တစ္႐ြာလုံးပိုက္ဆံကိုင္ခြင့္မရသည့္ တနသၤာရီတိုင္းက တံငါ႐ြာေလးအေၾကာင္း
လူတစ္ဦး၊ မိသားစုတစ္စုတြင္မကတစ္႐ြာလုံး ပိုက္ဆံမရွိဘဲ ရပ္တည္ေနထိုင္သည့္ ႐ြာတစ္႐ြာမွာ တနသၤာရီတိုင္းအတြင္းရွိေနသည္။
တနသၤာရီတိုင္း ၿမိတ္ခ႐ိုင္ ကြၽန္းစုၿမိဳ႕နယ္အတြင္းရွိ ေရျမစ္ႀကီးေက်း႐ြာအုပ္စုတြင္ ယင္း႐ြာရွိေနသည္။ အမည္က (ဒုံးေဆြသန္းေက်း႐ြာ)ဒုံးကြၽန္းအုပ္စုအတြင္း ဒုံးပုလဲေအာ္၊ ဒုံးေညာင္မႈိင္း၊ ဒုံးဒဟြန္း စသည့္ေက်း႐ြာအမည္မ်ားရွိၾကသည္ကို လူအမ်ားကသိၾကသည္။
သို႔ေသာ္( ဒုံးေဆြသန္းေက်း႐ြာ) ဟု ႐ြာေလဆိပ္တြင္ဆိုင္းဘုတ္ႀကီးတင္ထားေသာ္လည္း သူ႔႐ြာအမည္ကို လူအမ်ားသိပ္မၾကားဖူးၾက။သည္႐ြာကို ဦးေဆြသန္းဆိုသူကလြန္ခဲ့သည့္ႏွစ္ေပါင္းေလးဆယ္ေက်ာ္ကတည္းက တည္ေထာင္ခဲ့ၿပီး လက္ရွိအခ်ိန္တြင္ အိမ္ေျခတစ္ရာနီးပါးပင္ရွိလာေနၿပီျဖစ္သည္။
ယင္း႐ြာတြင္ လက္ရွိေနထိုင္ေနၾကသူ တျခားေဒသမ်ားမွ လာေရာက္လုပ္ကိုင္ၿပီးအျခားေဒသမ်ားမွလာေရာက္လုပ္ကိုင္ၿပီး အေျခခ်ေနထိုင္သူမ်ားျဖစ္ၾကသည္။သို႔ေသာ္ ဦးေဆြသန္းမွာ ဆုံးပါးသြားခဲ့ၿပီ ျဖစ္သည္။ ၎အစားသမီးျဖစ္သူက အေဖ၏ လုပ္ငန္းမ်ားအားဆက္လက္ဦးေဆာင္ လုပ္ကိုင္ေနသည္။
႐ြာရွိ ၁၂ ႏွစ္အ႐ြယ္ ေယာက္်ားကေလးမွအစလုပ္ႏိုင္ကိုင္ႏိုင္သည့္အမ်ိဳးသားအားလုံးမွာ ပင္လယ္ျပင္ထြက္၍ ငါးပုစြန္ဖမ္းကာ ေန႔တဓူဝ လုပ္ကိုင္ေနၾကရသည္။သို႔ေသာ္လည္း ၎တို႔ ေနပူမိုး႐ြာမေရွာင္ လုပ္ခဲ့ၾကသည့္ လုပ္အားခ ေငြေၾကးတစ္ျပားတစ္ခ်ပ္မွ ျမင္ဖူးျခင္းမရွိၾက။
ယင္းအစား လိုအပ္သည့္ ရိကၡာ မ်ားကိုသာ သူတို႔ရရွိၾကသည္ပိုက္ဆံကိုေတာ့ဒီ႐ြာမွာ ဘယ္သူမွမကိုင္ၾကရဘူးဟု ယင္း႐ြာေန အသက္(၄၅)ႏွစ္ခန႔္ရွိသူ အမ်ိဳးသားကေျပာသည္။႐ြာရွိပုစြန္ငါးဖမ္းပိုက္ေလွ ၉၀ ရာခိုင္ႏႈန္းကို ဦးေဆြသန္း ဆိုသူကပိုင္ဆိုင္ထားၿပီး ႐ြာသား (၉၀)ရာခိုင္ႏႈန္းသည္လည္း ၎ထံတြင္အလုပ္လုပ္ေနၾကရသည္။
