နောက် ၂၄ နာရီ မှ ၄၈ နာရီအတွင်း မိုးကြီးရေလျှံ ရာသီဥတုဆိုးရွားနိုင်သော ဒေသများ
၂၀၂၂ ခုနှစ် ဇွန်လ ၇ ရက်နေ့ မိုးလေဝသဆရာမလေး စုစုစံရဲ့ ထုတ်ပြန်ချက်အရ နောက် ၂၄ နာရီ မှ ၄၈ နာရီအတွင်း မိုးကြီးရေလျှံ ရာသီဥတုဆိုးရွားနိုင်သောဒေသများအတွက် သတိပြုနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။
ထုတ်ပြန်ချက်မှာ ”မိုးကြီးရေလျှံသတိ။ 07/06/2022 6:30PM အချန်မှ နောက် ၂၄နာရီ မှ ၄၈နာရီအတွင်း ကျိန္တလိ ငပလီ သံတွဲ တောင်ကုတ် အမ်း မိုးကြီးရေလျှံနိုင်ပါတယ် 08/06/2022 ရက်နေ့ သံတွဲလေဆိပ် ရာသီဥတုဆိုးရွားနိုင်ပါတယ်။

ဇွန်လ ၈ရက်နေ့ ၉ရက်နေ့ ကျောက်ဆည်ခရိုင် စစ်ကိုင်းခရိုင် မန္တလေးခရိုင် ပြင်ဦးလွင်ခရိုင် မိုးတွေရွာနိုင်ပါတယ်။
၂၀၂၂ ဇွန်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း ကချင်ပြည်နယ်တွင် မိုးများစွာရွာသွန်းနိုင်ပြီးကချင်ပြည်နယ်အထက်ပိုင်း ပူတာအိုခရိုင် ဖုန်ကန်ရာဇီ ဂန်လန်ရာဇီတောင်တန်းများပေါ်တွင် စုစုပေါင်းမိုးရေချိန် ၃၀လက်မကျော်ရွာသွန်းနိုင်သဖြင့် ဧရာဝတီမြစ်အထက်ပိုင်းစိုးရိမ်ရေမှတ်များကိုရောက်ရှိလာနိုင်ပါသဖြင့် မြစ်ရေသတိထားရပါမယ်။
07/06/2022 at 3:30PM အချိန်မှ ၂၄ နာရီအတွင်း ဟင်္သာတ သာရဝေါ ကနောင် ထိန်တော မိုးညို သာယာဝတီ လက်ပံတန်း စစ်ကွင်း အိုးသည်ကုန်း မင်းလှ အုတ်ဖို ကြို့ပင်ကောက် ဇီးကုန်းနတ္တလင်း ပေါင်းတည် ပုတီးကုန်း သဲကုန်း အင်းမ ရွှေတောင် ပြည် ပန်းတောင်း ဆင်တဲ ကံမ သရက် အောင်လံ ဒေသများတွင် မိုးရွာနိုင်ပါတယ်။

မုဒုံ မော်လမြိုင် ရွာလွတ် ဘီလူးကျွန်း ချောင်းဆုံ မုတ္တမ ဝါကပိုက် ပေါင် ဇင်းကျိုက် သထုံ တောင်စွန်း ဘီးလင်း ကျိုက်ထို ဒေသများတွင် မိုးကြီးရေလျှံနိုင်ပါတယ်။
နောက် ၂၄ နာရီအတွင်း ပုသိမ်ခရိုင် မြောင်းမြခရိုင် မအူပင်ခရိုင် ဘိုကလေးခရိုင် မိုးများစွာရွာသွန်းနိုင်ပြီး ဟိုင်းကြီးကျွန်း ချောင်းဝမော်တင် ဂေါ်ရင်ဂျီကျွန်း ငပုတော ငရုတ်ကောင်း ချောင်းသာ ငွေဆောင် ရွှေသောင်ယံ မိုးကြီးလေထန်နိုင်ပါတယ်။
07/06/2022 at 12:30 PM အချိန်မှ ၂၄ နာရီအတွင်း ဂွ ကျိန္တလိ ငပလီ သံတွဲ တောင်ကုတ် အမ်း ငဖဲ ပဒါန်း မင်းတုန်း အောင်လံ သရက် ကံမ ဆင်တဲ ပြည် ရွှေတောင် ပေါင်းတည် နတ္တလင်း ထိန်တော မြန်အောင် ကြံခင်း ဘက်ရဲ ဒေသများတွင် မိုးများစွာရွာသွန်းနိုင်ပါတယ်။ ငပလီ သံတွဲ ကျိန္တလိ မိုးကြီးရေလျှံသတိပြုကြပါ” ဆိုပြီး သတိပေးထုတ်ပြန်ပေးထားပါတယ်။
