွင့္ အပ္ကေလးတစ္ခု စိပ္ပုတီးေလးတစ္ကုံးႏွင့္အတူ စာအိတ္ကိုဖြင့္ၾကည့္လိုက္ေတာ့
တစ္ေထာင္တန္ခပ္ႏြမ္းႏြမ္းေလး ငါးရြက္ကထပ္ရက္သား အားလုံး၏ မ်က္ဝန္းအိမ္တို႔သည္ မတိုင္ပင္ရဘဲႏွင့္ မ်က္ရည္မိုးတို႔သည္းထန္စြာ ရြာသြန္းၾကေလေတာ့သည္။
ဖတ္ရႈ႔အားေပးခဲ့ၾကတဲ့ ခ်စ္ပရိသတ္ႀကီးလည္း ဒီစာေလးဖတ္ၿပီး ကိုယ္ေတြက အမႈမဲ့အမွတ္မဲ့ ေနလိုက္မိေပမယ့္ အိမ္ကမိဘေတြကို တစ္ခါတစ္ေလမွာ ပစ္ထားမိသလို ေအာ္ေငါက္ဆူပူမိသလို ျဖစ္ေနတတ္တယ္။
မိဘေတြရင္ထဲက စကားေတြကို မိဘေတြေျပာမွ သိရမယ္ဆိုေပမယ့္ သားသမီးေတြရင္ထဲကစကားေတြကိုလည္း သားသမီးေတြေျပာမွ မိဘေတြက သိရမွာပါ။
နည္းနည္းေလးဖ်ားရင္ေတာင္ ေဆးခန္းသြားျပဖို႔မေျပာပဲ ကိုယ္ကိုယ္တိုင္လိုက္ပို႔ေပးတာက ပိုေကာင္းပါတယ္။
ပရိသတ္ႀကီးအားလုံး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကၿပီး သာယာေပ်ာ္ရႊင္တဲ့ ေန႔ရက္ေလးမွာ ကိုယ္ခ်စ္ရတဲ့မိသားစုေလးနဲ႔အတူတူ ေပ်ာ္ရႊင္စြာ ျဖတ္သန္းနိုင္ၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္။
မူရသ္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါတယ္။