အလုပ္သမားတစ္ဦး၏တစ္လ လုပ္အားခမွာေလးဆိုလွ်င္ က်ပ္သုံးေသာင္းဝန္းက်င္ႏွင့္ လူႀကီးဆိုရင္က်ပ္တစ္သိန္းဝန္းက်င္ခန႔္ရရွိၾကသည္၊ သို႔ေသာ္ရရွိသည့္ လုပ္အားခကိုမူေငြေၾကးအျဖစ္ သူေဌးကမည့္သည့္အခါကမွ ထုတ္ေပးျခင္းမရွိ။ေငြရွိပါကလည္း ဝယ္ျခမ္းစားေသာက္စရာေဈးဆိုင္လက္ဖက္ရည္ဆိုင္ အရက္ဆိုင္ ကြမ္းယာဆိုင္ ဟူ၍လည္း႐ြာတြင္ မရွိ။ ဆိုင္ဆိုသည္ကနတၳိ။
႐ြာသားမ်ားလိုအပ္သည့္ ပစၥည္း မ်ား အားလုံးကိုဦးေဆြသန္းဆိုင္တစ္ခုတည္းတြင္သာ ရယူၾကရသည္။ ဆိုင္ဆိုတာ သူတို႔မထိုင္ဖူးၾကသူကမ်ားတယ္။တျခား႐ြာေရာက္လို႔လည္းဆိုင္ထိုင္ဖို႔သူတို႔မွာ ပိုက္ဆံမွမရွိတာဟု ၄၅ ႏွစ္အ႐ြယ္ရွိယင္း႐ြာသားတစ္ဦးက ေျပာသည္။
႐ြာတြင္ အလယ္တန္းအဆင့္ထိစာသင္ ေက်ာင္းရွိေသာ္လည္း လူငယ္သုံးပုံတစ္ပုံမွာေက်ာင္းမေနၾကရ။ ေစာေစာစီးစီးလုပ္ငန္းခြင္ထဲ ဝင္ေရာက္လုပ္ကိုင္ေနၾကရသည္။ဦးေဆြသန္းထံတြင္ ႐ြာ၏လူဦးေရ၉၀ ရာခိုင္ႏႈန္းခန႔္အလုပ္လုပ္ေနၾကရာတြင္အသက္ ၁၈ ႏွစ္ေအာက္ေရလုပ္သား ငါးဆယ္ေက်ာ္ခန႔္လည္းဝင္ေရာက္လုပ္ကိုင္ေနၾကသည္ဟု ႐ြာသားကေျပာျပၾကသည္။
သူေဌးနားမွာ အလုပ္လုပ္ေနသူေတြက တစ္ေယာက္မွအေႂကြးမကင္းၾကဘူး။ အနိမ့္ဆုံးဆယ္သိန္းေလာက္ေတာ့အေႂကြးတင္ေနၾကတယ္ဟု ယင္း႐ြာေနထိုင္သူ အသက္ ၃၅ ႏွစ္ရွိအမည္မေဖာ္လို အမ်ိဳးသမီးတစ္ဦးကေျပာသည္။ အေႂကြးတင္ေနသူမ်ားကို သူေဌးက ရသည့္လစာထဲမွလစဥ္ႏုတ္ယူလ်က္ရွိၿပီး ယင္းလူမ်ားအား ရိကၡာ ပစၥည္းေရာင္းခ်ရာတြင္လည္းတစ္ေန႔ႏွစ္ေထာင္ငါးရာ တန္ဖိုးထက္ပိုေရာင္းေပးျခင္းမရွိဟု ၎တို႔ကဆိုသည္။
ယင္းအျပင္က်န္းမာေရးမေကာင္းသျဖင့္ အလုပ္မဆင္းႏိုင္လွ်င္လည္း ယင္းမိသားစုအား အလားတူတစ္ေန႔ႏွစ္ေထာင္ထက္ ပိုေရာင္းေပးေလ့မရွိဟု႐ြာသားမ်ားကေျပာျပသည္။လူမ်ားတဲ့ မိသားစုက ဘယ္လိုလုပ္ၿပီးစားေလာက္မလဲ။ဆန္တစ္ျပည္ပဲတစ္ေထာင္ေက်ာ္က်ေနၿပီဟု႐ြာေနအမ်ိဳးသမီးတစ္ဦးကေျပာသည္။
