ၾကားသိရသမွ်

သေးသွယ်လှပသော ခန္ဓာကိုယ်ကိုပိုင်ဆိုင်ချင်၍ အားကစားရုံသို့သွားပြီး အသင်အပြကောင်းသည့် Gymနည်းပြဆရာကို သီးသန့်ဌားခဲ့ရာမှ ဝိတ်ကမကျသွားပဲ ပိုတိုးလာခဲ့သည့်မိန်းကလေး

ဗီယက်နမ်နိုင်ငံမှ အသက်၂၅နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ကိုယ်အလေးချိန် လျှော့ချပြီး သေးသွယ်သောခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုတာကြောင့် အခြားသော သင်တန်းသူတွေထက် ပိုပြီးတော့ငွေကြေးကုန်ကျခံကာ သူမအတွက် သီးသန့်နည်းပြပေးမည့် Gymသင်တန်းဆရာကို ဌားရမ်းခဲ့သည်။

မိန်းကလေးသည် Gymနည်းပြဆရာနဲ့အတူ အချိန်ပြည့်အနီးကပ် သင်ကြားခွင့်ရခဲ့ရာ ရင်ခုန်သံတွေမြန်လွန်းပြီး အားကစားရုံသို့ Gymလာကစားတာ တစ်လမပြည့်သေးပဲ နည်းပြဆရာနဲ့ ချစ်သူတွေဖြစ်သွားခဲ့ကြသည်။

နောက်ဆုံးတွင် မိန်းကလေးသည် အားကစားသာလုပ်နေပေမယ့် ကိုယ်အလေးချိန်မကျလာပဲ Gymနည်းပြဆရာနဲ့ တရားဝင်လက်ထပ်ဖြစ်ခဲ့ပြီး ကိုယ်ဝန်ပါဆောင်ထားရ၍ ကိုယ်အလေးချိန်ကပိုတိုးလာခဲ့တာကြောင့် ရည်းစားမရှိသေးသည့် သူမရဲ့သူငယ်ချင်းများကပင် အားကစားရုံသို့ နေ့တိုင်းသွားတော့မည်ဟု စနောက်ခဲ့ကြသည်။

Rain (For Ialinks)