Source:Su Su San
zawgyi,
ေနာက္ ၂၄ နာရီ မွ ၄၈ နာရီအတြင္း မိုးႀကီးေရလွ်ံ ရာသီဥတုဆိုး႐ြားႏိုင္ေသာ ေဒသမ်ား
၂၀၂၂ ခုႏွစ္ ဇြန္လ ၇ ရက္ေန႔ မိုးေလဝသဆရာမေလး စုစုစံရဲ႕ ထုတ္ျပန္ခ်က္အရ ေနာက္ ၂၄ နာရီ မွ ၄၈ နာရီအတြင္း မိုးႀကီးေရလွ်ံ ရာသီဥတုဆိုး႐ြားႏိုင္ေသာေဒသမ်ားအတြက္ သတိျပဳႏိုင္ရန္ ေဖာ္ျပေပးလိုက္ပါတယ္။
ထုတ္ျပန္ခ်က္မွာ ”မိုးႀကီးေရလွ်ံသတိ။ 07/06/2022 6:30PM အခ်န္မွ ေနာက္ ၂၄နာရီ မွ ၄၈နာရီအတြင္း က်ိႏၲလိ ငပလီ သံတြဲ ေတာင္ကုတ္ အမ္း မိုးႀကီးေရလွ်ံႏိုင္ပါတယ္ 08/06/2022 ရက္ေန႔ သံတြဲေလဆိပ္ ရာသီဥတုဆိုး႐ြားႏိုင္ပါတယ္။
ဇြန္လ ၈ရက္ေန႔ ၉ရက္ေန႔ ေက်ာက္ဆည္ခ႐ိုင္ စစ္ကိုင္းခ႐ိုင္ မႏၲေလးခ႐ိုင္ ျပင္ဦးလြင္ခ႐ိုင္ မိုးေတြ႐ြာႏိုင္ပါတယ္။
၂၀၂၂ ဇြန္လ ၈ ရက္ေန႔မွ ၁၄ ရက္ေန႔အတြင္း ကခ်င္ျပည္နယ္တြင္ မိုးမ်ားစြာ႐ြာသြန္းႏိုင္ၿပီးကခ်င္ျပည္နယ္အထက္ပိုင္း ပူတာအိုခ႐ိုင္ ဖုန္ကန္ရာဇီ ဂန္လန္ရာဇီေတာင္တန္းမ်ားေပၚတြင္ စုစုေပါင္းမိုးေရခ်ိန္ ၃၀လက္မေက်ာ္႐ြာသြန္းႏိုင္သျဖင့္ ဧရာဝတီျမစ္အထက္ပိုင္းစိုးရိမ္ေရမွတ္မ်ားကိုေရာက္ရွိလာႏိုင္ပါသျဖင့္ ျမစ္ေရသတိထားရပါမယ္။
07/06/2022 at 3:30PM အခ်ိန္မွ ၂၄ နာရီအတြင္း ဟသၤာတ သာရေဝါ ကေနာင္ ထိန္ေတာ မိုးညိဳ သာယာဝတီ လက္ပံတန္း စစ္ကြင္း အိုးသည္ကုန္း မင္းလွ အုတ္ဖို ႀကိဳ႕ပင္ေကာက္ ဇီးကုန္းနတၱလင္း ေပါင္းတည္ ပုတီးကုန္း သဲကုန္း အင္းမ ေ႐ႊေတာင္ ျပည္ ပန္းေတာင္း ဆင္တဲ ကံမ သရက္ ေအာင္လံ ေဒသမ်ားတြင္ မိုး႐ြာႏိုင္ပါတယ္။
မုဒုံ ေမာ္လၿမိဳင္ ႐ြာလြတ္ ဘီလူးကြၽန္း ေခ်ာင္းဆုံ မုတၱမ ဝါကပိုက္ ေပါင္ ဇင္းက်ိဳက္ သထုံ ေတာင္စြန္း ဘီးလင္း က်ိဳက္ထို ေဒသမ်ားတြင္ မိုးႀကီးေရလွ်ံႏိုင္ပါတယ္။
ေနာက္ ၂၄ နာရီအတြင္း ပုသိမ္ခ႐ိုင္ ေျမာင္းျမခ႐ိုင္ မအူပင္ခ႐ိုင္ ဘိုကေလးခ႐ိုင္ မိုးမ်ားစြာ႐ြာသြန္းႏိုင္ၿပီး ဟိုင္းႀကီးကြၽန္း ေခ်ာင္းဝေမာ္တင္ ေဂၚရင္ဂ်ီကြၽန္း ငပုေတာ င႐ုတ္ေကာင္း ေခ်ာင္းသာ ေငြေဆာင္ ေ႐ႊေသာင္ယံ မိုးႀကီးေလထန္ႏိုင္ပါတယ္။
07/06/2022 at 12:30 PM အခ်ိန္မွ ၂၄ နာရီအတြင္း ဂြ က်ိႏၲလိ ငပလီ သံတြဲ ေတာင္ကုတ္ အမ္း ငဖဲ ပဒါန္း မင္းတုန္း ေအာင္လံ သရက္ ကံမ ဆင္တဲ ျပည္ ေ႐ႊေတာင္ ေပါင္းတည္ နတၱလင္း ထိန္ေတာ ျမန္ေအာင္ ႀကံခင္း ဘက္ရဲ ေဒသမ်ားတြင္ မိုးမ်ားစြာ႐ြာသြန္းႏိုင္ပါတယ္။ ငပလီ သံတြဲ က်ိႏၲလိ မိုးႀကီးေရလွ်ံသတိျပဳၾကပါ” ဆိုၿပီး သတိေပးထုတ္ျပန္ေပးထားပါတယ္။
Source:Su Su San