အိမ္ေထာင္ ဦးစီးတစ္ဦးေသလွ်င္ က်န္ရစ္မိသားစုက အေႂကြးေက်ေအာင္လုပ္ဆပ္ေနရၿပီး သူေဌးအေႂကြးသံသရာဝဲၾသဃအတြင္း သူတို႔ဘဝမ်ား ႐ုန္းထြက္လြတ္ေျမာက္ႏိုင္စြမ္းမရွိၾကေပ။အထက္ပါအေၾကာင္းရာမ်ားကို The Tanintharyi Weekly တနသၤာရီ ႏိုဝင္ဘာ၁၆ ႏိုဝင္ဘာ ၂၂၊ ၂၀၂၀၊ တနလၤာေန႔ထုတ္ ဂ်ာနယ္မွာအက်ဥ္းခ်ဳပ္ေဖာ္ျပခဲ့ပါသည္။
ထိုနည္းအတူ ၿမိတ္ခ႐ိုင္ ကြၽန္းစုၿမိဳ႕နယ္အတြင္း က်ားပါးစပ္တံငါလုပ္သား မ်ားဟာလည္း မိသားစုလိုက္အေႂကြးႏြံႏွစ္၍က်ားပါးစပ္လုပ္သားတိုင္းလိုလို သားသမီးမ်ားကိုပင္ေက်ာင္မထားႏိုင္တစ္ခ်ိဳ႕ကြၽန္းမ်ားမွာလည္းေက်ာင္းမ်ားမရွိၾက၍တစ္ခ်ိဳ႕ေသာက်ားပါးစပ္ရွိရာကြၽန္းမ်ားဟာလည္း က်ားပါးစပ္ သူေဌးစက္ေလွကလြဲ၍မည္သည့္ေလွတစ္စီးမွာလာေရာက္ျခင္းမရွိၾကပါေၾကာင္းထပ္ေလာင္း၍ေျပာျပလိုက္ပါရေစ။ ။
credit
Unicode
တစ်ရွာလုံးပိုက်ဆံကိုင်ခွင့်မရသည့် တနင်္သာရီတိုင်းက တံငါရွာလေးအကြောင်း
လူတစ်ဦး၊ မိသားစုတစ်စုတွင်မကတစ်ရွာလုံး ပိုက်ဆံမရှိဘဲ ရပ်တည်နေထိုင်သည့် ရွာတစ်ရွာမှာ တနင်္သာရီတိုင်းအတွင်းရှိနေသည်။
တနင်္သာရီတိုင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ ရေမြစ်ကြီးကျေးရွာအုပ်စုတွင် ယင်းရွာရှိနေသည်။ အမည်က (ဒုံးဆွေသန်းကျေးရွာ)ဒုံးကျွန်းအုပ်စုအတွင်း ဒုံးပုလဲအော်၊ ဒုံးညောင်မှိုင်း၊ ဒုံးဒဟွန်း စသည့်ကျေးရွာအမည်များရှိကြသည်ကို လူအများကသိကြသည်။
သို့သော်( ဒုံးဆွေသန်းကျေးရွာ) ဟု ရွာလေဆိပ်တွင်ဆိုင်းဘုတ်ကြီးတင်ထားသော်လည်း သူ့ရွာအမည်ကို လူအများသိပ်မကြားဖူးကြ။သည်ရွာကို ဦးဆွေသန်းဆိုသူကလွန်ခဲ့သည့်နှစ်ပေါင်းလေးဆယ်ကျော်ကတည်းက တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် အိမ်ခြေတစ်ရာနီးပါးပင်ရှိလာနေပြီဖြစ်သည်။
ယင်းရွာတွင် လက်ရှိနေထိုင်နေကြသူ တခြားဒေသများမှ လာရောက်လုပ်ကိုင်ပြီးအခြားဒေသများမှလာရောက်လုပ်ကိုင်ပြီး အခြေချနေထိုင်သူများဖြစ်ကြသည်။သို့သော် ဦးဆွေသန်းမှာ ဆုံးပါးသွားခဲ့ပြီ ဖြစ်သည်။ ၎င်းအစားသမီးဖြစ်သူက အဖေ၏ လုပ်ငန်းများအားဆက်လက်ဦးဆောင် လုပ်ကိုင်နေသည်။
ရွာရှိ ၁၂ နှစ်အရွယ် ယောက်ျားကလေးမှအစလုပ်နိုင်ကိုင်နိုင်သည့်အမျိုးသားအားလုံးမှာ ပင်လယ်ပြင်ထွက်၍ ငါးပုစွန်ဖမ်းကာ နေ့တဓူဝ လုပ်ကိုင်နေကြရသည်။သို့သော်လည်း ၎င်းတို့ နေပူမိုးရွာမရှောင် လုပ်ခဲ့ကြသည့် လုပ်အားခ ငွေကြေးတစ်ပြားတစ်ချပ်မှ မြင်ဖူးခြင်းမရှိကြ။
ယင်းအစား လိုအပ်သည့် ရိက္ခာ များကိုသာ သူတို့ရရှိကြသည်ပိုက်ဆံကိုတော့ဒီရွာမှာ ဘယ်သူမှမကိုင်ကြရဘူးဟု ယင်းရွာနေ အသက်(၄၅)နှစ်ခန့်ရှိသူ အမျိုးသားကပြောသည်။ရွာရှိပုစွန်ငါးဖမ်းပိုက်လှေ ၉၀ ရာခိုင်နှုန်းကို ဦးဆွေသန်း ဆိုသူကပိုင်ဆိုင်ထားပြီး ရွာသား (၉၀)ရာခိုင်နှုန်းသည်လည်း ၎င်းထံတွင်အလုပ်လုပ်နေကြရသည်။
အလုပ်သမားတစ်ဦး၏တစ်လ လုပ်အားခမှာလေးဆိုလျှင် ကျပ်သုံးသောင်းဝန်းကျင်နှင့် လူကြီးဆိုရင်ကျပ်တစ်သိန်းဝန်းကျင်ခန့်ရရှိကြသည်၊ သို့သော်ရရှိသည့် လုပ်အားခကိုမူငွေကြေးအဖြစ် သူဌေးကမည့်သည့်အခါကမှ ထုတ်ပေးခြင်းမရှိ။ငွေရှိပါကလည်း ဝယ်ခြမ်းစားသောက်စရာဈေးဆိုင်လက်ဖက်ရည်ဆိုင် အရက်ဆိုင် ကွမ်းယာဆိုင် ဟူ၍လည်းရွာတွင် မရှိ။ ဆိုင်ဆိုသည်ကနတ္ထိ။
ရွာသားများလိုအပ်သည့် ပစ္စည်း များ အားလုံးကိုဦးဆွေသန်းဆိုင်တစ်ခုတည်းတွင်သာ ရယူကြရသည်။ ဆိုင်ဆိုတာ သူတို့မထိုင်ဖူးကြသူကများတယ်။တခြားရွာရောက်လို့လည်းဆိုင်ထိုင်ဖို့သူတို့မှာ ပိုက်ဆံမှမရှိတာဟု ၄၅ နှစ်အရွယ်ရှိယင်းရွာသားတစ်ဦးက ပြောသည်။
ရွာတွင် အလယ်တန်းအဆင့်ထိစာသင် ကျောင်းရှိသော်လည်း လူငယ်သုံးပုံတစ်ပုံမှာကျောင်းမနေကြရ။ စောစောစီးစီးလုပ်ငန်းခွင်ထဲ ဝင်ရောက်လုပ်ကိုင်နေကြရသည်။ဦးဆွေသန်းထံတွင် ရွာ၏လူဦးရေ၉၀ ရာခိုင်နှုန်းခန့်အလုပ်လုပ်နေကြရာတွင်အသက် ၁၈ နှစ်အောက်ရေလုပ်သား ငါးဆယ်ကျော်ခန့်လည်းဝင်ရောက်လုပ်ကိုင်နေကြသည်ဟု ရွာသားကပြောပြကြသည်။
သူဌေးနားမှာ အလုပ်လုပ်နေသူတွေက တစ်ယောက်မှအကြွေးမကင်းကြဘူး။ အနိမ့်ဆုံးဆယ်သိန်းလောက်တော့အကြွေးတင်နေကြတယ်ဟု ယင်းရွာနေထိုင်သူ အသက် ၃၅ နှစ်ရှိအမည်မဖော်လို အမျိုးသမီးတစ်ဦးကပြောသည်။ အကြွေးတင်နေသူများကို သူဌေးက ရသည့်လစာထဲမှလစဉ်နုတ်ယူလျက်ရှိပြီး ယင်းလူများအား ရိက္ခာ ပစ္စည်းရောင်းချရာတွင်လည်းတစ်နေ့နှစ်ထောင်ငါးရာ တန်ဖိုးထက်ပိုရောင်းပေးခြင်းမရှိဟု ၎င်းတို့ကဆိုသည်။
ယင်းအပြင်ကျန်းမာရေးမကောင်းသဖြင့် အလုပ်မဆင်းနိုင်လျှင်လည်း ယင်းမိသားစုအား အလားတူတစ်နေ့နှစ်ထောင်ထက် ပိုရောင်းပေးလေ့မရှိဟုရွာသားများကပြောပြသည်။လူများတဲ့ မိသားစုက ဘယ်လိုလုပ်ပြီးစားလောက်မလဲ။ဆန်တစ်ပြည်ပဲတစ်ထောင်ကျော်ကျနေပြီဟုရွာနေအမျိုးသမီးတစ်ဦးကပြောသည်။
အိမ်ထောင် ဦးစီးတစ်ဦးသေလျှင် ကျန်ရစ်မိသားစုက အကြွေးကျေအောင်လုပ်ဆပ်နေရပြီး သူဌေးအကြွေးသံသရာဝဲသြဃအတွင်း သူတို့ဘဝများ ရုန်းထွက်လွတ်မြောက်နိုင်စွမ်းမရှိကြပေ။အထက်ပါအကြောင်းရာများကို The Tanintharyi Weekly တနင်္သာရီ နိုဝင်ဘာ၁၆ နိုဝင်ဘာ ၂၂၊ ၂၀၂၀၊ တနင်္လာနေ့ထုတ် ဂျာနယ်မှာအကျဉ်းချုပ်ဖော်ပြခဲ့ပါသည်။
ထိုနည်းအတူ မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်း ကျားပါးစပ်တံငါလုပ်သား များဟာလည်း မိသားစုလိုက်အကြွေးနွံနှစ်၍ကျားပါးစပ်လုပ်သားတိုင်းလိုလို သားသမီးများကိုပင်ကျောင်မထားနိုင်တစ်ချို့ကျွန်းများမှာလည်းကျောင်းများမရှိကြ၍တစ်ချို့သောကျားပါးစပ်ရှိရာကျွန်းများဟာလည်း ကျားပါးစပ် သူဌေးစက်လှေကလွဲ၍မည်သည့်လှေတစ်စီးမှာလာရောက်ခြင်းမရှိကြပါကြောင်းထပ်လောင်း၍ပြောပြလိုက်ပါရစေ။ ။
credit